မောင်းသူမဲ့ ခရီးသည်တင်ဒရုန်းပြေးဆွဲဖို့ တရုတ်အာဏာပိုင်အဖွဲ့ ခွင့်ပြု

0
18

တရုတ်လေကြောင်းနည်းပညာကုမ္ပဏီ EHang ဟာ မောင်းသူမဲ့ ခရီးသည်တင်ဒရုန်းတွေ ပြေးဆွဲဖို့ တရုတ်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ထံမှ တရားဝင်ခွင့်ပြုချက် ရရှိသွားခဲ့ပါပြီ။

ခရီးသည် ၂ ယောက် လိုက်ပါနိုင်တဲ့ လျှပ်စစ်စွမ်းအင်သုံး EH216-S ဒရုန်းကို ဇွန်လကုန်ပိုင်းလောက်ကစပြီး ကွမ်ကျိုး၊ ဟဲဖမြေို့တွေမှာ စတင်ပြေးဆွဲနိုင်မယ်လို့ ခန့်မှန်းထားပြီး လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်း တရုတ်နိုင်ငံရဲ့မြို့ပြဒေသတွေမှာ ပြေးဆွဲသွားဖို့ ရှိနေပါတယ်။

EH216-S လျှပ်စစ်ဒရုန်းဟာ တစ်နာရီ ၁၃၀ ကီလိုမီတာအထိ ပျံသန်းနိုင်စွမ်းရှိပြီး အခုနှစ်အစောပိုင်းက ရှန်ဟိုင်းမြို့လယ်မှာ စမ်းသပ်ပျံသန်းမှု အောင်မြင်ထားခဲ့တာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here