ထိပ်တန်းမင်းသမီးတွေကိုတောင် ကျော်တက်ပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရသွားခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ဘောလိဝုဒ်မင်းသမီး

0
65

အသက် ၁၇ နှစ်အရွယ် ဘောလိဝုဒ်မင်းသမီး နီတန်ရှီ ဂိုရယ် ဟာ IIFA Awards 2025 မှာ အကောင်းဆုအမျိုးသမီးဇာတ်ဆောင်ဆုစာရင်းမှာ ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ ယာမီ ဂူတမ်၊ ကက်ထရီနာ ကဖ်၊ အလီယာဘတ်တို့နဲ့အတူ ဆန်ကာတင်စာရင်းဝင်ပြီးတော့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

နီတန်ရှီက ဒါရိုက်တာ ကီရန် ရာအိုရိုက်ကူးတဲ့ ‘Laapataa Ladies’ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့တာပါ။ သူ ဒီဆုကို လက်ခံတော့ ဝမ်းသာပီတိမျက်ရည်တွေဝဲနေခဲ့ပါတယ်။ ဒီဇာတ်ကားရိုက်ကူးခဲ့တဲ့တစ်လျှောက်လုံးမှာ သူ့ကို ပံ့ပိုးကူညီပေးခဲ့တဲ့ ရုပ်ရှင်အဖွဲ့သားနဲ့ သူ့မိဘတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

“အခုလို မမျှော်လင့်မိခဲ့ဘူး။ ‘Laapataa Ladies’ က ဆုပေးပွဲမှာ ဆုကြီးဆွတ်ခူးဖို့ မျှော်လင့်ခဲ့ပေမဲ့ ကျွန်မကိုယ်တိုင် အကောင်းဆုံးအမျိုးသမီးဆုရရှိမယ်လို့ မတွေးမိခဲ့ဘူး။ အခြားဆန်ကာတင်စာရင်းဝင်တွေက မယုံနိုင်လောက်အောင်တော်ကြတဲ့သူတွေဖြစ်ပြီး ကျွန်မက သူတို့ရဲ့အမာခံပရိသတ်တစ်ယောက်လည်းဖြစ်ပါတယ်။ ကျွန်မ လက်ခံရရှိခဲ့တဲ့ချစ်ခြင်းမေတ္တာတွေအတွက် အထူးပဲကျေးဇူးတင်ရပါတယ်”လို့ နီတန်ရှီက မီဒီယာတွေကို ဖြေကြားသွားခဲ့ပါတယ်။

နီတန်ရှီ အခုလိုဆုကြီးဆွတ်ခူးသွားခဲ့တာက သူ့အနုပညာလမ်းကြောင်းမှာ အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး သူဟာ IIFA Awards မှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့တဲ့ ဘောလိဝုဒ်ရဲ့အငယ်ဆုံးမင်းသမီးတွေထဲ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here