မိမိနှင့် တစ်သားတည်းကျစေမည့် AI နည်းပညာသုံး မိုဘိုင်းဖုန်း အသုံးပြုမှုအတွေ့အကြုံများနှင့် အလိုအလျောက် ထိန်းချုပ်နိုင်မှု အရှိဆုံး လုပ်ဆောင်ချက်များကို ရရှိခံစားသွားနိုင်မည့် AI-first ပလက်ဖောင်းတစ်ခုကို One UI 7 မှ ပေးအပ်သွားနိုင်ရန် ရည်ရွယ်ထား
Samsung Electronics Co., Ltd. သည် AI လုပ်ဆောင်ချက်များအား အရှိန်အဟုန်မြှင့်တင်ရန်၊ မိမိ၏မိုဘိုင်းဖုန်းအား ပိုမိုရိုးရှင်းလွယ်ကူစွာ ထိန်းချုပ်စီမံနိုင်စေရန် နှင့် အနာဂတ်၏ AI ဂေဟစနစ်ကို ဖော်ဆောင်နိုင်ရန်အတွက် One UI 7 Beta Program ကို မိတ်ဆက်ပေးသွားတော့မည်ဖြစ်သည်။ သာလွန်သည့် AI လုပ်ဆောင်ချက်များအတွက် ထိပ်တန်း AI Agent များနှင့် ပူးပေါင်းကာ အဆင့်မြှင့်တင်ဖန်တီးပေးထားသည့် One UI 7 သည် သိသာထင်ရှားသည့် အပြောင်းအလဲကောင်းများအား ယူဆောင်လာတော့မည်ဖြစ်ပြီး အသုံးပြုသူများ အနေဖြင့် ယခင်ထက်ပိုမိုသာလွန်သည့် အဆင့်အတန်းမြင့် မိုဘိုင်းဖုန်း အတွေ့အကြုံများကို ရယူခံစား နိုင်တော့မည်ဖြစ်သည်။
အသုံးပြုသူများ၏ နေ့စဉ်ဘဝကိုပိုမိုအဆင်ပြေလွယ်ကူစေမည့် အဆင့်မြှင့် AI လုပ်ဆောင်ချက်
One UI 7 သည် Writing Assist Tools ကဲ့သို့သော စွမ်းဆောင်ရည်မြင့် စာအရေးအသားပိုင်းဆိုင်ရာ AI လုပ်ဆောင်ချက်များကိုလည်း ပိုမိုအားကောင်းလာစေမည်ဖြစ်သည်။ Galaxy အသုံးပြုသူများအနေဖြင့် application တစ်ခုနှင့်တစ်ခု ကူးပြောင်းရန်မလိုပဲ စာသားများကို ရွေးချယ်မှတ်သားနိုင်ခြင်း၊ အကျဥ်းချုပ်ခြင်း၊ စာလုံးပေါင်းများနှင့် Grammar များအား အလိုအလျောက် ပြုပြင်ပေးခြင်း၊ စာသား အချက်အလက်များအား Bullet Point များအဖြစ်သို့ အလိုက်သင့် ပြောင်းလဲပေးခြင်းတို့ကို AI အကူအညီဖြင့် လုပ်ဆောင်ပေးမည်ဖြစ်သဖြင့် မိမိတို့၏ နေ့စဥ် လုပ်ငန်းဆောင်တာများဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူမြန်ဆန်စေမည်ဖြစ်သည်။
ထို့အပြင် အဆင့်မြှင့်တင်ထားသော One UI 7 သည်တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်သွယ်ရာ၌ ပိုမိုလွယ်ကူ သွားနိုင်စေရန်အတွက်လည်း Call Transcript လုပ်ဆောင်ချက်အား ဘာသာစကား ၂၀ အထိ အထောက်အပံ့ ပေးနိုင်စေရန် တိုးမြှင့်ပေးထားသည်။ Call Recording ဖွင့်ထားချိန်၌ ဖုန်းပြောဆိုမှု အကြောင်းအရာများကိုလည်း မှတ်သားဖော်ပြပေးသွားမည် ဖြစ်သည့်အတွက် ဖုန်းပြောနေစဉ် အရေးကြီးသည့် အချက်အလက်များအား အထူးတလည် မှတ်သားထားရန် လိုအပ်တော့မည် မဟုတ်ပေ။
စိတ်ကြိုက် ပိုမိုပြင်ဆင် ထိန်းချုပ်နိုင်မည့် ဒီဇိုင်းသစ်
One UI 7 ၏ စွမ်းဆောင်ရည်မြင့် AI လုပ်ဆောင်ချက်များအား ဒီဇိုင်းအသစ်ဖြင့် ဖန်တီးပေးထားပြီး အသိပေးစနစ် (Notification System) အသစ်ကြောင့် မိမိ device ၏ လော့ခ်မျက်နှာပြင် (Lock Screen) မှတစ်ဆင့် သက်ဆိုင်ရာ Application များသို့ အလွယ်တကူ ဝင်ရောက်နိုင်စေမည်ဖြစ်သည်။ ထို့အပြင် အထူးလုပ်ဆောင်ချက် အသစ်တစ်ခုအဖြစ် One UI 7 တွင် ပါဝင်လာသည့် Now Bar မှတဆင့် Interpreter, Music, Recording, Stopwatch စသည့် အသုံးများသော လုပ်ဆောင်ချက်များအား သင့်လျော်သလို ပြသပေးသွားမည်ဖြစ်သည်။ အသုံးပြုသူများသည် မိမိ၏ စမတ်ဖုန်းအား Unlock ခဏခဏ လုပ်နေစရာမလိုတော့ပဲ Now Bar မှတဆင့် မိမိအသုံးပြုလိုသည့် လုပ်ဆောင်ချက်များအား ပိုမိုလွယ်ကူစွာ အသုံးပြုသွားနိုင်မည် ဖြစ်သည်။ မကြာမီ ထွက်ရှိလာတော့မည့် နောက်ဆုံးပေါ် Galaxy S Series စမတ်ဖုန်းများတွင် စတင်ပါဝင်လာမည့် အဆိုပါ Now Bar လုပ်ဆောင်ချက်သည် Lock Screen အသုံးပြုမှု အတွေ့အကြုံအား အနာဂတ်တွင် ပိုမိုသိသာမြင့်မားစွာ ပြောင်းလဲပေးသွားနိုင်မည် ဖြစ်သည်။
အဆိုပါလုပ်ဆောင်ချက်အားလုံးအား အသုံးပြုရလွယ်ကူပြီး ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်မည့် စွဲမက်ဖွယ် ဒီဇိုင်းဖြင့် ထည့်သွင်းပေးထားသည့် Galaxy အသုံးပြုသူများ၏ အတွေ့အကြုံများကို တမူထူးခြား ကောင်းမွန်သွားစေမည် ဖြစ်သည်။ ထူးခြားသည့် ဒီဇိုင်းနှင့် ထွက်ရှိလာသော One UI 7 သည် အမြင် ရှုပ်ထွေးမှုကို လျှော့ချပေးကာ လိုသလို ပြုပြင်ပြောင်းလဲနိုင်မှုများကြောင့် အသုံးပြုသူများနှင့် တစ်သား တည်း ဖြစ်သော ထူးခြားကောင်းမွန်သည့် မိုဘိုင်း AI အတွေ့အကြုံများကို ပေးအပ်နိုင်မည်ဖြစ်သည်။
ပိုမိုရိုးရှင်းသော Home Screen၊ ဒီဇိုင်းဆန်းသစ်ပြောင်းလဲထားသည့် One UI Widget များနှင့် Lock Screen များအား အသုံးပြု၍ အသုံးပြုသူများသည် ၎င်းတို့၏ စမတ်ဖုန်းများအား အသေးစိတ်ထိန်းချုပ်သွားနိုင်မည် ဖြစ်ကာ စိတ်ကြိုက်ပြင်ဆင်မှုများကိုလည်း လိုသလိုပြုလုပ်သွားနိုင်မည် ဖြစ်သည်။
ဆန်းသစ်သောဒီဇိုင်းနှင့် အသစ်ပြောင်းလဲထားသည့် ကင်မရာ UX ၌ Camera ခလုတ်များ၊ Mode များနှင့် အခြားသော ထိန်းချုပ်မှုဆိုင်ရာ ခလုတ်များအား သေသပ်စွာ ထည့်သွင်းပေးထားသောကြောင့် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးရာတွင် မြင်ကွင်းကို ပိုမိုရှင်းလင်းစွာ တွေ့မြင်သွားနိုင်မည်ဖြစ်သည်။ ထို့အပြင် Zoom ထိန်းချုပ်မှုဆိုင်ရာ လုပ်ဆောင်ချက်အသစ် ပါရှိသည့်အတွက် Pro Video Mode နှင့် ရိုက်ကူးချိန်၌ Zoom အမြန်နှုန်းကို ထိန်းချုပ်နိုင်စေပြီး Transaction များအား ပိုမိုချောမွေ့စေမည်ဖြစ်သည်။
One UI 7 သည် မကြာမီထွက်ရှိလာမည့် Galaxy S Series အသစ်နှင့် အတူပါဝင်လာမည် ဖြစ်ပြီး မူလ AI လုပ်ဆောင်ချက်များအပြင် ထပ်တိုး AI လုပ်ဆောင်ချက်အသစ်များဖြစ်သည့် On – Device AI function များလည်းပါဝင်လာမည် ဖြစ်သည်။ Samsung ၏ OS Upgrade Policy အရ အဆိုပါ One UI 7 အား အခြားသော Galaxy ထုတ်ကုန်များ၌လည်း အသုံးပြုနိုင်စေရန် ဆက်လက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။
One UI 7 ကို ဂျာမနီ၊ အိန္ဒိယ၊ ကိုရီးယား၊ ပိုလန်၊ ယူကေနှင့် ယူအက်စ် စရှိသည့် နိုင်ငံများမှ Galaxy S24 Series မိုဘိုင်းဖုန်းများတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်အသုံးပြုနိုင်မည် ဖြစ်ကာ Galaxy S24 စီးရီး အသုံးပြုသူများသည် Samsung Members မှတစ်ဆင့် Beta Program ကို အသုံးပြုနိုင်မည်ဖြစ်သည်။