အသားအရေလှပအောင် ဂရုစိုက်ထိန်းသိမ်းဖို့ဆိုရင် မိမိရဲ့အသားအရေအမျိုးအစားကို အရင် သိထားဖို့ လိုပါတယ်နော်။ ဒါမှသာ ကိုက်ညီတဲ့အလှကုန်ကိုရွေးချယ်နိုင်မှာပါ။
၁။ သာမန်အသားအရေ
ခြောက်သွေ့သလို အဆီလည်းပြန်ပါတယ်။ အပြစ်အနာအဆာကြီးကြီးမားမားမရှိပေမဲ့ အသားအရောင်မညီညာပါဘူး။ ချွေးပေါက်နည်းနည်းကျယ်ပါတယ်။ ဒီလိုအသားအရေအတွက်ဆို သဘာဝ သခွားသီး တိုနာ(Toner) ကို အသုံးပြုနိုင်ပါတယ်။
၂။ အဆီပြန်တဲ့အသားအရေ
အဆီတွေနဲ့ ပြောင်ပြောင်လေးဖြစ်နေတယ်။ ချွေးပေါက်ကျယ်ပါတယ်။ ဝက်ခြံနဲ့ အမည်းစက် တွေ ရှိတယ်။ ဒီလိုအသားအရေအတွက်ဆိုရင်တော့ ချွေးပေါက်ကျဉ်းစေတဲ့ မျက်နှာသစ်ဆေးကို အသုံးပြုနိုင်ပါတယ်။
၃။ ခြောက်သွေ့တဲ့အသားအရေ
အဖတ်လေးတွေကွာကျနေတယ်။ အနီစက်လေးတွေရှိပြီး အသားအရေ ခြောက်သွေ့ ပါတယ်။ ချွေးပေါက်ကျဉ်းတယ်။ အဖုလေးတွေထွက်ပြီး အသားအရေမစိုပြေပါဘူး။ အရေးအကြောင်းတွေ ပေါ်လွယ်တဲ့အသားအရေဖြစ်ပါတယ်။ ဒီလိုအသားအရေမျိုးအတွက်ဆိုရင် chamomile moisturizer အမျိုးအစားကို အသုံးပြုသင့်ပါတယ်။
၄။ ထိခိုက်လွယ်တဲ့အသားအရေ
အဖုအပိန့်လေးတွေထွက်တတ်တယ်။ အနီရောင်အစက်အပြောက်တွေပေါ်တယ်။ အသားအရေနာကျင်ထိခိုက်လွယ်တယ်။ သွေးကြောမျှင်လေးတွေ ပြတ်နေတတ်တယ်။ ဓာတ်မတည့်တာထိမိတဲ့အခါ ပူစပ်ပူလောင်ဖြစ်လာတတ်တယ်။ ဒီလိုအသားအရေအမျိုးအစားအတွက် ဆိုရင် လက်ဖက်စိမ်းအခြေခံပြီးပြုလုပ်ထားတဲ့ အလှကုန်တွေကို အသုံးပြုသင့်ပါတယ်။
၅။ ပေါင်းစပ်အသားအရေ
မေးစေ့၊ နဖူးနဲ့ နှာခေါင်းတစ်ဝိုက်မှာ အဆီပြန်ပြီး မျက်လုံး၊ ဆံပင်နဲ့ မေးရိုးတလျှောက်မှာ ခြောက်သွေ့နေလေ့ရှိပါတယ်။ အမည်းစက်တွေလည်း ပေါ်တတ်တယ်။ ချွေးပေါက်အလွန်ကျယ်ပါ တယ်။ ဒီလိုအသားအရေမျိုးအတွက်ဆိုရင် Rosemary နဲ့ပြုလုပ်ထားတဲ့အလှကုန်တွေကို အသုံး ပြုသင့်ပါတယ်။ ဒါ့အပြင် နောက်ထပ်စမ်းသပ်နိုင်တဲ့နည်းလမ်းတစ်ခုလည်း ရှိပါတယ်။ – မျက်နှာသစ်ပြီးရင် ညင်သာစွာသုတ်ပါ။
– ဘာမိတ်ကပ်မှမလိမ်းခြယ်ဘဲ မိနစ်အနည်းငယ်ကြာအောင်ထားပါ။
– အဆီစုပ်စက္ကူကို အသုံးပြုပြီး မျက်နှာတစ်နေရာစီကို အသာအယာတို့ထိပါ။
– ဘယ်နေရာတွေက အဆီပြန်တယ်ဆိုတာသိရအောင် စက္ကူကိုကြည့်ပါ။ တစ်ခုသတိပြုသင့်တာက လူတိုင်းဟာ နဖူးနဲ့နှာခေါင်းလိုနေရာမျိုးတွေမှာ အဆီနည်းနည်း ပြန်တတ်တဲ့ သဘာဝရှိပါတယ်။ အဲ့ဒီနေရာတွေမှာ အဆီပြန်ရင်တော့ အဆီပြန်အသားအရေလို့ မ သတ်မှတ်နိုင်ပါဘူး။ နောက်ဆုံးအချက်အနေနဲ့ အသားအရေအမျိုးအစားကို သိပြီဆိုရင် မိမိနဲ့ကိုက် ညီတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းလေးတွေကို ရွေးချယ်လို့ရပါပြီ။
ခြောက်သွေ့အသားအရေဆိုရင် Lotions နဲ့ Creams ကို အသုံးပြုပါ။
အဆီပြန်အသားအရေအတွက်ဆိုရင် Gel နဲ့ Liquids ကို အသုံးပြုပါ။
ပေါင်းစပ်အသားအရေနဲ့ ထိခိုက်လွယ်တဲ့ အသားအရေအတွက်ဆိုရင် Liquids၊ Lotions နဲ့Serums ကို အသုံးပြုပါ။
အသားအရေအမျိုးအစားအားလုံးအတွက်ဆိုရင် Sunscreen ကို အသုံးပြုပါ။