ခေါင်းလျှော်ပါ ခေါင်းလျှော်တာက ဆံသား ထိန်းသိမ်းမှုရဲ့ အခြေခံ အကျဆုံး အဆင့်တစ်ရပ်ပါ။ ဒီလိုဆိုတာနဲ့ ခဏခဏခေါင်းလျှော်နေဖို့တော့ မလိုပါဘူး။ ခေါင်းမလျှော်တာက ဆံသားကို ထိခိုက်စေသလို ခဏခဏ ခေါင်းလျှော်တာကလည်း ဆံသားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံသား အမျိုးအစားကို လိုက်ပြီး တစ်ပတ်ကို ၂ ကြိမ် ဒါမှမဟုတ် ၂ ရက်ခြား တစ်ကြိမ်လောက် လျှော်ပေးဖို့ လိုပါမယ်။ အားကစား လုပ်တဲ့သူဆိုရင်တော့…
Category: Beauty
အသားအရေကို ကြည်လင်ဝင်းပစေဖို့အတွက် ကူညီပေးမယ့် ဖျော်ရည် ( ၅ ) မျိုး
တောက်ပတဲ့ အသားအရေကို လိုချင်ရင်တော့ အဆီနည်းပြီး အာဟာရ များများပါတဲ့ အစားအသောက်တွေကို ရွေးချယ် စားသုံးဖို့တော့ လိုပါတယ်။အသီးအနှံတွေကို စားသုံးပေးတာက အသားအရေအတွက် အကောင်းဆုံးလုပ်ဆောင်မှုတစ်ခုဖြစ်ပြီး တောက်ပတဲ့ အသားအရေကို ရရှိဖို့ ကူညီပေးနိုင်ပါတယ်။ Beetroot Juice ဖောလစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်၊ သံ၊ ပိုတက်စီယမ်၊ ဇင့်နှင့် ကြေးနီတို့ ကြွယ်ဝစွာပါရှိတဲ့ Beetroot Juice ဟာ ရောင်ရမ်းမှုကိုလည်း လျှော့ချပေးတဲ့အပြင် ဗီတာမင်…
ဆယ်ကျော်သက်တွေအတွက် အသားအရေထိန်းသိမ်းနည်းများ
၁။ တစ်နေ့ကို ၂ ကြိမ် မျက်နှာသစ်ပါ။ မျက်နှာသစ်ဆေးကောင်းကောင်း ဝယ်သုံးဖို့ မနှမြောပါနဲ့။ ၂။ မျက်နှာပေါ်က အညစ်အကြေးတွေနဲ့ အဆီတွေကို ဖယ်ရှားဖို့ ဆပ်ပြာမပါဘဲ ရေအေးလေးနဲ့ မကြာခဏ မျက်နှာသစ်ပေးပါ။ ၃။ မနက်တိုင်း၊ ညတိုင်းမှာ မျက်နှာကို သေချာသန့်စင်ပါ၊ toner ကောင်းကောင်းသုံးပါ၊ moisturizer ကောင်းကောင်းလိမ်းပါ။ လုံးဝမပျက်ကွက်ပါနဲ့။ ၄။ အပတ်တိုင်း တစ်ပတ်တစ်ကြိမ်လောက် မျက်နှာချေးချွတ်ပါ။ ၅။…
ပျော့ပျောင်းလှပတဲ့ ဆံကေသာအတွက်ပေါင်းတင်နည်း
ဆံပင်နဲ့ပတ်သက်တဲ့ ပြဿနာအားလုံးကိုဖြေရှင်းပေးပြီးတောက်ပနူးညံ့တဲ့ဆံကေသာအလှတရားကိုပျားရည်နဲ့ သံလွင်ဆီကပေးစွမ်းနိုင်မှာပါ။ ပျားရည်နဲ့သံလွင်ဆီဆိုတာပျက်စီးနေတဲ့ဆံသားတွေကိုအကောင်းအတိုင်းဖြစ်အောင် ပြန်လည်ပြုပြင်ပေးရုံသာမကဆံပင်မပျက်စီးအောင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်ဆုံးသဘာဝပစ္စည်းတွေဖြစ်ပါတယ်။ ဆံသားအမျိုးအစားအားလုံးအတွက် အကျိုးကျေးဇူးဖြစ်စေတဲ့ ပျားရည်နဲ့သံလွင်ဆီပေါင်းတင်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ပေါင်းတင်နည်းအဆင့်ဆင့် (၁) ဆံပင်အရှည်နဲ့ အထူပေါ်မူတည်ပြီးပျားရည် ၂ဆ၊ သံလွင်ဆီ ၁ဆ ကိုရောမွှေပါ။ (၂) ခေါင်းလျှော်ပြီးကာစစိုဖန့်ဖန့်အချိန်မှာပျားရည်နဲ့ သံလွင်ဆီအရောကိုဦးခေါင်းအနှံ့လိမ်းပေးပါ။ (၃) ဆံရင်းကနေဆံဖျားအထိရောက်အောင်၊ ဦးရေပြားထဲထိစိမ့်ဝင်အောင် အသာအယာနှိပ်နယ်ပေးပါ။ (၄) ပြီးရင် ပလတ်စတစ် shower cap လေးနဲ့ ခေါင်းကိုစွပ်ပြီးအုပ်ထားလိုက်ပါ။…
အလှအပအတွက် ငွေကုန်ကြေးကျသက်သာစေမယ့် နည်းလမ်းကောင်းများ
၁။ အသားအရေလှဖို့ ရေခဲတုံးသုံးပါ အသားအရေလှပဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာစားသောက်ပြီး အိပ်ရေးဝဝအိပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ မနက်နိုးလာချိန်မှာတော့ အသားအရေကို ပိုပြီးလှပအောင် ရေခဲတုံးလေးနဲ့ ပွတ်ပေးပါ။ မျက်နှာအသားအရေရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဝင်းပစေပါတယ်။ ၂။ အလှအပပစ္စည်းတွေကို ရေချိုးခန်းထဲမှာ မထားပါနဲ့ ရေချိုးခန်းထဲက အလှအပပစ္စည်းတွေအားလုံးကို ထုတ်လိုက်ပါ။ ရေချိုးခန်းရဲ့ စိုစွတ်တဲ့သဘာဝကြောင့် အလှအပပစ္စည်းတွေရဲ့ အာနိသင်တွေ ပြယ်သွားစေပါတယ်။ ၃။ အသားအရေနဲ့…
ဆံသားလှပသန်စွမ်းပြီး အမြန်ရှည်စေဖို့ အကောင်းဆုံးစားစရာများ
၁။ ကြက်ဥ ကြက်ဥမှာ ဦးရေပြားနဲ့ ဆံကေသာကို သန်စွမ်းစေတဲ့ ဘိုင်အိုတင် (biotin) ဓာတ်တွေပါဝင်ပါတယ်။ ဘိုင်အိုတင်ဓာတ်ချို့တဲ့ပါက ဆံပင်ကျွတ်စေတာကြောင့် ဘိုင်အိုတင်ဟာ ဆံကေသာအတွက် သိပ်ကိုအရေးပါပါတယ်။ ဒါကြောင့် ဆံပင်သန်စွမ်းပြီး အရှည်မြန်ချင်တယ်ဆိုရင် ကြက်ဥများများစားပေးသင့်ပါတယ်။၂။ ကန်စွန်းဥ ကန်စွန်းဥမှာပါဝင်တဲ့ ဘီတာကရိုတင်း (beta-carotene) ဓာတ်က ဦးရေပြားနဲ့ ဆံကေသာဆဲလ်တွေကို အားဖြည့်ပေးပြီး ဗောက်တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆံသားခြောက်သွေ့တာတွေ၊ အရောင်မွဲတာတွေကိုလည်း ကာကွယ်ပေးပါတယ်။၃။ ပဲနီလေး…
ဝက်ခြံကင်းစင်ပြီး ချောမွတ်တဲ့အသားအရေဖြစ်စေဖို့နည်းလမ်းကောင်းများ
၁။ မျက်နှာသုတ်ပဝါကို မှန်မှန်လျှော်ဖွပ်ပါ။ ၂။ ခေါင်းအုံးစွပ်ကို အမြဲသန့်သန့်ရှင်းရှင်းဖြစ်အောင် လျှော်ဖွပ်ပါ။ ၃။ TV remote တွေမှာ ဘက်တီးရီးယားပိုးတွေရှိနေတာကြောင့် လက်ချောင်းများမှတဆင့် မျက်နှာ ပေါ် အလွယ်တကူရောက်ရှိလာနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာထဲကို ယူမအိပ်သင့်ပါ။ ၄။ မအိပ်ခင်မှာ အဆာပြေသရေစာစားတာမျိုး ရှောင်ပါ။ ၅။ ဘေးစောင်းအိပ်ခြင်းက ဆံပင်မှအဆီတွေကို အသားအရေနဲ့ထိတွေ့ပြီး ဝက်ခြံထွက်ခြင်းကို ဦး တည်စေပါတယ်။ ဒါကြောင့် ပက်လက်အိပ်ပြီး…
နူးညံ့ချောမွေ့တဲ့လက်လှလှလေးဖြစ်စေဖို့ နည်းလမ်းကောင်းများ
အိမ်မှုကိစ္စလုပ်နေရတဲ့သူတွေဆိုရင် ဆပ်ပြာမှုန့်၊ ကြေးချွတ်ဆေးတွေနဲ့ အခြားဓာတုပစ္စည်းတွေကြောင့် လက်တွေဟာ ကြမ်းတမ်းလာတတ်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် စိုးရိမ်စရာမလိုပါဘူး။ ကြမ်းတမ်းနေတဲ့လက်တစ်စုံကို နူးညံ့ချောမွေ့သွားအောင် လုပ်လို့ရပါတယ်။ သင်ရဲ့လက်ကို နူးညံ့ချောမွေ့သွားစေမယ့် ဂရုစိုက်ထိန်းသိမ်းနည်းတချို့ကို မျှဝေပေးလိုက်ရပါတယ်။ ၁။ သံလွင်ဆီ (လက်ဖက်ရည်ဇွန်းတစ်ဝက်) ခန့်နဲ့ သကြား (လက်ဖက်ရည်ဇွန်း (၁) ဇွန်း) တို့ကို ရောစပ်လိုက်ပြီး လက်ဖဝါးပေါ်မှာ အသုံးပြုလိုက်ပါ။ ပြီးရင် လက်ဖဝါးနဲ့ လက်ဖမိုးတို့ကို ဖြည်းဖြည်းသာသာလေး…
အသားအရေအတွက် အလှဆီ၏ကောင်းကျိုးများ
ဂလစ်ဆရင်းဆိုတာ ချိုအီမွှေးပျံ့တဲ့အနံ့အရသာရှိပြီး အဆိပ်အတောက်လုံးဝမရှိတဲ့ သဘာဝ အလှဆီ စစ်စစ်ဖြစ်ပါတယ်။ တစ်ဘူးဝယ်ထားရင် တစ်အိမ်လုံးအတွက်လည်း အသုံးတည့်တဲ့ မရှိမဖြစ် လေးပါ။ ဘာကြောင့်လဲဆိုတော့ ဂလစ်ဆရင်းမှာ ဆံပင်နဲ့ အသားအရေအတွက် အကျိုးကျေးဇူးတွေ အများကြီးပါဝင်နေလို့ပါ။ ၁။ သဘာဝအတိုင်း အသားအရေစိုပြေမှုကို ထိန်းသိမ်းပေးခြင်း ဂလစ်ဆရင်းဟာ သဘာဝအလှဆီဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ဆီက စွတ်စိုမှုဓာတ်တွေကို အ သားအရေအတွက် စုပ်ယူပေးပါတယ်။ ခြောက်သွေ့ပြီး အသားပပ်ရင် ဂလစ်ဆရင်းကို လိမ်းပေးပါက…
မျက်ကွင်းညိုခြင်းကိုသက်သာစေမည့် နည်းလမ်းကောင်းများ
မိန်းကလေးအများစုတွေ့ကြုံနေရတဲ့ အလှအပပြဿနာတွေထဲကတစ်ခုကတော့ မျက်ကွင်းညိုတာပါပဲ။ ကျွန်မတို့မျက်လုံးတစ်ဝိုက်မှာ ညိုမဲနေတာမျိုးကို ပျောက်အောင်ကုသချင်တယ်ဆိုရင် သဘာဝနည်းလမ်းလေးတွေနဲ့ ကုသပေးလို့ရပါတယ်။ အာလူးအရည် အာလူးအနည်းငယ်ကို ခြစ်ပြီး အာလူးအရည်ရအောင် ယူလိုက်ပါ။ အာလူးအရည်ကို ဝါဂွမ်းစလေးနဲ့တို့ပြီး မျက်လုံးတစ်ဝိုက်ကို လိမ်းပါ။ လိမ်းတဲ့အခါ မျက်လုံးကိုမှိတ်ထားပြီး မျက်ရစ်အပါအဝင် မျက်လုံးအောက်က မျက်ကွင်းညိုတဲ့နေရာတွေကို သေချာလိမ်းပေးရမှာပါ။ (၁၀) မိနစ်လောက်ထားပြီးရင်တော့ ရေအေးနဲ့သန့်စင်ပေးပါ။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးက မျက်ကွင်းညိုခြင်းကို ဖယ်ရှားနိုင်တဲ့ အကောင်းဆုံးဆေးတစ်ခုဖြစ်ပါတယ်။ ခရမ်းချဉ်သီးက…