ပိန္နဲသီး မျှဉ်ပုစွန် ရခိုင်ချက်

0
32

ပိန္နဲသီးကို မြန်မာအများစုက ဝက်သားလေးနဲ့ ဆီပြန်လေးချက်စားတတ်ကြပါတယ် ။ ရခိုင်တွေကတော့ လယ်ချက်လေးကို ပိုကြိုက်ကြပါတယ်။

ပါဝင်ပစ္စည်းများ

ပိန္နဲသီး
ငရုတ်သီးစိမ်း
မျှင်ပုစွန် (ပုစွန်ဆိတ်)
ဆီအနည်းငယ်
စိမ်းစားငပိ (သို့) မျှင်ငပိ အနည်းငယ်
ဆားအနည်းငယ်
ဆူးပုပ်

ပြင်ဆင်ပြုလုပ်နည်း

ပိန္နဲသီးကို အနေတော်တုံးလေးတွေ တုံးပြီး သေချာ ရေဆေးပါ။
ပြီးရင် အိုးကင်းတစ်ခုထဲထည့်ပြီး ငရုတ်သီးစိမ်း ၂ တောင့်လောက် ပါးပါးညှပ်ထည့်ပေးပါ ။ မျှင်ပုစွန် (ပုစွန်ဆိတ်) လေးတွေ ထည့်ပါ ။
ဆီအနည်းငယ်ထည့်ပါ။ (ဆီ ပါရုံ တစ်စက် နှစ်စက်လေး ထည့်ပေးပါ) စိမ်းစားငပိ (သို့) မျှင်ငပိ အနည်းငယ်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။ အိုးဖုံးလေး ဖုံးပြီး ချက်ထားပါ။
ဟင်းဆူပွက်လာပြီဆို စားချင်စဖွယ် အနံ့လေးထွက်လာပါလိမ့်မယ် ။ ပြီးရင်တော့ ဆူးပုပ်လေး ထည့်ပြီး အိုးဖုံးလေးပြန်ဖုံးပြီး အရည်လေးခမ်းအောင် ထားပေးလိုက်ပါတယ် ။
ကျွန်မကတော့ ကက်ကတစ် ငါးအသားကိုပါ ထည့်ထားတဲ့အတွက် ပိုချိုပါတယ်။ တချို့ကတော့ မကျည်းနှစ်လေး ထည့်စားတတ်ပါတယ် ။ တကယ် အနံ့အရသာစားချင်စဖွယ် ဟင်းကောင်းလေးတစ်မျိုးပါ။

ဆီသိပ်သုံးစရာမလိုတဲ့ ကျန်းမာရေးအတွက်ကောင်းမွှန်တဲ့ ဟင်းလေးပါ ။

LEAVE A REPLY

Please enter your comment!
Please enter your name here