နှလုံးဆိုတာ ခန္ဓာကိုယ်ရဲ့ အဓိကအင်္ဂါစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် သက်ရှည်ကျန်းမာ ချင်သူတိုင်း နှလုံးကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုပါတယ်။ နှလုံးကျန်းမာရေးက သင်စားသုံးလိုက်တဲ့ အစားအစာအပေါ် အများကြီးမူတည်နေတာမို့ မှန်ကန်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးဖို့လည်း အရေးကြီးလှတာ အမှန်ပါပဲ။
၁။ ကောင်းမွန်တဲ့ အဆီတွေကိုသာ စားသုံးပါ
အဆီမှာ ကောင်းတဲ့အဆီ(ပြည့်ဝဆီ) နဲ့ မကောင်းတဲ့အဆီ(မပြည့်ဝအဆီ) ဆိုပြီး ရှိပါတယ်။ ပြု ပြင်ပြောင်းလဲထားတဲ့အဆီတွေက မပြည့်ဝဆီထဲမှာပါဝင်ပြီး အဲ့ဒီအဆီက နှလုံးရောဂါနဲ့ လေဖြတ်ရော ဂါကို ဖြစ်ပွားစေပါတယ်။၂။ အငန်လျှော့ပါ
ဆားများများစားသုံးခြင်းက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး နောက်ဆက်တွဲအနေနဲ့ နှလုံး သွေးကြောဆိုင်ရာရောဂါတွေပါ ဖြစ်စေနိုင်ပါတယ်။ အမေရိကန်နှလုံးရောဂါအဖွဲ့အစည်းက လူကြီး တစ်ယောက်အတွက် တစ်ရက်ကို ဆားကို လက်ဖက်ရည်ဇွန်း ၁ဇွန်းပဲ စားသုံးသင့်ပြီးသာမန်လူတစ် ယောက်က လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်သာ စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။
၃။ အသီးအရွက်များများစားပါ
အသီးအရွက်တွေက ဗီတာမင်နဲ့ သတ္တုဓာတ်များစွာပါဝင်ပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။၄။ အချိန်မှန်စားပါ
သင့်တင့်မျှတတဲ့ အစားအစာကို အချိန်မှန်စားသုံးပေးဖို့ လိုပါတယ်။ အစားပုံမှန်မစားခြင်းက ကိုယ်အလေးချိန် တက်စေနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ အိပ်ချိန်နဲ့ အနည်းဆုံး ၂ နာရီကွာပြီးမှ နောက်ဆုံးစားဖို့တော့ လိုအပ်ပါတယ်။၅။ အစားအသောက်ဝယ်တဲ့အခါ ညွှန်းကိန်းတွေကို ဖတ်ကြည့်ပါ
စူပါမားကတ်နဲ့ ကုန်စုံဆိုင်တွေမှာ အစားအသောက်တွေဝယ်တဲ့အခါ ကျန်းမာရေးကို ထိခိုက် စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်လား၊ ဘယ်အတိုင်းအတာထိ ပါဝင်သလဲဆိုတာတွေကို ညွှန်းကိန်း တွေ လေ့လာပြီးမှ ရွေးချယ်ဝယ်ယူသင့်ပါတယ်။