လာရောက်လည်ပတ်တဲ့သူတွေ အမှိုက်မပစ်ရင် ငိုတဲ့ Hong Kong Disneylandရဲ့ စကားပြောသောအမှိုက်ပုံးလေး

0
37

ဖော်ရွေလှတဲ့ အရုပ်ကြီးတွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာကစားစရာတွေနဲ့ နာမည်ကြီးတဲ့ Hong Kong Disneyland မှာ လာရောက်လည်ပတ်သူတွေ စိတ်ဝင်စားနေတဲ့ အရာတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ Push လို့ အမည်ရတဲ့ စကားပြောသောအမှိုက်ပုံးလေးပါ။

အဲ့ဒီအမှိုက်ပုံးလေးက Disneyland အနှံ့လှည့်ပတ်သွားလာပြီး လာရောက်လည်ပတ်သူတွေနဲ့ ထိတွေ့ဆက်ဆံကာ အမှိုက်ရှိမရှိမေးမြန်းပါတယ်။

“အမှိုက်စားချင်တယ်၊ အမှိုက်တကယ်မရှိဘူးလား”လို့ ခရမ်းရောင်နဲ့အဝါရောင်စပ်ထားတဲ့ Push က လာရောက်လည်ပတ်သူတွေကို မေးပါတယ်။ လာရောက်လည်ပတ်သူတွေက မရှိဘူးလို့ ပြန်ဖြေရင် Push က အဝေးထွက်သွားကာ ဝုန်းဒိုင်းကြဲပြီး ငိုပါတယ်။

Push က အခြားလာရောက်လည်ပတ်သူကို တွေ့ရင် “Jie Jie” လို့ ယဉ်ကျေးစွာခေါ်ဆိုပါတယ်။ အဲ့ဒီလည်ပတ်သူက တစ်ရှုးတစ်ရွက်ကို ကိုင်ထားပြီး Push ထဲကို ပစ်ပေးရပါတယ်။ အဲ့ဒီအချိန်ဆို ပျော်ရွှင်တဲ့အသံနဲ့ အမှိုက်ကို စားသောက်တဲ့အသံတွေပေးပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက Push ရဲ့ချစ်စရာအမူအရာတွေကြောင့် စိတ်အပန်းပြေနေကြပြီး ပြီးပြည့်စုံတဲ့ AI အသုံးပြုမှုဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

Push စကားပြောသောအမှိုက်ပုံးဟာ ၁၉၉၀ ဝန်းကျင်လောက်က ဖလော်ရီဒါပြည်နယ်ရဲ့ Walt Disney World Resort မှာ ပထမဆုံးပေါ်ခဲ့တာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here