Gym ကစားရာမှာ ရလဒ်ကောင်းရဖို့အတွက် ရှောင်လွှဲသင့်တဲ့ အမှားတွေ

0
29
A beautiful sportswoman doing exercises with kettlebells at the gym.

နေ့တိုင်း နီးပါး Gym သွားကစားပေမယ့် မှန်ကို ကြည့်လို့ ကိုယ့်ကိုယ်ကိုယ် တိုးတက်မှု မရှိတာ တွေ့ရရင် ပြောင်းဖို့ ပြင်ဖို့ လိုနေပြီ ဖြစ်ပါတယ်။

ခွန်အားသုံးပြီး လုပ်ရတဲ့ အလုပ်ပဲ ဖြစ်ဖြစ် ဦးနှောက်သုံး လုပ်ရတဲ့ အလုပ်ပဲ ဖြစ်ဖြစ် ဘယ်အလုပ် လုပ်လုပ် Work Smart ဖြစ်မှသာ ထိရောက်တဲ့ ရလဒ်တွေ ထွက်လာမှာပါ။

Gym ကစားရာမှာ ရလဒ်ကောင်းရဖို့အတွက် ရှောင်လွှဲသင့်တဲ့ အမှားတွေအကြောင်းလည်း ပြောပြချင်ပါတယ်။

(၁) ချက်ချင်းဆိုသလို ပုံစံပြောင်းမယ်လို့ ထင်နေတာ

လူအများစုဟာ Gym တစ်လလောက် ကစားလိုက်ရင် ကိုယ်လိုချင်တဲ့ ဘော်ဒီပုံစံ ရတော့မှာပဲလို့ ထင်မှတ်ထားကြပါတယ်။ Fitness ပိုင်း လိုက်စားတာဟာ ရေရှည်ခရီး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ရေတိုတစ်လလောက် ကစားပြီး အကြီးကြီး မျှော်လင့်ထားတာတွေ ရပ်တန့်ဖို့ ပြောချင်ပါတယ်။

(၂) သွေးပူလေ့ကျင့်ခန်း စနစ်တကျ မလုပ်တာ

Warm-Up ကစားတာဟာ လူ့ခန္ဓာကိုယ်ကို နှိုးလိုက်တာပါပဲ။ ကိုယ်တွင်းက သွေးလည်ပတ်မှု နဲ့ နှလုံးခုန်နှုန်းကို သွေးပူလေ့ကျင့်ခန်းတွေက မြှင့်တင်ပေးပါတယ်။ အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် လှုပ်ရှားမှု ပိုလို့ ထိရောက်လာနိုင်သလို ထိခိုက်ဒဏ်ရာရမှုလည်း လျော့ကျစေပါတယ်။

(၃) အကြိမ်ရေ မှန်မှန်ကန်ကန် မရွေးမိတာ

အားကစား Workout တွေဟာ အမျိုးအစားအလိုက် သူ့အကျော့ သူ့အကြိမ်ရေနဲ့သူ ဆော့ရမယ့် သတ်မှတ်ချက်တွေ ရှိပါတယ်။ Muscle Mass တက်ဖို့ဆို ပုံမှန်အားဖြင့် ၈ ကြိမ် ကနေ ၁၂ ကြိမ်အတွင်း ကစားတာ အကောင်းဆုံးပါပဲ။

ကြွက်သားကြံ့ခိုင်ဖို့နဲ့ သန်စွမ်းမှုဘက်ကို လိုက်စားချင်တယ်ဆိုရင် အားကစားတစ်ခုချင်းကို ၁၅ ကြိမ်ကနေ အကြိမ် ၂၀ အတွင်း ကစားနိုင်ပါတယ်။

(၄) Fitness / Strength တိုးတက်ဖို့ ကစားတဲ့ပုံစံ မပြောင်းဖြစ်တာ

ကိုယ့်ဘော်ဒီပုံစံ နဲ့ Performance ပိုင်း ပြောင်းလဲဖို့ဆိုရင် တိုးတက်မှုပေါ်လိုက်ပြီး ကစားတဲ့ အလေ့အထပုံစံ ပြောင်းလဲဖို့ လိုပါတယ်။ ကစားပုံနဲ့ ကစားတဲ့ အလေ့အထ ပြောင်းဖို့အတွက် Fitness Trainer တစ်ယောက် ရဲ့ အကူအညီကို ရယူဖို့ လိုပါတယ်။

Fitness Trainer တွေဟာ ဘယ်အချိန် အနားယူရမယ် ၊ ဘယ်အချိန်မှာ ကိုယ့်ကိုယ်ကို Recover ဖြစ်အောင် လုပ်ရမယ်ဆိုတာ ကူညီပေးသွားမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here