၁။ မျက်နှာသုတ်ပဝါကို မှန်မှန်လျှော်ဖွပ်ပါ။
၂။ ခေါင်းအုံးစွပ်ကို အမြဲသန့်သန့်ရှင်းရှင်းဖြစ်အောင် လျှော်ဖွပ်ပါ။
၃။ TV remote တွေမှာ ဘက်တီးရီးယားပိုးတွေရှိနေတာကြောင့် လက်ချောင်းများမှတဆင့် မျက်နှာ ပေါ် အလွယ်တကူရောက်ရှိလာနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာထဲကို ယူမအိပ်သင့်ပါ။
၄။ မအိပ်ခင်မှာ အဆာပြေသရေစာစားတာမျိုး ရှောင်ပါ။
၅။ ဘေးစောင်းအိပ်ခြင်းက ဆံပင်မှအဆီတွေကို အသားအရေနဲ့ထိတွေ့ပြီး ဝက်ခြံထွက်ခြင်းကို ဦး တည်စေပါတယ်။ ဒါကြောင့် ပက်လက်အိပ်ပြီး ဆံပင်တွေကို မျက်နှာနဲ့မထိအောင် ထားပါ။ ဒါမှမဟုတ် ဆံပင်ချည်ပြီး အိပ်ပါ။
၆။ စိတ်ဖိစီးမှုတွေကို အိပ်ခန်းအပြင်မှာ ထားခဲ့ပါ။
၇။ ဖုန်းပိတ်ပြီး ဝေးဝေးမှာထားပါ။
၈။ အခန်းကို သင့်တော်တဲ့အအေးဓာတ်ပေးပါ။
၉။ တစ်ရက်ကို နှစ်ကြိမ် မျက်နှာသစ်ပါ။
၁ဝ။ ဝက်ခြံညှစ်တာကို ရှောင်ပါ။