၁။ တစ်နေ့ကို ၂ ကြိမ် မျက်နှာသစ်ပါ။ မျက်နှာသစ်ဆေးကောင်းကောင်း ဝယ်သုံးဖို့ မနှမြောပါနဲ့။
၂။ မျက်နှာပေါ်က အညစ်အကြေးတွေနဲ့ အဆီတွေကို ဖယ်ရှားဖို့ ဆပ်ပြာမပါဘဲ ရေအေးလေးနဲ့ မကြာခဏ မျက်နှာသစ်ပေးပါ။
၃။ မနက်တိုင်း၊ ညတိုင်းမှာ မျက်နှာကို သေချာသန့်စင်ပါ၊ toner ကောင်းကောင်းသုံးပါ၊ moisturizer ကောင်းကောင်းလိမ်းပါ။ လုံးဝမပျက်ကွက်ပါနဲ့။
၄။ အပတ်တိုင်း တစ်ပတ်တစ်ကြိမ်လောက် မျက်နှာချေးချွတ်ပါ။
၅။ ဘာဂါ၊ ပီဇာ၊ ကြက်ကြော်တို့လို junk food တွေကို တတ်နိုင်သလောက်ရှောင်ပါ။ အဲဒီအစားအစာတွေက ဝက်ခြံဖြစ်စေပါတယ်။
၆။ ခန္ဓာကိုယ်နဲ့ အသားအရေမှာ ရေဓာတ်ပြည့်နေအောင် ရေများများသောက်ပါ။
၇။ တစ်နေ့ကို အနည်းဆုံး ၈ နာရီအိပ်ပါ။ စိတ်ဖိစီးမှုမဖြစ်အောင် နေပါ။
၈။ မလိုအပ်ဘဲ မိတ်ကပ်မလိမ်းပါနဲ့။ တကယ်တော့ မိတ်ကပ်လိမ်းတယ်ဆိုတာ ဆယ်ကျော်သက်အရွယ်ရဲ့ နုပျိုတဲ့အရေပြားကို ထိခိုက်ပျက်စီးစေပါတယ်။
၉။ စိတ်ခံစားလွယ်ခြင်ကလည်း အသားအရေကို အကျိုးသက်ရောက်စေနိုင်တာကြောင့် တစ်ခုခုဆိုရင် စိတ်ခံစားမလွယ်အောင် ဆင်ခြင်ပါ။
၁ဝ။ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ တရားထိုင်ပါ။
၁၁။ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနေထိုင်ပါ။