Microsoft က မြန်မာ ငလျင်ဘေး ကယ်ဆယ်ရေးအတွက် AI နဲ့ ဂြိုလ်တု ဓါတ်ပုံတွေကို အသုံးပြု

0
42

Microsoft က ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ မန္တလေးမှာ ထိခိုက်ပျက်ဆီးမှုတွေကို တွက်ချက်ဖို့ AI နဲ့ ဂြိုလ်တုဓါတ်ပုံတွေကို အသုံးပြုနေပါတယ်။

Microsoft's AI-assisted damage assessment is playing a pivotal role in the aftermath of the Myanmar earthquake | Fortune

AI နည်းပညာနဲ့ ပေါင်းစပ်ကာ ဓါတ်ပုံတွေ ဖမ်းယူဖို့ ဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေက အဆောက်အဦးဘယ်လောက်များများ ပြိုကျနေသလဲ၊ ကြီးကြီးမားမား ပျက်ဆီးတဲ့ အဆောက်အဦး ဘယ်လောက်ရှိသလဲ၊ ကယ်ဆယ်ရေး ဘယ်နေရာတွေမှာလိုအပ်နေသလဲဆိုတာကို လျှင်လျှင်မြန်မြန် သိရှိနိုင်အောင် ဖြစ်ပါတယ်။

Myanmar Earthquake, Mandalay March, 2025 damage visualizer | Will Marshall

ဖမ်းယူရရှိတဲ့ ဂြိုလ်တု ဓါတ်ပုံတွေကို Microsoft ရဲ့ AI for Good Lab ကို ပေးပို့ခဲ့ပြီး ခွဲခြမ်းစိတ်ဖြာမှုတွေပြုလုပ်ခဲ့ပါတယ်။ AI က မန္တလေးမှာ အဆောက်အဦး ၅၁၅ လုံးဟာ ၈၀ ကနေ ၁၀၀ ရာခိုင်နှုန်း ပျက်ဆီးပြီး ၁,၅၂၄ လုံးဟာ ၂၀ ကနေ ၈၀ ရာခိုင်နှုန်း ပျက်ဆီးတယ်လို့ အဖြေထုတ်ပေးခဲ့ပါတယ်။

AI for Good Lab ဟာ အရင်ကလည်း ထိခိုက်ပျက်ဆီးမှုတွေကို AI နဲ့ တွက်ချက်ပေးခဲ့ဖူးပါတယ်။ ၂၀၂၃ ခုနှစ်မှာ လစ်ဗျား ရေကြီးမှုမှာ တွက်ချက်ပေးခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here