လူသား ဦးနှောက် ဆဲလ်တွေ ပါတဲ့ ကမ္ဘာ့ ပထမဆုံး သက်ရှိ ကွန်ပြူတာ

0
63

ဩစတြေးလျ ဇီဝ နည်းပညာ ကုမ္ပဏီ Cortical Labs က လူသား ဦးနှောက် ဆဲလ်တွေနဲ့ သမားရိုးကျ Silicon Computing ကို ပေါင်းစပ်ထားတဲ့ ကမ္ဘာ့ ပထမဆုံး သက်ရှိ ကွန်ပြူတာကို ပြသလိုက်ပါတယ်။ CL1 လို့ အမည်ပေးထားပြီး ဓါတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ လူသား Neurons တွေကို Silicon Chip ပေါ်မှာ ထည့်သွင်းထားပါတယ်။အဲဒီ Neurons တွေဟာ လျှပ်စစ်လှိုင်းတွေကို တုန့်ပြန်နိုင်ပါတယ်။

လျှပ်စစ်လှိုင်းတွေက Neurons တွေကို လှုံ့ဆော်ပေးပြီး အပြန်အလှန် ဆက်သွယ်နိုင်ပါတယ်။ Neurons တွေ အသက်ရှင်နိုင်ဖို့ CL1 မှာ Life Support System ထည့်သွင်းထားပြီး အပူချိန် ၊ Gas နဲ့ တခြားလိုအပ်တဲ့ အခြေအနေတွေကို ထိန်းညှိပေးပါတယ်။CL1: The First Biological Computer Powered by Human Brain Cells! | YourStoryCL1 ဟာ အလုပ်တွေကို လေ့လာသင်ကြာနိုင်ပြီး တွက်ချက်ပေးနိုင်ပါတယ်။ အရင်က သုတေသနတွေအရ Neuron အခြေပြု System တွေဟာ ရိုးရှင်းတဲ့ ဗီဒီယို ဂိမ်းတွေကို ကစားတာလို အခြေခံ အလုပ်တွေကို ပြုလုပ်နိုင်အောင် လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်။

Cortical Labs က CL1 ကွန်ပြူတာကို ဇွန်လမှာ ရောင်းချမှာ ဖြစ်ပြီး ဒေါ်လာ ၃၅,၀၀၀ တန်ကြေး ရှိတယ်လို့ ပြောပါတယ်။ CL1 ဟာ သမားရိုးကျ AI Models တွေထက် ပိုအစွမ်းထက်ပြီး စွမ်းအင် သုံးစွဲမှု နည်းပါးပါတယ်။ အဲဒီ ကွန်ပြူတာဟာ စက်ရုပ်၊ Automation နဲ့ ရှုပ်ထွေးတဲ့ ဒေတာ လေ့လာဆန်းစစ်မှုတွေမှာ တိုးတက်စေမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here