သွေးဖြူဥနည်းသူတွေ ဘာတွေ စားရမလဲ ဆိုတော့ သွေးဖြူဥ နည်းသူတွေအနေနဲ့ သွေးတွင်းက သွေးဖြူဥ ပမာဏ တိုးစေဖို့ ဒီအစားအစာလေးတွေကို စားပေးလို့ ရပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာallicin ဒြပ်ပေါင်း ပါဝင်တာကြောင့်သွေးဖြူဥဆဲလ်တွေ ထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ တစ်နေ့ကို နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကနေ ၂ ဇွန်းစာအထိ စားသုံးပေးပါ။ ဟင်းချက်စားလို့ရသလို တို့စားပေးလို့လည်း ရပါတယ်။

ဟင်းနုနွယ်
ဗီတာမင်အေ၊ စီ နဲ့ ဗီတာမင် အီးတို့ ပါဝင်တာကြောင့် သွေးဖြူဥဆဲလ် အရေအတွက်ကို တိုးစေနိုင်ပါတယ်။ နေ့တိုင်း ဟင်းနုနွယ်ကြော် ပန်းကန်လုံး တစ်လုံးစာ စားပေးသင့်ပါတယ်။

သင်္ဘောရွက်
သွေးတွင်း သွေးဖြူဥ ပမာဏကို တိုးစေနိုင်တဲ့ အရေးပါတဲ့ ဒြပ်ပေါင်း တစ်ခုဖြစ်တဲ့ acetogenins ပါဝင်တာကြောင့် သွေးဖြူဥ အရေအတွက် တိုးချင်သူတွေအတွက် သင့်တော်ပါတယ်။ သင်္ဘောရွက်ကို ရေနဲ့ရောကြိတ်ပြီး ပျားရည် နည်းနည်း ထည့်လို့ သောက်ပေးလို့ ရပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်မှာ ပါတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကသွေးဖြူဥတွေ ထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ နေ့တိုင်း ဒိန်ချဉ်တစ်ခွက် သောက်ပေးပါ။
ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ sulforaphane (SFN) လို့ခေါ်တဲ့ ဓါတုဒြပ်ပေါင်း တစ်ခု ပါဝင်တာကြောင့် သွေးဖြူဥဆဲလ် အရေအတွက်ကို တိုးစေနိုင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။နေ့တိုင်း ချက်ထားတဲ့ ပန်းဂေါ်ဖီ တစ်ခွက်စာ စားပေးပါ။

ကီဝီသီး
ကီဝီသီးက ဓါတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို ပိုတက်ဆီယမ်၊ ဗီတာမင် စီ နဲ့ ဗီတာမင် အီးတို့ ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလို သွေးဖြူဥ အရေအတွက်ကိုလည်း တိုးစေနိုင်ပါတယ်။ တစ်နေ့ကို ကီဝီသီး တစ်လုံး၊ နှစ်လုံးလောက် စားပေးလို့ ရပါတယ်။

လိမ္မော်သီး
ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခံအား ကောင်းစေပြီး သွေးဖြူဥ အရေအတွက်ကိုလည်း တိုးစေနိုင်ပါတယ်။ တစ်နေ့ကို လိမ္မော်သီး တစ်လုံးကနေ ၃ လုံးလောက်အထိ စားပေးလို့ ရပါတယ်။ အခြား အချဉ်ပါတဲ့ အသီးတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ ဂရိတ်ဖရုစ် နဲ့ စပျစ်သီးတို့ကိုလည်း စားပေးလို့ ရပါတယ်။
ရဲယိုသီး
ရဲယိုသီးမှာ ဗီတာမင် စီ ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေကို တိုးပွားစေနိုင်ပါတယ်။ တစ်နေ့ကို ရဲယိုသီး အရွယ်တော် တစ်လုံး ဒါမှမဟုတ် အချိုမပါတဲ့ ရဲယိုသီး ဖျော်ရည် တစ်ခွက် သောက်ပေးပါ။