Home Lifestyle အနှစ် ၂၀ ကျော် လေ့ကျင့်မှုတွေပြုလုပ်ပြီးနောက် ကိုယ်ကာယပြိုင်ပွဲမှာ အနိုင်ရသွားခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး

အနှစ် ၂၀ ကျော် လေ့ကျင့်မှုတွေပြုလုပ်ပြီးနောက် ကိုယ်ကာယပြိုင်ပွဲမှာ အနိုင်ရသွားခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး

0
55

တရုတ်နိုင်ငံက အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဟာ ကိုယ်ကာယပြိုင်ပွဲမှာ အသက်ငယ်ရွယ်တဲ့ အခြားပြိုင်ပွဲဝင်တွေကိုကျော်ပြီး အနိုင်ရသွားခဲ့ပါတယ်။ အနိုင်ရရှိဖို့က အသက်အရွယ်ဟာ အတားအဆီးအဟန့်အတားမဟုတ်ဘူးဆိုတာကို သက်သေပြသွားခဲ့တာပါ။

ဝမ်ကျန်ရုံဆိုတဲ့ အဲ့ဒီအမျိုးသမီးက သူ့ထက် အသက်ထက်ဝက်ငယ်တဲ့သူတွေနဲ့ ယှဉ်နိုင်မယ့် ကိုယ်လုံးကိုယ်ထည်ဖြစ်ဖို့ နှစ် ၂၀ ကျော် လေ့ကျင့်ခဲ့ရတာပါ။ သူဟာ ကိုယ်နေဟန်ထားမှန်ဖို့နဲ့ ကြွက်သားထိခိုက်နာကျင်မှုတွေမဖြစ်ဖို့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေလုပ်ခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ ဘဝတစ်သက်တာဝါသနာဖြစ်လာခဲ့ပါတယ်။

တစ်ပတ်မှာ အနည်းဆုံး ၆ ရက် လေ့ကျင့်ပါတယ်။ ၁၂၇ ကီလိုဂရမ် အလေးမတာ၊ ထိုင်ထလုပ်တာစတဲ့ လေ့ကျင့်မှုလုပ်ခဲ့တာပါ။ ပြိုင်ပွဲအနိုင်ရသွားတော့ သူ့ကို Muscle Grandma ဆိုတဲ့ နာမည်ပြောင်ပေးခဲ့ကြပါတယ်။

သူ့ရဲ့အောင်မြင်မှုက အသက်အရွယ်ကြီးရင့်မှုနဲ့ပတ်သက်တဲ့လူမှုအဖွဲ့အစည်းပုံစံတွေကို စိန်ခေါ်ကာ သက်လတ်ပိုင်းအမျိုးသမီးတွေကို ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကိုလိုက်စားအောင် လှုံ့ဆော်မှုဖြစ်ဖို့ မျှော်လင့်နေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here