အစားစားပြီးတဲ့အခါမှာ ရေခဲရေအစားရေနွေး ဒါမှမဟုတ် အခန်းအပူချိန်အတိုင်း ထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေးအတွက် ပိုမိုသင့်တော်ပါတယ်။ ရေနွေး (သို့) အခန်းအပူချိန်မှာထားထားတဲ့ရေကို သောက်သုံးပေးခြင်းကြောင့်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။
အစာချေစနစ်ကို ပိုမိုမြန်ဆန်စေပြီး ရေဓာတ်တိုးစေနိုင်ခြင်းသဘာဝ အစာချေအင်ဇိုင်းတွေကို လှုံ့ဆော်ပေးနိုင်တာကြောင့် အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ခြင်းအစာတွေကို ပုံမှန်ထက် ပိုမိုလွယ်ကူစွာ ချေဖျက်စေနိုင်ခြင်းအူမကြီးလှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေနိုင်ခြင်းသွေးသန့်စေပြီး အရေပြား၊ ကျောက်ကပ်နဲ့ သွေးဖြူဥဆဲလ်စနစ်တွေကနေတဆင့် အဆိပ်အတောက်တွေထုတ်လွှတ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်။
ရေနွေး (သို့) အခန်းအပူချိန်မှာထားရှိထားတဲ့ရေကိုသောက်သုံးပေးတာက အစာချေစနစ်ကို သိသိသာသာတိုးတက်ကောင်းမွန်လာစေမှာဖြစ်သလို အစားစားနေချိန်မှာ ရောအစာစားပြီးချိန်မှာပါ ခန္ဓာကိုယ်ကို နေထိုင်ရကောင်းမွန်နေစေမှာဖြစ်ပါတယ်။ အချိုစားချင်စိတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။