အသားအရေလှပစေဖို့ မနက်တိုင်းစားပေးသင့်သောအစားအစာများ

0
51

အလှကုန်ပစ္စည်းကောင်းတွေသုံးခြင်းကြောင့် အသားအရေလှပစေနိုင်သလို မှန်ကန်တဲ့ စားသောက်မှုပုံစံကြောင့်လည်း ပြစ်မျိုးမှဲ့မထင် အသားအရေကို ပိုင်ဆိုင်စေနိုင်ပါတယ်။လှပတဲ့အသားအရေလေးကို ရဖို့ အောက်မှာဖော်ပြထားတဲ့ အစားအစာလေးတွေပို မနက်စာအဖြစ် စားသုံးကြည့်သင့်ပါတယ်။


၁။ စတော်ဘယ်ရီနဲ့ ကီဝီသီးဖျော်ရည်

စတော်ဘယ်ရီနဲ့ ကီဝီသီးဖျော်ရည်မှာ antioxidants တွေ များစွာပါဝင်တာကြောင့် မနက်တိုင်းသောက်သုံးပေးမယ်ဆိုရင် မျက်နှာပေါ်က အပြစ်အနာအဆာတွေ၊ နေလောင်ကွက်တွေကို ဖယ်ရှားပေးပြီး လှပတဲ့အသားအရေကို ပိုင်ဆိုင်စေနိုင်ပါတယ်။

ဘယ်ရီသီးတွေမှာ အသားအရေကို ဖြူဝင်းစေပြီး အရေးအကြောင်းတွေကို ကာကွယ်ပေးတဲ့ ဗီတာမင် C ဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ကီဝီသီးမှာတော့ ဗီတာမင် E ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေအတွက် ကောင်းကျိုးဖြစ်စေရုံသာမက ဆံပင်တွေကိုလည်း ပျော့ပျောင်းပြီး အရှည်မြန်စေပါတယ်။
၂။ ခရမ်းချဉ်သီး

ဖျော်ရည်လုပ်သောက်မလား၊ ကျိတ်ချေပြီးစားမလား၊ တခြားအစားအစာတွေနဲ့ ရောစားမလား… ဘယ်လိုပဲ စားစား မနက်တိုင်းခရမ်းချဉ်သီးစားဖြစ်အောင်တော့ စားပေးပါ။ ခရမ်းချဉ်သီးမှာ ဝက်ခြံဖြစ်စေတဲ့ ဟော်မုန်းတွေကို တားဆီးပေးတဲ့ လိုင်ကိုပင်း (lycopene) ဓာတ်ပါဝင်တဲ့အပြင် ခရမ်းလွန်ရောင်ခြည်ကိုလည်း ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးမှာ ရေဓာတ်ပါဝင်မှုများပြားတာကြောင့် အသားအရေကို သဘာဝအတိုင်း စိုပြေစေပါတယ်။


၃။ သစ်ကြားသီး

သစ်ကြားသီးမှာ ပါဝင်တဲ့ Omega 3 fatty acids နဲ့ ဗီတာမင် E က အသားအရေကို ချောမွတ်စေပြီး လှပဖြူဝင်းစေပါတယ်။ ဒါ့အပြင် Alpha-Linolenic Acid (ALA) ပါဝင်တာကြောင့် အသားအရေကို မပျက်စီးအောင် ထိန်းသိမ်းပေးပြီး အစိုဓာတ်ဖြည့်ပေးပါတယ်။
၄။ လက်ဖက်ရည်ကြမ်း (သို့) ရေနွေးကြမ်း

လက်ဖက်စိမ်းရဲ့ ကောင်းကျိုးတွေကို ပျိုမေအားလုံးသိပြီး ဖြစ်မှာပါ။ လက်ဖက်စိမ်းမှာ antioxidants တွေနဲ့ သတ္တုဓာတ်တွေများစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး metabolism ဖြစ်ပျက်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။

မနက်တိုင်း ရေနွေးကြမ်းတစ်ခွက်သောက်ပေးခြင်းက အသားအရေကို လှပစေတဲ့အပြင် ခန္ဓာကိုယ်ကိုပါ သွယ်လျလှပစေပါတယ်။
၅။ ငါးအမျိုးမျိုး

အသားအရေကို လှပစေတဲ့ မနက်စာစာရင်းမှာ ငါးအမျိုးမျိုးမပါလို့ ဘယ်ဖြစ်မလဲ။ ဘာလို့လဲဆိုတော့ ငါးမှာ Omega 3 အက်ဆစ်နဲ့ အမိုင်နိုအက်ဆစ် ကြွယ်ဝစွာပါဝင်နေလို့ပါပဲ။ ငါးစားသုံးခြင်းကြောင့် အသားအရေကို စိုပြေစေနိုင်ပြီး အရေပြားအလွှာကို အားဖြည့်ပေးနိုင်ပါတယ်။ သားသတ်လွတ်စားသူတွေအတွက်ကတော့ ပဲနို့၊ နို့ခဲနဲ့ ကုလားပဲတွေကို ငါးအစားထိုး စားသုံးနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here