ဂလစ်ဆရင်းဆိုတာ ချိုအီမွှေးပျံ့တဲ့အနံ့အရသာရှိပြီး အဆိပ်အတောက်လုံးဝမရှိတဲ့ သဘာဝ အလှဆီ စစ်စစ်ဖြစ်ပါတယ်။ တစ်ဘူးဝယ်ထားရင် တစ်အိမ်လုံးအတွက်လည်း အသုံးတည့်တဲ့ မရှိမဖြစ် လေးပါ။ ဘာကြောင့်လဲဆိုတော့ ဂလစ်ဆရင်းမှာ ဆံပင်နဲ့ အသားအရေအတွက် အကျိုးကျေးဇူးတွေ အများကြီးပါဝင်နေလို့ပါ။
၁။ သဘာဝအတိုင်း အသားအရေစိုပြေမှုကို ထိန်းသိမ်းပေးခြင်း
ဂလစ်ဆရင်းဟာ သဘာဝအလှဆီဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ဆီက စွတ်စိုမှုဓာတ်တွေကို အ သားအရေအတွက် စုပ်ယူပေးပါတယ်။ ခြောက်သွေ့ပြီး အသားပပ်ရင် ဂလစ်ဆရင်းကို လိမ်းပေးပါက ချက်ချင်းနူးညံ့ချောမွေ့စေပါတယ်။
၂။ နှုတ်ခမ်းရဲ့နူးညံ့မှုကို ထိန်းသိမ်းပေးခြင်း
ခြောက်သွေ့ကွဲအက်နေတဲ့နှုတ်ခမ်းသားတွေအတွက် ဂလစ်ဆရင်းအလှဆီကို ပျားရည်အ နည်းငယ်၊ ကိုကိုးထောပတ်တို့ကို ပေါင်းစပ်ပြီးလိမ်းပေးရင် သက်သာပျောက်ကင်းပါတယ်။
၃။ ဝက်ခြံကို လျှော့ချပေးနိုင်ခြင်း
ဂလစ်ဆရင်းမှာ ဘက်တီးရီးယားပိုးတွေကို ဆန့်ကျင်တဲ့အရည်အသွေးတွေရှိနေပါတယ်။ ဒါ ကြောင့် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ရတဲ့ ဝက်ခြံပေါ်ကို ဂရစ်ဆရင်းအလှဆီအစက်ချပေးရင် မကြာ ခင်မှာ ဝက်ခြံတွေချပ်ရပ်သွားမှာ ဖြစ်ပါတယ်။
၄။ ထိခိုက်လွယ်တဲ့အသားအရေနဲ့ သင့်တော်ခြင်း
ဂလစ်ဆရင်းဟာ သဘာဝပစ္စည်းဖြစ်ပြီး အဆိပ်အတောက်မပါဝင်တာကြောင့် အသားအရေကို မထိခိုက်စေပါဘူး။ ဒါကြောင့် ထိခိုက်လွယ်တဲ့အသားအရေ (sensitive skin) တွေအတွက်လည်း အ သုံးပြုနိုင်ပါတယ်။ ဂလစ်ဆရင်းကို အသုံးပြုခြင်းဖြင့် အသားအရေရဲ့အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့အ ပြင် နူးညံ့မှုရှိတာကြောင့် ခူနာရောဂါနဲ့ psoriasis လို့ခေါ်တဲ့ အရေပြားရောဂါရှိတဲ့ အသားအရေများ အတွက်တောင် အသုံးပြုနိုင်ပါတယ်။
၅။ အဆီပြန်တဲ့အသားအရေကို နူးညံ့ချောမွတ်စေခြင်း
အဆီပြန်တဲ့အသားအရေရှိတဲ့သူတွေဟာ များသောအားဖြင့် အသားအရေကို စွတ်စိုစေတဲ့ ပစ္စည်းတွေကို အသုံးမပြုဖြစ်ကြပါဘူး။ ဒါကြောင့် အသားအရေက စွတ်စိုမှုနည်းလာပြီး စွတ်စိုမှုအစား ထိုးဖို့ အဆီဓာတ်ကို ပိုမိုထုတ်လွှတ်ပေးတဲ့အတွက် ပိုအဆီပြန်လာပါတယ်။ အဆီပြန်တဲ့အသားအရေ အတွက်ဆိုရင် ဂလစ်ဆရင်းကို ရေကျဲကျဲရောထည့်ပြီး လိမ်းပေးနိုင်ပါတယ်။
၆။ ဦးရေပြားသန့်ရှင်းမှုကို ထိန်းသိမ်းပေးခြင်း
ဂလစ်ဆရင်းမှာ ဗောက်တွေကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့် ခေါင်းကို ဗောက် ကင်းစင်အောင် ထိန်းသိမ်းရာမှာ ကူညီနိုင်ပါတယ်။ တခြားသောဗောက်ပျောက်ဆေးတွေက ဦးရေပြား ကို ခြောက်သွေ့စေပြီး ဆံပင်တွေကို ကျိုးပြတ်စေပါတယ်။ ဒါပေမဲ့ ဂလစ်ဆရင်းကတော့ နူးညံ့မှုရှိတာ ကြောင့် ဘယ်လိုဆံသားမျိုးကိုမဆို ထိခိုက်ပျက်စီးခြင်းမှ ကင်းဝေးစေပါတယ်။
၇။ မျက်နှာပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားပေးခြင်း
အရေးအကြောင်းတွေဆိုတာ အသားအရေရဲ့ သဘာဝအစိုဓာတ်အဆင့်နည်းသွားတာကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဂလစ်ဆရင်းကို ဗာဒံစေ့အဆီနဲ့ရောလိမ်းပေးမယ်ဆိုရင် အရေးအ ကြောင်းကင်းစင်ပြီး လှပနုပျိုမှုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။