ပျိုမေတို့ရဲ့ Outfit တိုင်းကို ပိုပြီးအထာကျသွားစေမယ့် နှစ်ရောင်စပ်ဖက်ရှင်ဝတ်ဆင်နည်း

0
18

လတ်တလော Social Media မှာ ခေတ်စားပြီး Trend ဖြစ်နေတဲ့ ဖက်ရှင်တွဲစပ်နည်းတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒီနည်းကိုတော့ ‘Sandwich Method’ လို့ခေါ်ပြီး သူက ကိုယ်ဝတ်မယ့် Outfit ရဲ့အဓိကအရောင်ကို အခြားကာလာတစ်ခု ကြားညှပ်ကာ တွဲဝတ်ပေးရတဲ့ ထူးထူးခြားခြား ဖက်ရှင်ဖန်တီးမှုတစ်ခုဖြစ်ပါတယ်။

Celebrity တွေကိုယ်တိုင် သုံးကြတဲ့နည်းဖြစ်သလို Outfit တိုင်းကို မသိမသာနဲ့ထင်းသွားအောင် အရောင်ကစားပေးလိုက်တာမို့ သိပ်အားစိုက်စရာမလိုဘဲ ဖက်ရှင်ကျစေမယ့် ဖြတ်လမ်းနည်းတစ်မျိုးလို့ ပြောလို့ရပါတယ်။ သင့်အနေနဲ့လည်း ဒီလိုဝတ်ဆင်နည်းတွေကို စိတ်ဝင်စားတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ Cele တွေရဲ့ ဖက်ရှင်ပုံစံတွေအတိုင်း အတုယူပြီး လိုက်ဝတ်ကြည့်နိုင်ပါတယ်နော်။ ဒီတော့ ဆက်ကြည့်လိုက်ရအောင်-

အဖြူရောင် Cardigan ၊ အမဲရောင် Mini Skirt နဲ့ ဖိနပ်အဖြူလေး


ဒါလေးကတော့ အပေါ်အောက် အဖြူချည်းမဝတ်ဘဲ အင်္ကျီနဲ့ အောက်ကဖိနပ်ကို အရောင်တူ အဖြူလေး သုံးကာ စကပ်အမဲရောင်ကို ကြားထဲကစပ်ပြီး ဝတ်တဲ့ပုံစံလေးပါ။

Blazer အမဲ၊ အဖြူ Tee နဲ့ အမဲရောင်စကပ်လေး


အမဲဝတ်ရတာကြိုက်တဲ့သူတွေ All Black ဝတ်တာထက် ဒီလို ကာလာအလင်းလေး မသိမသာညှပ်ပြီး ဝတ်ကြည့်ပါနော်။ ကာလာအရမ်းမမှိုင်းဘဲ ပိုပြီး စတိုင်ကျစေမှာပါ။

Blazer ပန်းရောင်၊ လိမ္မော်အရောင်ခံ Top နဲ့ ပန်းရောင်ဘောင်းဘီတိုလေး


အရောင်အနုလေးတွေဝတ်မယ်ဆိုရင်လည်း အပေါ်အောက် ဝမ်းဆက်လို တစ်ရောင်ထဲထက် သူ့အရောင်နဲ့လိုက်မယ့် အခြားကာလာအနုတစ်ခု အောက်ကခံပြီးဝတ်ပေးဖို့လိုပါတယ်။

Denim ဂျာကင်၊ Denim စကပ်နဲ့ အဖြူရောင် Tank Top


အပြာအရင့်ဘက်သွားတဲ့ Denim ဒီဇိုင်းတွေကို ပိုပြီးလင်းသွားအောင် အဖြူရောင် Top လေးခံပြီး ဝတ်လိုက်ပါနော်။

အဝါနု ခါးရှည်အပြင်ထပ်အင်္ကျီ၊ စကပ်ရှည်နဲ့ အပြာရောင်ခါးတိုအင်္ကျီလေး


ခပ်နုနုကာလာလေးဖြစ်တဲ့ အဝါနုကို ဝမ်းဆက်ပုံစံဝတ်မယ်ဆိုရင် ဒီတစ်ရောင်ထဲထက် အထဲက အရောင်ရင့်ဖြစ်တဲ့ အပြာရောင်ခါးတိုအင်္ကျီလေး ခံပြီးဝတ်တာက သင့်ဖက်ရှင်ကို တစ်ဆင့်မြှင့်ပေးလိုက်သလို အထာကျသွားစေမှာပါ။

Beige အရောင် Blazer နဲ့ ဖိနပ်ကို Colorful ဖြစ်တဲ့ဘောင်းဘီနဲ့ တွဲထားတဲ့ပုံစံ


ဒီပုံစံလေးကလည်း အသားရောင်လို အရောင်ငြိမ်ငြိမ်လေးဝတ်တတ်တဲ့သူတွေအတွက် ထူးခြားစေမယ့် ဖက်ရှင်တွဲစပ်နည်းလေးဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here