ဒူဘိုင်းမှာ ၂၀၂၆ ခုနှစ်မှာ မောင်းသူမဲ့ လျှပ်စစ် တက္ကစီတွေ ပြေးဆွဲမည်

0
6

ဒူဘိုင်းက သန့်ရှင်းတဲ့ စွမ်းအင်ကို အသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို အသုံးပြုဖို့ ကြိုးစားနေပြီး ၂၀၂၆ ခုနှစ်မှာ ဒူဘိုင်းမှာ မောင်းသူမဲ့ လျှပ်စစ် တက္ကစီတွေကို ပြေးဆွဲမှာ ဖြစ်ပါတယ်။ ဒူဘိုင်း မြို့တော်မှာ နေထိုင်သူတွေနဲ့ ခရီးသွားတွေအတွက် ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။ တက္ကစီ ကုမ္ပဏီတွေအတွက်လည်း လျှပ်စစ်ကားတွေဟာ ကုန်ကျစားရိတ် သက်သာစေမှာ ဖြစ်ပြီး ဝန်ဆောင်မှု ပိုကောင်းစေမှာ ဖြစ်ပါတယ်။

Self-Driving Taxi In Dubai Launching In 2025 – All The Details

လျှပ်စစ်ကားတွေကို သုံးတဲ့အတွက် လောင်စာဆီ ကုန်ကျစားရိတ် သက်သာစေမှာ ဖြစ်ပြီး အဲဒီ လျှပ်စစ်ကားတွေဟာ အားသွင်းနှုန်း မြန်ဆန်ပါတယ်။ အလိုအလျှောက် မောင်းနှင်တဲ့ တက္ကစီတွေ ဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းမွန်ပါတယ်။ ဒူဘိုင်း တက္ကစီ ကုမ္ပဏီရဲ့ စီအီးအို Rahma Alfalasi က “ မောင်းသူမဲ့ လျှပ်စစ် တက္ကစီတွေကြောင့် ကုမ္ပဏီရဲ့ လုပ်ငန်း လည်ပတ်မှု ပိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ခရီးသည်တွေအတွက် ပိုမို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Baidu's Self-Driving Taxis to Launch in Dubai, Abu Dhabi

ဒူဘိုင်းဟာ ရေရှည်တည်တန့်ပြီး သန့်ရှင်းတဲ့ စွမ်းအင်ကို အသုံးပြုဖို့ ကြိုးစားနေပါတယ်။ သယ်ယူပို့ဆောင်ရေး စနစ်မှာ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုကို လျှော့ချပြီး လောင်စာဆီ သုံးစွဲမှု ကင်းစင်အောင်ပြုလုပ်နေပါတယ်။ ဒူဘိုင်းဟာ မောင်းသူမဲ့ လျှပ်စစ် တက္ကစီ တွေကို အသုံးပြုတဲ့ ကမ္ဘာ့ ပထမဆုံး နိုင်ငံတွေထဲမှာ ပါဝင်လာမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here