၁။ လက်ဖက်စိမ်းမှုန့် (Matcha powder)
Matcha က ခုနောက်ပိုင်းမှာ မှီဝဲသုံးစွဲမှုများလာတဲ့ အစားအစာတစ်မျိုးပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာပိုင်းလည်း ကောင်းမွန်ပါတယ်။ သူ့မှာ L-theanine လို့ခေါ်တဲ့ ပရိုတိန်းမျိုးနွယ်ဝင်မဟုတ်တဲ့ amino acid တစ်မျိုးပါရှိနေပြီး ဒီဓာတ်က စိတ်ဖိစီးစေတဲ့ ဓာတ်တုပစ္စည်းတွေကို တိုက်ထုတ်ပေးပါတယ်။
၂။ ကန်စွန်းဥ
ကန်စွန်းဥကတော့ အာဟာရဓာတ်ကြွယ်ဝတဲ့ ဘက်စုံသုံး အစားအစာတစ်မျိုးပါ။ ကန်စွန်းဥရဲ့ Stress hormone cortisol လယ်ဗယ်ကို လျှော့ချပေးနိုင်စွမ်းက စိတ်ဖိစီးမှု ကို တားဆီးပေးနိုင်ပါတယ်။ ကန်စွန်းဥဟာ ကိုယ်အလေးချိန်လျှော့ချရေးမှာလည်း အထောက်အကူပြုပါသေးတယ်။
၃။ ကင်မ်ချီ
ကိုရီးယား ဒရာမာချစ်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ကင်မ်ချီကလည်း စိတ်ဖိစီးမှု ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်တဲ့။ ကင်မ်ချီထဲမှာပါဝင်တဲ့ မုန်လာဖြူ၊ ဂေါ်ဖီထုပ်တို့လို ဟင်းသီးဟင်းရွက်တွေနဲ့ အချဉ်ဖောက်ရာကနေ ရလာတဲ့ probiotics နဲ့ antioxidants တွေက စိတ်ဖိစီးမှု နဲ့ ပူပင်သောကတွေကို လျော့ပါးသက်သာစေတာပါ။
၄။ ကလီစာများ
ကြက်၊ ဝက်၊ အမဲ၊ ဆိတ်စတဲ့ တိရိစ္ဆာန်တွေရဲ့ ကလီစာတွေကို မှီဝဲစားသောက်တာကလည်း စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်တဲ့။ ကလီစာစားသုံးမှုဟာ အနောက်နိုင်ငံတွေမှာ သိပ်မတွင်ကျယ်ပေမယ့် အရှေ့တိုင်းမှာတော့ လူကြိုက်များလှပါတယ်။ ကလီစာတွေမှာပါဝင်တဲ့ ဗီတာမင် B အုပ်စုဝင်တွေ၊ riboflavin နဲ့ folate တို့လို ဓာတ်တွေက စိတ်ဖိစီးမှု ကို ထိမ်းချုပ်နိုင်စွမ်းရှိတဲ့ dopamine ထုတ်လုပ်ရာမှာ အရေးပါတဲ့ အာဟာရဓာတ်တွေဖြစ်ပါတယ်။
၅။ ဥအမျိုးမျိုး
အာဟာရဓာတ်အမျိုးမျိုးကြွယ်ကြွယ်ဝဝပါရှိနေတဲ့ ဥတွေကလည်း စိတ်ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာပါပဲ။ သူ့မှာပါဝင်နေတဲ့ အာဟာရဓာတ်အတော်များများက စိတ်ဖိစီးမှု ကို လျော့ပါးသက်သာစေအောင် ကူညီနိုင်ပါတယ်။
၆။ အခွံမာရှိသည့် ရေနေသတ္တဝါများ
ကမာတို့၊ ခရုတို့၊ ဂုံးတို့လို အခွံမာသတ္တဝါတွေရဲ့ အသားကလည်း စိတ်အားတက်ကြွမှုကို မြှင့်တင်ပေးနိုင်တာမို့ စိတ်ဖိစီးမှု ကို တိုက်ထုတ်နိုင်တယ်လို့ လေ့လာချက်တွေကဆိုကြပါတယ်။ အထူးသဖြင့် အခွံမာရေနေသတ္တဝါတွေမှာ ကြွယ်ဝစွာပါဝင်နေတဲ့ Taurine က ခုလို အကျိုးကျေးဇူးမျိုးရရှိအောင် ကူညီပေးတာပါ။
၇။ ပင်လယ်ငါးများ
omega-3 fats ပါဝင်နေတဲ့ ပင်လယ်ငါးတွေဟာ ဗီတာမင် D လည်း ကြွယ်ဝတာမို့ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ အစားအစာတွေဖြစ်ပါတယ်။
၈။ ကြက်သွန်ဖြူ
Sulfur compounds ပါဝင်မှုများတဲ့ ကြက်သွန်ဖြူဟာ glutathione လယ်ဗယ်မြင့်မားလာအောင် ကူညီပေးပါတယ်။ အဆိုပါ antioxidant ဟာ စိတ်ဖိစီးမှု ကို ကာကွယ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံစစ်မှာ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ပါတယ်။
၉။ နေကြာစေ့
နေကြာစေ့က ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပါ။ ဆီမှာပျော်ဝင်လွယ်တဲ့ ဗီတာမင်အမျိုးအစားဖြစ်သလို အားကောင်းတဲ့ antioxidant လည်းဖြစ်ပါတယ်။ စိတ်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ကိစ္စအတော်များများမှာ အကူအညီပေးနိုင်ပါတယ်။
၁၀။ ဘရိုကိုလီ (ပန်းပွင့်စိမ်း)
ဘရိုကိုလီလေးတွေဟာ ကင်ဆာ၊ နှလုံးရောဂါစတဲ့ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေကြောင့် လူသိများပါတယ်။ ဒါတင်မကပါဘူး ဒီဂေါ်ဖီမျိုးစိတ်လေးတွေက စိတ်ဓာတ်ကျတာနဲ့ စိတ်ဖိစီးတာကိုလည်း ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါသေးတယ်။
၁၁။ ကုလားပဲ
ကုလားပဲမှာတော့ စိတ်ဖိစီးမှု ကို တိုက်ထုတ်ပေးနိုင်တဲ့ ဗီတာမင်ဓာတ်အမြောက်အများနဲ့ သက်စောင့်ဓာတ်တွေ ပါဝင်နေပါတယ်။ စိတ်ခံစားချက်ကောင်းမွန်အောင် အာရုံကြောတွေကို လှုံ့ဆော်နိုင်စွမ်းက သူတို့ရဲ့ အားသာချက်ပါပဲ။
၁၂။ ဘယ်ရီသီး
ဘယ်ရီသီးတွေက ကျန်းမာရေးကို အကျိုးပြုနိုင်စွမ်းမြင့်မားပါတယ်။ အထူးသဖြင့် အပြာရောင်ဘယ်ရီသီး (Blueberries) တွေဟာ စိတ်ကျန်းမာရေးကို အထူးအထောက်အကူဖြစ်စေပါတယ်။ ဘယ်ရီသီးတွေမှာပါဝင်တဲ့ flavonoid antioxidants တွေဟာ နာကျင်မှုတွေကို တွန်းလှန်နိုင်စေပြီး အာရုံကြောကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိနေတာပါ။ ဒါကြောင့် စိတ်ဖိစီးမှု နဲ့ဆက်နွယ်နေတဲ့ နာကျင်ခံစားရမှုတွေကို ဘယ်ရီသီးက လျှော့ချပေးနိုင်တာဖြစ်ပါတယ်။