ခရမ်းချဉ်သီး ပုစွန်ဟင်းရှူးရှဲအစပ်

0
55

ပင်လယ်စာ ပုစွန်ဟင်းလျာလေးကို ရှူးရှူးရှဲရှဲနဲ့ အစပ်ဂိတ်ဆုံးအထိ စားသုံးချင်သူများအတွက် ခရမ်းချဉ်သီး ပုစွန်ဟင်းလျာ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်သွန်နီ လေးစိပ် တစ်စိပ် (ပါးပါးလှီးထားပါ)
ငရုတ်သီးအနီ ၂ တောင့် (ပါးပါးလှီးထားပါ)
ငရုတ်သီးထောင်း စားပွဲတင်ဇွန်း ၂ ဇွန်း
ပုစွန် ၁၀ ကောင်

ခရမ်းချဉ်သီး ၁ လုံး (၆ စိပ် စိပ်ထားပါ)
ရေ အနည်းငယ်
ခရမ်းချဉ်သီး Ketchup စားပွဲတင်ဇွန်း ၁ ဇွန်း
ငါးငံပြာရည် လက်ကဖ်ရည်ဇွန်း ၁ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ငရုတ်သီးတို့ထည့်ကာ ဆီသတ်ပါ။ ထို့နောက် ငရုတ်သီးထောင်းထည့်ပါ။ မွှေပါ။

၂။ ပြီးရင်တော့ ပုစွန်ထည့်ပါ။ ခရမ်းချဉ်သီး၊ ရေအနည်းငယ်၊ ခရမ်းချဉ်သီး Ketchup ၊ ငါးငံပြာရည်နှင့် သကြားတို့ထည့်ကာ ၂ မိနစ်ခန့် တည်ထားပါ။

၃။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက် မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

သင့်အနေနဲ့ လိုအပ်ပါက ရေ အနည်းငယ် ထပ်ထည့်နိုင်သလို အုန်းနို့အရသာ မြည်းစမ်းကြည့်ချင်ပါက အုန်းနို့အနည်းငယ် ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းချဉ်သီး ပုစွန်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here