ရွာငံမြို့က Marigold ပန်းခင်း

0
47

ပန်းခင်းကြီးထဲမှာ ပုံရိုက်ချင်တဲ့သူတွေရယ် ပန်းချစ်တဲ့သူတွေရယ် အတွက် ရွာငံမြို့မှာရှိတဲ့ လှပလွန်းတဲ့ Marigold ပန်းခင်း ကြီးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။

ရွာငံဘက် ခရီးထွက်ဖြစ်တဲ့အခါ မတော်တဆပဲဖြစ်ဖြစ်ရောက်ခဲ့တဲ့အခါ Marigold ပန်းခင်းကြီးထဲ သွားရောက်လည်ပတ်ခဲ့ပါနော်။

ပန်းခင်းကြီးရဲ့အလှတရားရယ် ပန်းတွေရဲ့ရနံ့တွေရယ်နဲ့ စိတ်ကိုအေးမြလန်းဆန်းသွားစေမှာ အမှန်ပါပဲ။

ရွာငံရေပြာအိုင်နားမှာရှိပြီး အရမ်းကိုလှလွန်းလို့ ပန်းချစ်တဲ့သူဆိုရင် လုံးဝသဘောကျစေမယ့်ပန်းခင်းကြီးပဲဖြစ်ပါတယ်။

ဝင်ကြေးအနေနဲ့ တစ်ဦးလျှင် ၁၀၀၀ကျပ်နှုန်းတော့ ပေးရပါတယ်။

ဘယ်လိုသွားရဦးမလဲ လမ်းညွှန်ပေးပါဦးဆိုရင်တော့ ရေပြာအိုင် ဆိုင်တန်း အနီးက စာသင်ကျောင်း အရှေ့ဘက်လမ်းကနေ ပြီးတော့  အနောက်ဘက်ကိုသွားရင် ၃ မိနစ်လောက်ဆိုရောက်ပါပီနော်။

လမ်းညွှန်မြှားတွေလည်း တပ်ထားပေးတာဖြစ်လို့ အလွယ်တကူသွားလို့ရပါတယ်။

ပန်းခြံဖွင့်ချိန်က နံနက် ၉နာရီ မှ ညနေ ၆နာရီအထိဖြစ်ပါတယ်၊ ပန်းခူးလို့မရတာဖြစ်လို့ ပန်းမခူးကြဖို့ နှင့် အမှိုက်မပစ်ကြဖို့ တော့ လိုပါတယ်။

ပန်းအကြောင်းနဲ့ စိုက်ပျိုးနည်းတွေ သိချင်တာရှိရင်လဲ ခြံပိုင်ရှင်ကိုမေးမြန်းလို့ရ‌ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here