သင့် အသားအရောင်အလိုက် ဘယ်လို အရောင်လေးတွေ ရွေးချယ်ဝတ်သင့်လဲ

0
40

ပျိုမေတို့ရဲ့အလှတွေကို ပေါ်လွင်အောင် ဝတ်ဆင်ဖို့ဆိုရင် အရမ်းအရေးကြီးတဲ့အရာတစ်ခုကတော့ အရောင်ရွေးချယ်မှု မှန်ကန်ဖို့ပဲဖြစ်ပါတယ်။ ပျိုမေတို့ အသားအရောင်ကို လိုက်ပြီး ရွေးချယ် ဝတ်ဆင်လိုက်တဲ့အခါ ပျိုမေတို့ရဲ့ အလှက အများကြီး ပိုပြီးပေါ်လွင်သွားစေမှာဖြစ်ပါတယ်။

ခုဖော်ပြပေးမှာကတော့ ပျိုမေတို့ရဲ့ အသားအရောင်အပေါ် မူတည်ပြီး ရွေးချယ်သင့်တဲ့ အဝတ်အစားအရောင်တွေပဲဖြစ်ပါတယ်နော်..။

(၁) အသားဖြူသူများ

အသားဖြူတဲ့ ပျိုမေတို့အနေနဲ့ ဘာအရောင်ပဲ ဝတ်ဝတ် လှတယ်လို့တော့ မထင်စေချင်ပါဘူး။ နက်ပြာရောင်၊ ကျောက်စိမ်းရောင်၊ နီညိုရောင် ကဲ့သို့သော အရောင်ရင့်ရင့်တွေက အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ အရောင်ဖျော့ဖျော့တွေ၊ ကာကီရောင်နဲ့ အနက်ရောင်တွေကတော့ အသားဖြူတဲ့ ပျိုမေတို့နဲ့ မလိုက်ဖက်ပါဘူးနော်။

(၂) အသားလတ်သူများ

အသားလတ်တဲ့သူတွေကတော့ အရောင်တိုင်းလိုလိုနဲ့ လိုက်ဖက်တယ်လို့ ထင်ရပေမယ့် တကယ်တော့ အရောင်ရွေးချယ်တဲ့အခါ သတိထားဖို့ လိုပါတယ်။ အလိုက်ဖက်ဆုံးအရောင်တွေကတော့ နို့နှစ်ရောင်၊ ပန်းဆီရောင်၊ အဖြူရောင်နဲ့ warm color အားလုံးနီးပါး ဖြစ်ပါတယ်။ အညိုရောင်၊ ကော်ဖီရောင်နဲ့ အရောင်ဖျော့တဲ့အဝတ်အစားတွေကိုတော့ မရွေးသင့်ပါဘူး။

 

(၃) အသားညိုသူများ

A Deeper Look into India's Fair Skin Obsessed Beauty Standards – Brown Girl Magazine

အသားညိုတဲ့သူတွေကတော့ ဘယ်အရောင်နဲ့မဆို လိုက်ဖက်တာကြောင့် အထူးတလည်ရွေးစရာမရှိပါဘူး။ ဒါပေမယ့် အညိုရောင်၊ သင့်ရဲ့အသားအရောင်နဲ့ နီးစပ်တဲ့ အရောင်တွေကိုတော့ ရှောင်ပေးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here