Detox လုပ်ပြီး ပိန်သွားတယ်၊ နေရတာ ပေါ့သွားတယ်လို့ ထင်ရတာ ဘာကြောင့်လဲ

0
43

Detoxလုပ်လိုက်တာ planလည်း ပြီးရော ဗိုက်ချပ်သွားတယ်တို့၊ ဘယ်နှပေါင်ကျသွားတယ်တို့ ပြောတာ ကြားဖူးမှာပါ၊၊ ဒါက အဆီကျသွားတာ မဟုတ်ပါဘူး၊၊ ရေဝိတ်ကျသွားတာပါ၊၊ ဒါ့ပြင် နေ့စဉ်အသီးအရွက်တွေပဲ စားတဲ့အခါကျတော့ ဝမ်းမှန်ပြီး နေရတာ ပေါ့လာတာပဲ ဖြစ်ပါတယ်၊၊နေ့စဉ် အာဟာရမဖြစ်တဲ့ အဆီအစိမ့်တွေ၊ အချိုကဲတာတွေပဲ စားနေရာကနေ အသီးအရွက်စား၊ ရေများများသောက်တာ ဒါမှမဟုတ် ဘာမှမစားဘဲ နေလိုက်တဲ့အခါကျတော့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်၊ ရေဓာတ်တွေရပြီး နေလို့ကောင်းလာတာပဲ ဖြစ်ပါတယ်၊၊ ပုံမှန်ဆို အသီးအရွက်စားတာရော၊ ရေသောက်တာရော နည်းကြတာကိုး၊၊ ရေဆာလည်း အချိုရည်ပဲ သောက်ကြတယ်လေ၊၊

နောက်တစ်ခုက စိတ်ကြောင့်ပါ၊၊ ကျန်းမာရေးနဲ့ ညီညွတ်တာပဲ စားနေတာ၊ နေလို့ကောင်းတော့မှာဆိုပြီး ယူဆတဲ့အတွက် စိတ်ဖိစီးတာတွေလည်း သက်သာပြီး နေလို့ထိုင်လို့ ကောင်းတာပဲ ဖြစ်ပါတယ်၊၊

ဒါပေမယ့် ဒါတွေက ယာယီပဲ ဆိုတာ သိထားဖို့ လိုပါတယ်၊၊ Planရပ်ပြီး ပုံမှန်အတိုင်း ပြန်စားတဲ့အခါမှာ နဂိုအတိုင်း ဖြစ်သွားနိုင်ပါတယ်၊၊

ဒါဆို Detoxကို ရေရှည်စွဲလုပ်လို့ မရဘူးလား၊၊

Detoxက Balanced diet မျှတတဲ့ အာဟာရမဟုတ်ပါဘူး၊၊ ဆိုလိုတာက  Detoxပဲ ရေရှည်လုပ်မယ်ဆိုရင် အာဟာရချို့တဲ့လာမှာပါ၊၊ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီတွေ၊ အသားဓာတ်တွေကို လုံလုံလောက်လောက် ရမှာ မဟုတ်ပါဘူး၊၊ ဒါ့ပြင် အသီးအရွက်တွေပဲ စားတဲ့အတွက် လေပွတာ၊ အစာမကြေတာလိုမျိုး အူလမ်းကြောင်း ပြဿနာတွေ ခံစားရတတ်ပါတယ်၊၊ဝမ်းချူပြီး အူလမ်းကြောင်း သန့်တဲ့ နည်းဆိုရင် ရေဓာတ်ဆုံးရှုံးမှု များတာကြောင့် နေထိုင်မကောင်း ဖြစ်တတ်ပါတယ်၊၊ဒါကြောင့် Detox  planတွေကို ရက်ပိုင်း ဒါမှမဟုတ် တစ်လလောက်ပဲ ဆွဲကြတာပါ၊၊

LEAVE A REPLY

Please enter your comment!
Please enter your name here