စိတ်ဖိစီးမှုက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်ဆိုပေမယ့် စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် အကောင်းဆုံး နည်းလမ်းက ပြည့်ဝလုံလောက်တဲ့ အိပ်စက်မှုပါ။ စိတ်ဖိစီးမှုက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် စိတ်ဖိစီးနေချိန်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်သင့်ပါတယ်။ ဆုံးဖြတ်ချက် ချပါ စိတ်ဖိစီးစရာတွေကို အိပ်ရာမဝင်ခင်မှာ မတွေးတော့ဖို့ ဆုံးဖြတ်ချက်ချပါ။ တစ်နေ့တာလုံး ရင်ဆိုင်ထားရတဲ့ စိတ်ဖိစီးမှုကို အိပ်စက်မှုနဲ့ ဝေးဝေးမှာ ထားနိုင်ဖို့…
Category: Health
နွားနို့ပူပူလေးကို ညဘက်မှာသောက်ခြင်းရဲ့ အကျိုးကျေးဇူးများ
ညဘက်မှာ နွားနို့ပူပူလေ သောက်ခြင်းဟာအောက်ပါအချက်တွေကိုအကျိုးခံစားရစေမှာပါ။ ၁။ အရိုးနဲ့ သွားတွေကို ခိုင်မာစေတယ်။ ၂။ တစ်နေ့တာလုံးမှာ လန်းဆန်းတက်ကြွနေစေတယ်။ ၃။ အစာကြေညက်စေတယ်။ ၄။ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေစေတယ်။ ၅။ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်။ ၆။ ညအိပ်ရာမဝင်ခင်မှာ နွားနို့ပူပူလေးသောက်ခြင်းက အိပ်ရေးဝဝအိပ်စက်နိုင်စေတယ်။
ဆီးချိုဝေဒနာရှင်များအတွက် အသင့်တော်ဆုံး သောက်စရာများ
၁။ ရေ ရေဓာတ်ခမ်းခြောက်ရင် အသည်းရဲ့သွေးကြောထဲမှာ သကြားဓာတ်ကို ပိုထုတ်ပေးတဲ့အတွက် ရေသောက်ပေးသင့်ပါတယ်။၂။ နို့ နို့ဟာ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝစေတယ်။ ဝိတ်ကျစေတယ်။ သွေးဖိအားကို ထိန်းပေး တာကြောင့် နို့သောက်ပေးသင့်ပါတယ်။ ၃။ လက်ဖက်ရည်ကြမ်း လက်ဖက်ရည်ကြမ်းထဲမှာ ပါဝင်တဲ့ ဓာတ်တိုးဖြစ်စဉ်တွေဟာ သွေးကြောထဲမှာ သကြားဓာတ်စုပ်ယူ မှုကို လျှော့ချပေးတာကြောင့် လက်ဖက်ရည်ကြမ်းသောက်သင့်ပါတယ်။
အသည်းကိုသန့်စင်စေမည့် အစားအစာများ
အသည်းကိုသန့်စင်စေတဲ့ အစားအစာများကိုဖော်ပြပေးလိုက်ပါတယ်။ ၁။ ကျွဲကောသီး ၂။ မုန်လာဥနီ ၃။ လက်ဖက်ရည်ကြမ်း ၄။ ပန်းသီး ၅။ ပန်းဂေါ်ဖီစိမ်း ၆။ ရှောက်သီး ၇။ သစ်ကြားသီး ၈။ ဂေါ်ဖီထုပ် ၉။ ပန်းမုန်လာ ၁၀။ ထောပတ်သီး ၁၁။ ဟင်းနုနွယ်ရွက် ၁၂။ ကြက်သွန်ဖြူ ၁၃။ နနွင်း
စိုးရိမ်ပူပန်မှုကိုခံစားနေရတဲ့အခါ အသက်ကိုဝဝရှုပါ
စိတ်ထဲမှာတင်းကြပ်ပြီး စိုးရိမ်ပူပန်မှုကို ခံစားနေရလား။ ဒါဆိုရင် အသက်ကို ဖြည်းဖြည်းချင်း တဝကြီးရှူထုတ်၊ ရှူသွင်းလုပ်ကြည့်လိုက်ပါ။ လူရဲ့ဝမ်းဗိုက်ဟာ အမြဲလေလျော့နေပါတယ်။ အဲ့ဒီအချိန်မှာ အသက်ကို လုံလုံလောက် လောက် ရှူထုတ်လိုက်တဲ့အခါ နောက်ကျောဆီက ဝေဒနာကို ခံစားရတတ်ပါတယ်။ တချို့လူတွေ ကလည်း “ အသက်အရင်ရှူသွင်းမှဖြစ်မှာပေါ့။ အဆုတ်ထဲမှာ လေမှမရှိတာ” လို့ ပြောကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အဆုတ်ပေါက်သွားမှသာ ဗလာဖြစ်သွားနိုင်တာပါ။ အဆုတ်ထဲမှာ တစ်ချိန်လုံး…
နှလုံးကျန်းမာစေဖို့ မှန်ကန်စွာ ရွေးချယ်စားသောက်ရန်နည်းလမ်းများ
နှလုံးဆိုတာ ခန္ဓာကိုယ်ရဲ့ အဓိကအင်္ဂါစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် သက်ရှည်ကျန်းမာ ချင်သူတိုင်း နှလုံးကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုပါတယ်။ နှလုံးကျန်းမာရေးက သင်စားသုံးလိုက်တဲ့ အစားအစာအပေါ် အများကြီးမူတည်နေတာမို့ မှန်ကန်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးဖို့လည်း အရေးကြီးလှတာ အမှန်ပါပဲ။ ၁။ ကောင်းမွန်တဲ့ အဆီတွေကိုသာ စားသုံးပါ အဆီမှာ ကောင်းတဲ့အဆီ(ပြည့်ဝဆီ) နဲ့ မကောင်းတဲ့အဆီ(မပြည့်ဝအဆီ) ဆိုပြီး ရှိပါတယ်။ ပြု ပြင်ပြောင်းလဲထားတဲ့အဆီတွေက မပြည့်ဝဆီထဲမှာပါဝင်ပြီး အဲ့ဒီအဆီက နှလုံးရောဂါနဲ့ လေဖြတ်ရော…
သွားနဲ့ခံတွင်းကျန်းမာရေးအတွက် နည်းလမ်းများ
၁။ သွားဖုံးကို မထိခိုက်စေနိုင်တဲ့ အမွေးရှည်ရှည် သွားပွတ်တံလေးတွေ သုံးပါ။ ၂။ သွားပွတ်တံမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေ ကပ်နေနိုင်တာကြောင့် မကြာမကြာ လဲလှယ်ပေးပါ။ ၃။ သွားကို လိုအပ်တာထက် ပိုမတိုက်ဘဲ ပုံမှန်တိုက်ပါ။ သွားအလွန်အကျွံတိုက်တာက အပေါ်ယံကြွေလွှာကို ပျက်စီးစေနိုင်ပြီး သွားဖုံးကို ကျိန်းစပ်စေပါတယ်။ ၄။ ကွေးနိုင်ဆန့်နိုင်တဲ့ သွားပွတ်တံလက်ကိုင်ဟာ သွားအပေါ်မှာ အကျိုးသက်ရောက်မှု နည်းနည်းပဲ ရှိပါတယ်။ ၅။ သကြားမပါဝင်တဲ့…
ရေခဲရေသောက်ခြင်းကြောင့်ဖြစ်ပေါ်လာမည့်ကျန်းမာရေးအကျိုးဆက်များ
နွေရာသီမှာ ရေအေးအေးလေးသောက်လိုက်ရတာက တော်တော်ကို စိတ်ချမ်းသာစရာကောင်းလှပါတယ်။ စက္ကန့်ပိုင်းအတွင်း အပူတွေကို လျော့ကျသွားစေပါတယ်။ ဒါပမယ့် ရေခဲရေက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ ထိခိုက်မှုတွေဖြစ်သွားစေလဲဆိုတာကိုတော့ တော်တော်များများက တွေးမိမယ်တောင်မထင်ပါဘူး။ ရေခဲရေကို သောက်လိုက်တဲ့အခါ အစာချေလမ်းကြောင်းကို ထိခိုက်စေပါတယ်။ သွေးကြောတွေကို ကျုံ့စေနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပြီး အစာမကြေတာမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေနွေး (သို့) အခန်းအပူချိန်မှာထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေးထိခိုက်နိုင်မှုကို လျော့ချပေးနိုင်ပါတယ်။နွေရာသီမှာ ရေအေးအေးလေးသောက်လိုက်ရတာက တော်တော်ကို…
ရေနွေးသောက်တာကနေ ဘာအကျိုးကျေးဇူးတွေရရှိနိုင်မလဲ
အစားစားပြီးတဲ့အခါမှာ ရေခဲရေအစားရေနွေး ဒါမှမဟုတ် အခန်းအပူချိန်အတိုင်း ထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေးအတွက် ပိုမိုသင့်တော်ပါတယ်။ ရေနွေး (သို့) အခန်းအပူချိန်မှာထားထားတဲ့ရေကို သောက်သုံးပေးခြင်းကြောင့်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။ အစာချေစနစ်ကို ပိုမိုမြန်ဆန်စေပြီး ရေဓာတ်တိုးစေနိုင်ခြင်းသဘာဝ အစာချေအင်ဇိုင်းတွေကို လှုံ့ဆော်ပေးနိုင်တာကြောင့် အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ခြင်းအစာတွေကို ပုံမှန်ထက် ပိုမိုလွယ်ကူစွာ ချေဖျက်စေနိုင်ခြင်းအူမကြီးလှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေနိုင်ခြင်းသွေးသန့်စေပြီး အရေပြား၊ ကျောက်ကပ်နဲ့ သွေးဖြူဥဆဲလ်စနစ်တွေကနေတဆင့် အဆိပ်အတောက်တွေထုတ်လွှတ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ရေနွေး…
အိပ်ချိန်များလွန်းခြင်းကလည်း အိပ်ချိန်နည်းလွန်းခြင်းကဲ့သို့ဆိုးကျိုးရှိနေ
ဒီတစ်ညတော့ မပြီးပြတ်သေးတဲ့ အလုပ်တွေကို ညလုံးပေါက်မအိပ်ဘဲ လတ်စသတ်မယ်။ နောက်ရက်မှ အားရပါးရပေါင်းအိပ်မယ်။ ဒီလိုမျိုးတွေးပြီး နောက်ရက်ကျတော့ တစ်နေကုန် မထတမ်း အိပ်ပစ်လိုက်တာမျိုးတွေ ရှိဖူးလား။ ဒီလိုအတွေးမျိုး လက်ကိုင်ထားပြီး ကျင့်သုံးနေတယ်ဆိုရင်တော့ ပြန်သုံးသပ်ဖို့လိုအပ်နေပါပြီ။ အိပ်ချိန် (၈) နာရီထက် နည်းပါးလွန်းတာက အဝလွန်ခြင်း၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျခြင်းနဲ့ စောစီးစွာသေဆုံးခြင်း စတာတွေနဲ့ ဆက်စပ်နေပါတယ်။ အိပ်ချိန်နည်းလွန်းသလိုပဲ အိပ်ချိန်များလွန်းတာကလည်း အလားတူ ရောဂါဆိုးတွေ ဖြစ်စေနိုင်ပါတယ်။…