ကမ်းခြေတွေ ရေကူးကန်တွေမှာ ဝတ်သင့်တဲ့ အမိုက်စား အလန်းစား ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပေါ်လွင်စေမယ့် ဒီဇိုင်းများကို စုစည်းမျှဝေပေးလိုက်ပါတယ်။
Category: Fashion
သင့် အသားအရောင်အလိုက် ဘယ်လို အရောင်လေးတွေ ရွေးချယ်ဝတ်သင့်လဲ
ပျိုမေတို့ရဲ့အလှတွေကို ပေါ်လွင်အောင် ဝတ်ဆင်ဖို့ဆိုရင် အရမ်းအရေးကြီးတဲ့အရာတစ်ခုကတော့ အရောင်ရွေးချယ်မှု မှန်ကန်ဖို့ပဲဖြစ်ပါတယ်။ ပျိုမေတို့ အသားအရောင်ကို လိုက်ပြီး ရွေးချယ် ဝတ်ဆင်လိုက်တဲ့အခါ ပျိုမေတို့ရဲ့ အလှက အများကြီး ပိုပြီးပေါ်လွင်သွားစေမှာဖြစ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ ပျိုမေတို့ရဲ့ အသားအရောင်အပေါ် မူတည်ပြီး ရွေးချယ်သင့်တဲ့ အဝတ်အစားအရောင်တွေပဲဖြစ်ပါတယ်နော်..။ (၁) အသားဖြူသူများ အသားဖြူတဲ့ ပျိုမေတို့အနေနဲ့ ဘာအရောင်ပဲ ဝတ်ဝတ် လှတယ်လို့တော့ မထင်စေချင်ပါဘူး။ နက်ပြာရောင်၊ ကျောက်စိမ်းရောင်၊ နီညိုရောင်…
ဂျင်းဘောင်းဘီလေးတွေကို ဘယ်လိုပြန်ပြင်ဆင် DIY လုပ်ပြီး အသွင်သစ်ဖန်တီးဝတ်ဆင်မလဲ
ဒီနေ့တော့ ကိုယ့်မှာရှိပြီးသား ဂျင်းဂျက်ကတ်၊ ဂျင်းဘောင်းဘီလေးတွေကို ဘယ်လိုပြန်ပြင်ဆင် DIY လုပ်ပြီး အသွင်သစ်ဖန်တီးဝတ်ဆင်နိုင်သလဲဆိုတာလေး ပြောပြချင်ပါတယ်။ တစ်ခါတစ်လေ ဗီရိုထဲက ဂျင်းအထည်တွေကလည်း ဝတ်ရတာ ပျင်းဖို့ကောင်းလာပြီ၊ အမိုက်စားဒီဇိုင်းသစ်တွေ ထပ်ဝယ်ဖို့လည်း ရေကသိပ်မရှိသေးဘူး ဆိုရင်တော့ ခုပြောပြမယ့် နည်းလေးတွေက အလုပ်နည်းနည်းရှုပ်ပေမယ့် ချစ်တို့အတွက်အသုံးဝင်မှာ သေချာပါတယ်။ (၁) ကိုယ့်ဆီမှာ ရှိပြီးသား jean jacket တွေကို ကိုယ့်စိတ်ကြိုက် patches လေးတွေဝယ်ပြီး…
ခန္ဓာကိုယ်အလှကို ပေါ်လွင်စေမယ့် အားကစားဝတ်စုံများ
အားကစားလုပ်တယ်ဆိုတာ ကျန်းမာရေးညီညွတ်ဖို့ ဟုတ်သလို ခန္ဓာကိုယ်သေးသေးသွယ်သွယ် ကျစ်ကျစ်လစ်လစ်ဖြစ်ပြီး လှနေဖို့ဆိုတာ မမှားဘူးမလား? ဒီနေ့တော့ အားကစားလိုက်စားတဲ့ အားကစားဝါသနာပါတဲ့ မိန်းကလေးတွေအတွက် ခန္ဓာကိုယ်အလှကို ပေါ်လွင်စေမယ့် အားက စားဝတ်စုံ ဖက်ရှင်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
လူကြီးဆန်ပြီး ရိုးလွန်းနေသော ရုံးတက်ဖက်ရှင်များကို ပြောင်းလဲပါ
ပျိုမေတို့အတွက် ရုံးဆိုတာ ကိုယ့်ရဲ့ တစ်နေ့တာကို ဖြတ်သန်းနေရတဲ့ လုပ်ငန်းခွင်နေရာတစ်ခုဆို မမှားပါဘူး။ နေ့စဉ် ရုံးသွားတဲ့အခါ ဖက်ရှင်ကျကျ ဖြစ်နေဖို့လည်း အရေးကြီးပါတယ်။ အဲဒီလို စမတ်ကျနေစေဖို့ တစ်နေ့ တစ်မျိုး မရိုးရအောင် ဝတ်ဆင်တတ်ဖို့လည်း လိုပါတယ်။ တစ်နေ့တစ်နေ့ ဒီပုံစံကိုပဲ ထပ်နေအောင် ဝတ်နေတာက သင့်ကို မလန်းဆန်းစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ရဲ့ဝတ်စားပုံက အမြဲတမ်း ပုံစံတူပြီး ရိုးရိုးကြီးဖြစ်နေပြီဆိုရင်တော့ အခုလို စမတ်ကျပြီး…
90’s စတိုင်နဲ့ ဖက်ရှင်ကျအောင် ဘယ်လိုဝတ်မလဲ?
ဖက်ရှင်ဆိုတာက အမြဲတမ်း တစ်ပတ်ပြန်လည်နေတဲ့အရာတစ်ခုပါ။ 70’s, 80’s နဲ့ 90’s ခေတ်တုန်းက ခေတ်စားခဲ့တဲ့ ဝတ်စားဆင်ယင်မှုတွေက အခုတဖန် ပြန်လည်နေရာယူနေတာပဲ မဟုတ်လား။ ပြီးခဲ့တဲ့ နှစ် ၂၀ တုန်းက မိုက်ခဲ့တဲ့ ဖက်ရှင်ရှိုးပွဲတွေနဲ့ Street Style တွေဆိုရင်လည်း အခုဆိုရင် 90’s ဖက်ရှင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရပ်တည်နေပါတယ်။ ဒါကြောင့် 90’s အချိန်တွေမှာ ခေတ်စားခဲ့တဲ့ဖက်ရှင်ကို အခုတစ်ဖန်…
Tatoo အလှကို အထင်းသားပေါ်လွင်စေမယ့် ဖက်ရှင်များ
Tatoo ကို အသားအနာခံပြီး ထိုးထားတယ်ဆိုတာ ကိုယ်တိုင်ကြိုက်လို့ဆိုတာ ဟုတ်သလို သူများကိုလည်း မြင်စေချင်မှာဖြစ်ပါတယ်။ ဒါကြောင့် Tatoo ထိုးပြီး Tatoo အလှကို အထင်းသားပေါ်လွင်စေမယ့် ဖက်ရှင်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ အမိုက်စား ဖက်ရှင် အမိုက်စား Tatoo များနဲ့ အကြမ်းစားဂေါ်ကြရအောင်။
တင်ပါးကြီးတယ်ထင်ရအောင်ဘယ်လိုဝတ်စားမလဲ
တင်ပါးလေးသေးပြီးဆွဲဆောင်မှုမရှိဘူးလို့ထင်နေရင်အလွယ်ဆုံးနည်းလမ်းကတော့အဝတ်အစားပါပဲ။ တင်ပါးကြီးအောင်လေ့ကျင့်ခန်းတွေလုပ်ရတာမလွယ်ပါဘူး။နေ့တိုင်းလုပ်နိုင်မှအကျိုးသက်ရောက်မှုရှိ တာပါ။ အချိန်တော်တော်ယူပြီးမှတင်ပါးမှာလေး နဲနဲကြီးလာတာမို့အလွယ်တကူဖက်ရှင်ကိုအသုံးချပြီး မျက်လုံးတွေကိုလှည့်စားလို့ရပါတယ်။ 1 ဘောင်းဘီရွေးချယ်မှု ဘောင်းဘီရွေးချယ်မှုမှန်ကန်ရပါမယ်။သေချာရွေးချယ်ဝတ်တတ်ရင်တင်ပါးလေးလုံးဝန်းပြီးလှနေမှာပါ။ – ဘောင်းဘီအကျပ်တွေဝတ်ပါ။ဘောင်းဘီအပွတွေဝတ်ရင်တင်ပါးဘယ်လိုမှမပေါ်နိုင်ပါဘူး။ skinny jean တွေကတင်ပါးကိုပင့်တင်ပေးနိုင်လို့ရှိရင်းစွဲဆိုဒ်ထက်ပိုကြီးတယ်လို့ထင်ရစေပါ တယ်။ – တင်ပါးနေရာမှာအိပ်ကပ်ပါတဲ့ဘောင်းဘီကိုရွေးချယ်ပါ။အိပ်ကပ်သေးတဲ့ဘောင်းဘီကိုရွေးဝယ်ပါ။အိပ်ကပ်မပါတဲ့ဘောင်းဘီတွေနဲ့အိပ်ကပ်အကြီးကြီးတွေပါတဲ့ဘောင်းဘီတွေက တင်ပါးကိုကြီးတယ်လို့မထင်ရစေပါဘူး။ – ခါးထိဖုံးတဲ့ဘောင်းဘီတွေကိုဝတ်ပေးခြင်းအားဖြင့်လဲအထောက်အကူပြုပါတယ်။ဗိုက်မှာအဆီ ရှိရင်လဲဖုံးထားလို့ရတာပေါ့နော်။ 2 ခါးသိမ်အောင်လုပ်ခြင်း ခါးသိမ်နေရင်တင်ပါးကအလိုလိုကြီးတယ်လို့ထင်ရလာမှာပါ။ခါးသိမ်တယ်ထင်ရအောင်လုပ်ဖို့နည်းလမ်း တွေဝေမျှလိုက်ပါတယ်။ – ခါးပတ်ပတ်ပေးခြင်းအားဖြင့်ခါးသိမ်တယ်ထင်ရစေပါတယ်။ခါးပါတ်အပြားအကြီးကြီးတွေက ပိုပြီးသင့်တော်ပါတယ်။ – ဗိုက်ချပ်ဘောင်းဘီဒါမှမဟုတ်ခါးစီးတွေပတ်ပေးပြီးလဲခါးသေးအောင်လုပ်လို့ရပါသေးတယ်။ – အပေါ်ပိုင်းကိုအရောင်အရင့်ဝတ်ပေးပြီး အောက်ပိုင်းကိုဘောင်းဘီအရောင်နုဝတ်ပေးပါ။…
ရိုးရှင်းလှတဲ့ ဆောင်းဟေကိုရဲ့ လေဆိပ်ဆင်းဖက်ရှင်
Kyo လေဆိပ်ဆင်းတဲ့ဖက်ရှင်လေးက ရိုးရိုးလေးနဲ့ လှလွန်းတယ်လို့ မထင်ဘူးလား? အသက် (၄၀) ကျော်ပြီဖြစ်တဲ့ Song Hey Kyo က နုပျိုပြီးလှပနေတုန်းပဲဖြစ်ပါတယ်၊ သူမရဲ့အလှတရားက ရိုးရိုးရှင်းရှင်းလေးနဲ့ဆိုရင်တောင် လူကြားထဲ ထင်းထွက်နေတာပဲဖြစ်ပါတယ်။ ဒီနေ့တော့ Song Hey Kyo ရဲ့ Fan တွေအတွက် Kyo ရဲ့ လေဆိပ်ဆင်းခဲ့တဲ့ ရိုးရှင်းလှပတဲ့ဖက်ရှင်လေးကို မျှဝေပေးလိုက်ပါတယ်။
စကပ်အတိုကို ဘယ်လိုစတိုင်ကျအောင်ဝတ်မလဲ
ရာသီဘယ်လောက်ပြောင်းပြောင်း ဖက်ရှင်ရေစီးကြောင်းမှာတော့ ကမ္ဘာတစ်ဝှမ်းမှ အမျိုးသမီးများ မပြောင်းမလဲ အစဉ်အမြဲဝတ်ဆင်လျက်ရှိနေတဲ့ အဝတ်အစားမှာ စကပ်အတိုပဲဖြစ်ပါတယ်။ မီနီစကပ်တွေက ရွေးချယ်ရာ ဖက်ရှင်ဒီဇိုင်းပေါ်မူတည်ပြီး သင့်အားခေတ်မီစတိုင်ကျသောအသွင်ကို ပေးစွမ်းနိုင်ပါတယ်။ အကယ်၍များ စကပ်အတိုကို ဘယ်လိုမျိုး စတိုင်ကျကျဝတ်ဆင်ရမလဲ မသိသေးသော ပျိုမေလေးများလည်း သူများနည်းတူ စတိုင်ကျကျလှပနိုင်စေဖို့ရန်အတွက် နည်းလမ်းလေးများကို မျှဝေပေးလိုက်တယ်နော်။ ပုံစံအသစ်ပြောင်းဝတ်ပါ။ အကယ်၍ ဝတ်ဆင်မြဲဖြစ်သည့် ဂျင်းစကပ်အတိုတွေက အနည်းငယ်ကလေးဆန်လာသည်ဟု ထင်လာပြီဆိုလျှင်တော့ ဝမ်းဆက်အကွက်ပုံစံဒီဇိုင်းရှိသည့် စကပ်အတိုများကို ပြောင်းလဲဝတ်ဆင်ပေးနိုင်ပါတယ်။…