ဂျပန်နိုင်ငံမှာ ဆူနာမီလှိုင်းဒဏ် ကာကွယ်နိုင်ဖို့ တည်ဆောက်နေတဲ့ တံတိုင်းကြီး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အရှေ့မြောက် ကမ်းရိုးတန်းတစ်လျှောက်မှာ ၃၉၅ ကီလိုမီတာ ရှည်လျားပြီး ၁၂.၅ မီတာ (၄၁ ပေ) မြင့်မားတဲ့ တံတိုင်းကြီး တည်ဆောက်လျက်ရှိပြီး ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ သိရပါတယ်။

ရေပမာဏ တန်ချိန် ၁၆ သန်းပါဝင်တဲ့ ဆူနာမီလှိုင်းလုံးကြီးတွေကို ကာကွယ်ပေးနိုင်ဖို့ အဲဒီတံတိုင်းကြီးကို တည်ဆောက်နေတာဖြစ်ပြီး တံတိုင်းရဲ့အနောက်မှာတော့ သစ်ပင်ပေါင်း ၉ သန်း ပါဝင်တဲ့ တောအုပ်ကြီးကို ဒုတိယအကာအရံအဖြစ် စီမံစိုက်ပျိုးမှာ ဖြစ်ပါတယ်။
