မူးယစ်ဆေးစွဲတဲ့ မိဘနှစ်ပါးမှ မွေးဖွားလာပြီး အိမ်ရာမဲ့ဘဝမှသည် ဟားဗတ်တက္ကသိုလ်ဆီသို့

0
35

မူးယစ်ဆေးစွဲနေတဲ့ မိဘနှစ်ပါးကနေ မွေးဖွားလာခဲ့ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရပေမဲ့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ဆုရရှိခဲ့တဲ့ လစ်ဇ်မာရေးရဲ့ ဘဝဇာတ်ကြောင်းကတော့ အားကျအတုယူစရာပါပဲ။ ၁၉၈၀ ပြည့်နှစ်က အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ လစ်ဇ်မာရေးကို မွေးဖွားခဲ့တာပါ။ မိဘနှစ်ပါးလုံးက ဆေးစွဲနေပြီး ရှာသမျှ ပိုက်ဆံအားလုံးနီးပါးကိုလည်း မူးယစ်ဆေးဝယ်ဖို့ပဲ သုံးနေတာကြောင့် လစ်ဇ်မာရေးတို့ ညီအစ်မနှစ်ယောက်ဟာ အစားအသောက် အနေအထိုင် ချို့ငဲ့ခဲ့ပါတယ်။ လစ်ဇ်မာရေး ၁၅ နှစ်သမီးအရွယ်မှာ သူ့အမေက AIDS ရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး ဖခင်ဖြစ်သူကလည်း အိမ်ရာမဲ့စခန်းကို ရောက်သွားလို့ သူတို့ညီအစ်မခမျာ ကိုယ့်ဘဝကိုယ်ကျောင်း ခဲ့ရပါတယ်။

လစ်ဇ်မာရေးဟာ ပန်းခြံခုံတန်းလျားတွေ အိပ်လိုက်၊ ညရထားပေါ် လိုက်အိပ်လိုက်၊ အမှိုက်ပုံးထဲက စားစရာတွေ ယူစားကာ ရှင်သန်ခဲ့ရပေမဲ့ ပညာရေးကိုတော့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ သူဟာ အိမ်ရာမဲ့ အထက်တန်းကျောင်းကို တက်ပြီး ဟားဗတ်တက္ကသိုလ် တက်ရောက်ခွင့် ပညာသင်ဆု ရခဲ့တာပါ။ ဟားဗတ် တက္ကသိုလ် ရောက်သွားချိန်မှာတော့ ပတ်ဝန်းကျင်သစ်မှာ အသားမကျတာ၊ အတိတ်ကာလ စိတ်ရောဂါအခြေအနေတွေ အစရှိတဲ့ အခက်အခဲမျိုးစုံကို ကျော်လွှားခဲ့ရပေမဲ့ ၂၀၀၉ ခုနှစ်မှာတော့ စိတ်ပညာဘာသာရပ်နဲ့ ဘွဲ့ရခဲ့တာပါ။

လစ်ဇ်မာရေးဟာ သူ ကြုံခဲ့ရတာတွေကို စာနာနားလည်မှုကြောင့် အိမ်ရာမဲ့အရေး လှုပ်ရှားဆောင်ရွက်သူဖြစ်ခဲ့ပြီး ပညာရေးအခန်းကဏ္ဍ အရေးကြီးပုံ၊ မလျှော့သောဇွဲနဲ့ ပန်းတိုင်ရောက်ရင် လျှောက်လှမ်းကြဖို့ မကြာခဏ ဟောပြောတိုက်တွန်းလေ့ ရှိပြီး သူ့ဘဝဇာတ်ကြောင်းက ကမ္ဘာတစ်ဝန်းက သူ့သန်းပေါင်းများစွာရဲ့ အားကျအတုယူစရာ ဖြစ်လာခဲ့တာပါ။

သူ့ဘဝဇာတ်ကြောင်းကို Homeless to Harvard: The Liz Murray Story ရုပ်သံဇာတ်လမ်း ရိုက်ကူးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ သူ့ရဲ့အတ္တုပ္ပတ္တိစာအုပ် Breaking Night: A Memoir of Forgiveness, Survival, and My Journey from Homeless to Harvard ကလည်း နယူးယော့ခ်တိုင်းမ်ရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်စာရင်းမှာ ပါဝင်ခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here