ကလေးများနဲ့ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့ ဘယ်လိုကာကွယ်မလဲ

0
6

ကြီးထွားဖို့ အရှိန်ယူနေတဲ့ ကလေးတွေမှာ နွေအပူဒဏ်ကြောင့် အစားရွေးရင်း အာဟာရ ချို့တဲ့တာမျိုး မဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေနဲ့ ကာကွယ်ဖြေရှင်းလို့ ရပါတယ် မေမေတို့ရေ ….

အာဟာရတန်ဖိုးမြင့်တာတွေကို ပြင်ဆင်ပေးပါ

နေပူချိန်မှာ ကလေးက အစားနည်းနည်းပဲ စားတာမျိုး ရှိနိုင်တာကြောင့် ကလေးကို နည်းနည်းစားရုံနဲ့ အာဟာရ ပြည့်ဝစေဖို့ ထောက်ကူပေးမယ့် အစားအစာတွေကို ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဥပမာ – ကြက်ဥပူတင်းပေါင်း အေးအေးလေး ပြင်ဆင်ပေးတာမျိုးက ပြင်ဆင်ပေးတာက နည်းနည်းပဲ စားရင်တောင် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်ပေးနိုင်သလို စားရလွယ်ပြီး အာဟာရတွေလည်း ပြည့်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အာဟာရတန်ဖိုး မြင့်တာလေးတွေကို ပြင်ဆင်ပေးလိုက်ပါ။

နွေရာသီစာလေးတွေ ပြင်ပေးဖို့ မမေ့ပါနဲ့

နွေရာသီမှာ အပူဒဏ်ကြောင့် အစားစားချင်စိတ် မရှိပေမယ့် နွေရာသီစာလေးတွေဆိုရင်တော့ ကလေးတွေကို အစားစားချင်စိတ် ဖြစ်စေပြီး စားဖြစ်စေဖို့ အားဖြည့်ပေးနိုင်မှာပါ။

ဒါကြောင့် ကလေးကို နွေပူနေချိန်မှာ အဆီများတဲ့ဟင်းတွေ အစား ကလေးတွေ ကြိုက်တဲ့ အကြော်အလှော်လေးတွေ ပြင်ဆင်ပေးလို့ ရသလို ခံတွင်းတွေ့စေမယ့် အသုပ်လေးတွေ၊ အရည်ဟင်းလေးတွေ ချက်ပေးလို့ ရပါတယ်။

နည်းနည်းချင်းစီနဲ့ ခဏခဏကျွေးပေးပါ

နွေရာသီ အပူရှိန်က အစားတွေကို တစ်ကြိမ်တည်းနဲ့ အများကြီး စားဖြစ်ဖို့က မလွယ်ကူလှပါဘူး။ ဒါကြောင့် ကလေးကို အစားအစာတွေ ပြင်ဆင်ပေးတဲ့အခါ နည်းနည်းချင်းစီနဲ့ ခဏခဏ ပြင်ဆင်ကျွေးမွေးပေးပါ။ ဒါကလည်း နည်းလမ်းကောင်း တစ်ခုပါ။

ဖော်မြူလာနို့လေးနဲ့ အာဟာရလိုအပ်ချက်ကို ဖြည့်လိုက်ပါ

ကလေးကို နွေပူတာကြောင့် မစားဖြစ်ဘဲ လိုအပ်သွားတဲ့ အာဟာရ လိုအပ်ချက်ကို ဖြည့်ဖို့ဆိုရင် ကလေးလည်း ကြိုက် အာဟာရလည်း ပြည့်စေဖို့ ထောက်ကူပေးနိုင်မယ့် ဖော်မြူလာနို့ကို ပြင်ဆင်ပေးလို့ ရပါတယ်။ ဖော်မြူလာနို့ကို ပုံမှန် တစ်ခွက်စီ တိုက်ပေးတာက ကလေးကို လိုအပ်တဲ့ အာဟာရ ပြည့်ဝပြီး ကျန်းမာစေဖို့ရော ကြီးထွားဖွံ့ဖြိုးစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။

ကလေးရဲ့ အာဟာရ လိုအပ်ချက်ကို ဖော်မြူလာနို့နဲ့ ဖြည့်စွက်ပါလို့ ပြောရတာက ဖော်မြူလာနို့မှာ ကလေးကို ကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ အရပ်ရှည်စေဖို့ ထောက်ကူပေးနိုင်မယ့် ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ သွေးအားမနည်းစေဖို့ ထောက်ကူပေးနိုင်မယ့် သံဓာတ်၊ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးတယ်လို့ ဖေဖေမေမေတိုင်း သိပြီးဖြစ်တဲ့ DHA နဲ့ အစာခြေစနစ် ကျန်းမာပြီး စားတိုင်း အာဟာရတွေကို အူနံရံတွေက ပြည့်ပြည့်ဝဝ စုပ်ယူနိုင်ဖို့ Dual Fiber နဲ့ ကိုယ်ခံအား ကောင်းပြီး အရိုးနဲ့ ကြွက်သားတွေ ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ပရိုတင်း စတာတွေ ပါဝင်နေလို့ပါ။

နွေပူလို့ ကလေးက အအေးသောက်မယ် တောင်းတဲ့အခါ ဖော်မြူလာနို့ အေးအေးလေးကို ပေးလိုက်တာက ကလေးကို အချိုတွေ မကျွေးမိသလို ကာကွယ်ပြီးသား ဖြစ်သလို အာဟာရ လိုအပ်ချက်ကိုပါ ဖြည့်ပေးနိုင်မှာပါ။

နွေပူလို့ ကလေး အစားမစားချင်ဘူးဆိုပြီး ဘူးခံ ငြင်းတဲ့ ပြဿနာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းလိုက်တော့နော် မေမေတို့ရေ ……

LEAVE A REPLY

Please enter your comment!
Please enter your name here