ပျော့ပျောင်းလှပတဲ့ ဆံကေသာအတွက်ပေါင်းတင်နည်း

0
51

ဆံပင်နဲ့ပတ်သက်တဲ့ ပြဿနာအားလုံးကိုဖြေရှင်းပေးပြီးတောက်ပနူးညံ့တဲ့ဆံကေသာအလှတရားကိုပျားရည်နဲ့ သံလွင်ဆီကပေးစွမ်းနိုင်မှာပါ။

ပျားရည်နဲ့သံလွင်ဆီဆိုတာပျက်စီးနေတဲ့ဆံသားတွေကိုအကောင်းအတိုင်းဖြစ်အောင် ပြန်လည်ပြုပြင်ပေးရုံသာမကဆံပင်မပျက်စီးအောင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်ဆုံးသဘာဝပစ္စည်းတွေဖြစ်ပါတယ်။

ဆံသားအမျိုးအစားအားလုံးအတွက် အကျိုးကျေးဇူးဖြစ်စေတဲ့ ပျားရည်နဲ့သံလွင်ဆီပေါင်းတင်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

ပေါင်းတင်နည်းအဆင့်ဆင့်

(၁) ဆံပင်အရှည်နဲ့ အထူပေါ်မူတည်ပြီးပျားရည် ၂ဆ၊ သံလွင်ဆီ ၁ဆ ကိုရောမွှေပါ။

(၂) ခေါင်းလျှော်ပြီးကာစစိုဖန့်ဖန့်အချိန်မှာပျားရည်နဲ့ သံလွင်ဆီအရောကိုဦးခေါင်းအနှံ့လိမ်းပေးပါ။

(၃) ဆံရင်းကနေဆံဖျားအထိရောက်အောင်၊ ဦးရေပြားထဲထိစိမ့်ဝင်အောင် အသာအယာနှိပ်နယ်ပေးပါ။

(၄) ပြီးရင် ပလတ်စတစ် shower cap လေးနဲ့ ခေါင်းကိုစွပ်ပြီးအုပ်ထားလိုက်ပါ။

(၅) မိနစ် (၂ဝ)လောက်ကြာတဲ့အခါမှာခေါင်းကိုရေနွေးနွေးလေးနဲ့ ပြန်လျှော်ချလိုက်ပါ။

ပျားရည်မှာဆံသားကိုအားဖြည့်ပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒါ့အပြင် ဆံသားကိုအစိုဓာတ်ထိန်းပေးပြီးဆံသားခြောက်သွေ့ခြင်းကိုပျောက်ကင်းစေပါတယ်။

သံလွင်ဆီမှာဆံသားကိုပျော့ပျောင်းပြီးထူထဲစေတဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။ သံလွင်ဆီနဲ့ ပေါင်းတင်ခြင်းကဆံသားတစ်ပင်ခြင်းစီကိုပျော့ပျောင်းစေပြီးခေါင်းဖြီးလိုက်တိုင်းတောက်ပနူးညံ့တဲ့ ဆံသားလေးတွေကိုပိုင်ဆိုင်စေမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here