ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းများ

0
56

ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ

‌‌ချွေးထွက်များတာ
ရေသောက်နည်းတာ
အဖျားတက်တာ
ဝမ်းလျှောတာ၊ အန်တာ
ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို 
အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ

ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။

ခေါင်းကိုက်တာ
နုံးတာ
ရင်တုန်တာ
ကြွက်တက်တာ
ကြွက်သားတွေ အားနည်းတာ
ခြေချောင်း၊ လက်ချောင်းတွေ ထုံကျင်တာ
ပျို့အန်တာတွေတာ ဓာတ်ဆားချို့တဲ့တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

ဒီလက္ခဏာတွေ ခံစားရပြီဆိုရင် ဓာတ်ဆားဓာတ်ကို ပြန်လည်ဖြည့်ပေးဖို့ လိုလာပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here