၁)လက်ဖဝါးထဲတွင် ပျားရည်အနည်းငယ်ထည့်ပြီး ရေနှင့် ပွတ်သပ်ဆေးကြောခြင်းဖြင့် လက်များ သန့်ရှင်းစင်ကြယ်သွားပါက ပျားရည်အစစ် ဖြစ်ပါတယ်။
၂)မှင်နှိပ်စက္ကူ (သို့) သတင်းစာ စက္ကူပေါ်သို့ ပျားရည် အစက်ချပါက အရည်စိုပြီး အောက်သို့ စိမ့်ကျခြင်း၊ ဘေးသို့ ပြန့်သွားခြင်း မရှိဘဲ အရည်မစိုပါက ပျားရည်အစစ် ဖြစ်ပါတယ်။
၃)စတီးဇွန်းထဲသို့ ပျားရည်ထည့်ပြီး မီးဖြင့် ပြပါက ပျားရည်ပျင်းတွဲတွဲ ဖြစ်ခြင်း ၊ မီးလောင်ခြင်းဖြစ်ပါက ပျားရည်အစစ်ဖြစ်ပါတယ်။
၄)လက်ဖဝါးပေါ်တွင် ကွမ်းစားထုံးနှင့် ပျားရည်ရော၍ ပွတ်ပါက လက်ဖဝါးပူလာလျှင် ပျားရည်အစစ်ဖြစ်ပါတယ်။
၅)ပွက်ပွက်ဆူ ရေနွေးထည့်ထားသော ဖန်ခွက်ထဲ ပျားရည်အစက်ချပါက ရေပူခြောက်ခြေတွင် စုနေပြီး ရေပူပေါ်တွင် ဝေ့မနေဘဲ သန့်ရှင်းကြည်လင်နေပါက ပျားရည်အစစ်ဖြစ်ပါတယ်။
၆)မီးခြစ်ဆံအား ပျားရည်ထဲသို့ ထည့်ပြီး မီးခြစ်ခြစ်ကြည့်ပါက မီးခြံဆံတောက်လျင် ပျားရည်အစစ် ဖြစ်ပါတယ်။