Tesla စတော့ ဈေးနှုန်း ကျဆင်းမှုကြောင့် ၂ လအတွင်း ဒေါ်လာ ၁၀၂ ဘီလီယမ် ဆုံးရှုံးသွားတဲ့ Elon Musk

0
62

Tesla စတော့ ဈေးနှုန်း ကျဆင်းမှုကြောင့် Elon Musk ဟာ ဒီနှစ်အတွင်း ဒေါ်လာ ၁၀၂ ဘီလီယမ် ဆုံးရှုံးသွားပါတယ်။ ဒါပေမယ့်လည်း သူဟာ ကမ္ဘာ့ အချမ်းသာဆုံး နေရာကို ဆက်လက် ပိုင်ဆိုင်ထားပါတယ်။

Bloomberg ရဲ့ ဘီလီယမ်နာ အညွှန်းကိန်း အရ Musk ရဲ့ ပိုင်ဆိုင်မှုဟာ ၁၀ ပတ်အတွင်း ၂၄ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဒေါ်လာ ၃၃၀ ဘီလီယမ် ပိုင်ဆိုင်ထားပါတယ်။ Tesla စတော့ဈေးနှုန်း ကျဆင်းမှုဟာ အဓိက အချက် ဖြစ်ပါတယ်။

Tesla စတော့ဈေးနှုန်းဟာ ဒီနှစ်မှာ ၃၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး ရှယ်ယာ တစ်ခုဟာ ၄၀၄ ဒေါ်လာ ကနေ ၂၆၃ ဒေါ်လာကို ကျဆင်းသွားပါတယ်။ Tesla ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၄၀၀ ဘီလီယမ် ကျဆင်းသွားပါတယ်။

ဒီလို ကျဆင်းရတဲ့ အဓိက အကြောင်းတစ်ချက်က Musk ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုကြောင့်ဖြစ်ပါတယ်။ သူဟာ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲမှာ ဒေါ်လာ သန်း ၂၅၀ ကျော် လှူဒါန်းခဲ့ပါတယ်။ သူဟာ ထရမ့်ကို အားပေးထောက်ခံဖို့လည်း စည်းရုံးနေပါတယ်။ ဒါကို ရင်းနှီးမြှပ်နှံသူများစွာက မနှစ်သက်တဲ့အတွက် Tesla စတော့ဈေးနှုန်း ကျဆင်းရတာ ဖြစ်ပါတယ်။

Musk ဟာ အမေရိကန် အစိုးရရဲ့ အသုံးစားရိတ် လျှော့ချတဲ့ ဌာနကို ဦးဆောင်နေပြီး ရင်းနှီးမြှပ်နှံသူတွေက Musk ဟာ Tesla ကို မဦးဆောင်နိုင်တော့မှာကို စိုးရိမ်နေကြပါတယ်။ နိုင်ငံများစွာမှာ Tesla ရောင်းအားကျနေတာဟာလည်း စိုးရိမ်စရာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here