BTS အဖွဲ့ဝင် Jungkook ပုံစံတူပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သူ

0
52

နိုဝင်ဘာ ၂၄ ရက်နေ့က ရှီကာဂိုမြို့ရှိ Ping Tom Parkမှာ ကမ္ဘာကျော်ကိုရီးယားအဆိုအဖွဲ့ BTS အဖွဲ့ဝင် Jungkook ပုံစံတူပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲမှာ အနိုင်ရရှိသူက အမေရိကန်ဒေါ်လာ ၂၀ နဲ့ ဆိုဂျူ ၁ ပုလင်းရရှိပါတယ်။

အနိုင်ရရှိတဲ့သူကတော့ သူ့ရဲ့follower တွေက Jungkook နဲ့တူတယ်လို့ ပြောခဲ့ကြတဲ့ Content Creator အန်ဒရူး အလက်ဇန္ဒားဆိုသူပါ။

သူဟာ Jungkook နဲ့တူဖို့အတွက် Jungkook ရဲ့လက်မှာထိုးထားတဲ့ တက်တူးအတိုင်း လိုက်ထိုးခဲ့ရပြီး နားပေါက်တွေလည်းဖောက်ခဲ့ရပါတယ်လို့ သိရပါတယ်။အန်ဒရူးက အင်တာနက်အသုံးပြုသူတွေဆီက မှတ်ချက်အမျိုးမျိုးရခဲ့ပါတယ်။ တချို့က Jungkook နဲ့မတူဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ သူ့ကို ချစ်စရာတော့ကောင်းပါတယ်တဲ့။

အင်တာနက်အသုံးပြုသူတစ်ဦးကဆိုရင် အမေရိကန်ဒေါ်လာ ၂၀ နဲ့ဆိုဂျူ ၁ ပုလင်းအတွက် အန်ဒရူး ကြိုးစားအားထုတ်မှုအရမ်းများခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။သူ့ရဲ့Follower တွေကတော့ သူ့ဘက်ကနေရပ်တည်ပြီးတော့ ရုပ်ပိုင်းဆိုင်ရာတူညီမှုကတော့ မသိသာပေမဲ့ အမူအကျင့်လေးတွေက ဆင်တူတယ်လို့ ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here