ပါဝင်ပစ္စည်းအနည်းငယ်ရှိရုံနဲ့ ပြင်ဆင်ရလွယ်ကူတဲ့ BBQ အရသာကြက်ပေါင်လေးတွေက အချိန်တိုအတွင်း စားသုံးနိုင်ဖို့ အားစိုက်ထုတ်စရာမလိုပဲ ချက်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်ပေါင် ၃ ပေါင်
BBQ အမှုန့် ၂ ဇွန်း
BBQ Sauce 2 1/2 ခွက်
Cooking Spray


ချက်ပြုတ်နည်းအဆင့်ဆင့်
အရင်ဆုံး Slow Cooker ကို Cooking Spray ဖြန်းပေးပါ။ ကြက်ပေါင်ကို BBQ အမှုန့်နဲ့နယ်ပြီးရင် Slow Cooker ထဲကို စီထည့်လိုက်ပါ။ အပေါ်ကနေ BBQ Sauce ကို ဆမ်းပေးပါ။ အဖုံးဖုံးပြီး 5-6 နာရီ သို့မဟုတ် 3-4 နာရီကြာအောင် ချက်ပေးပါ။ ကြက်သားများကြက်ပြီဆိုရင် အရသာရှိရှိ စားသုံးနိုင်ပါပြီ။