အရက်နာကျနေချိန်မှာ လူတော်တော်များများက ခံတွင်းပျက်ပြီး စားချင်၊ သောက်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ခန္ဓာကိုယ်က အာဟာရဓာတ်တွေ လိုအပ်နေမယ်၊ အားနည်းနေတာ ဖြစ်တဲ့အတွက် ဘာမှမစားပဲ နေလို့တော့ မဖြစ်ပါဘူး။
ကြက်ဥ
ကြက်ဥဟာ ပေါ့ပေါ့ပါးပါးနဲ့ အစာကြေလွယ်စေတယ်။ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ အများအပြား ပါဝင်လို့ အရက်နာကျနေသူတွေအတွက် အကောင်းဆုံး မနက်စာပါပဲ။
ငှက်ပျောသီး
ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ဟာ အရက်သောက်ပြီး ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ပြေလျော့စေတယ်။ အမျှင်ဓာတ်ပါဝင်မှု များလို့ အစာကြေရင်ချောင်စေတယ်။ ငှက်ပျောသီးကို ဒိန်ချဉ်နဲ့ တွဲစားပေးရင်လည်း ပိုတက်စီယမ်ဓာတ်ကို ပိုရနိုင်ပါတယ်။
ကြက်စွပ်ပြုတ်
ဖျားနာခြင်းအတွက်သာမက အရက်နာကျတာကိုပါ သက်သာစေနိုင်တဲ့ ကြက်စွပ်ပြုတ်မှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဗီတာမင်များစွာ ပါဝင်ပါတယ်။ ကိုယ်တွင်းမှာ ကုန်ခမ်းသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အပြင် အသည်းကို အားကောင်းစေလို့ အရက်အဆိပ်အတောက်တွေကို ပိုပြီး စွန့်ထုတ်ပေးတဲ့နေရာမှာ အားဖြစ်စေနိုင်ပါတယ်။
ခရက်ကာ
ဘီစကွတ်မုန့်တွေ ယှဉ်လိုက်ရင် သကြားပါဝင်မှုနည်းတဲ့ ခရက်ကာ မုန့်တွေဟာလည်း အရက်နာကျတဲ့ မနက်ခင်းမှာ စားပေးသင့်တဲ့ အစားအစာပါပဲ။ ကိုယ်က ခရက်ကာမုန့် မကြိုက်ဘူးဆိုရင် ပေါင်မုန့်မီးကင်ပြီး ပျားရည်နဲ့ သုတ်ပြီးစားပေးရင်လည်း အဆင်ပြေပါတယ်။