အစပ်ပြင်းတဲ့ အာဝါးသီး ကျန်းမာရေးအတွက် ကောင်းသလား! ဆိုတော့ အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ အစာခြေစနစ် ကျန်းမာစေတယ် Duke universityရဲ့ ကြွက်တွေအပေါ်မှာ လေ့လာချက်အရ အာဝါးသီးမှာပါတဲ့ Capsaicinက အစာမကြေတာ၊ ဗိုက်အောင့်တာ၊ လေထိုးလေအောင့်တာကို သက်သာစေနိုင်ပါတယ်။ ဗိုက်ထဲက ရစ်ရစ်ပြီး နာတာကိုလည်း သက်သာစေနိုင်ပါတယ်။ အစာခြေစနစ်မှာ အနာတွေဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကိုယ့်မှာ အစာအိမ်ရောဂါအခံရှိရင်တော့…
Category: Health
အမျိုးသမီးတွေဘာကြောင့် အိုဂျီနဲ့ တစ်နှစ်တစ်ခါပြသသင့်တာလဲ
အမျိုးသမီးတွေဘာကြောင့် အိုဂျီနဲ့ တစ်နှစ်တစ်ခါပြသသင့်တာလဲ ဆိုတော့ အိုဂျီ ဆီသွားတာဟာ သင့်မျိုးပွားအင်္ဂါအဖွဲ့အစည်းစနစ်ကို စစ်ဆေးရုံတင်မကပါဖူး။ သင့်ရဲ့ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်တို့အပါအဝင် အရေးကြီးတဲ့ လက္ခဏာတွေ၊ BMI (Body Mass Index) လို့ခေါ်တဲ့ အရပ်အမောင်းနဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိမရှိ တွက်ချက်တာတွေ၊ ဝမ်းဗိုက်ပိုင်းကို စမ်းသပ်တာတွေ၊အကျိတ်တွေ ရောင်မရောင် စမ်းသပ်တာ အစရှိတဲ့ စမ်းသပ်မှုတွေကို ဂရုတစိုက်ပြုလုပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် မျိုးပွားအင်္ဂါတွေကိုလည်း စမ်းသပ်မှာဖြစ်ကာ…
ခုခံအား ကောင်းစေမယ့် နည်းလမ်းများ
ဒီထဲမှာ အာဟာရပြည့်အောင် စားတဲ့ အကြောင်းလေး ပြောချင်ပါတယ်။ လေ့ကျင့်ခန်းသာ နေ့တိုင်း မလုပ်ဖြစ်ရင် နေမယ်။ နေ့တိုင်း အစားတော့ စားဖြစ်ကြမှာပါ။ စားမယ့် စားတော့ အာဟာရ ပြည့်အောင် စားတာ ပိုကောင်းတာပေါ့။ ခေတ်စကားနဲ့ ပြောရင်တော့ immuneတက်အောင် များများ စားရတယ်ပေါ့။ တကယ်တော့ များများစားတယ်ဆိုတိုင်းလည်း အာဟာရပြည့်ဝတာမဟုတ်ပါဘူး။ ကိုယ်ခံအားအတွက် လိုအပ်တဲ့ အစားအသောက်တွေ ပါဝင်အောင် စားဖို့လည်းလိုပါသေးတယ်။ အများကြီး…
သွေးပြန်ကြော သွေးမခဲစေဖို့ ဘာတွေ စားကြမလဲ
လှုပ်ရှားမှုနည်းတဲ့အခါ၊ သွေးပျစ်တဲ့အခါ၊ ဆဲလ်တွေ ရောင်ရမ်းတဲ့အခါ သွေးပြန်ကြော မှာ သွေးခဲတတ်ပါတယ်။ အထူးသဖြင့် ခြေထောက်သွေးပြန်ကြောတွေမှာပါ။ ဒီသွေးခဲတွေက မတော်တဆ ပြုတ်ထွက်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ပိတ်ဆို့နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဆုတ်သွေးကြောမှာ သွားပိတ်ပြီး လူကို အန္တရာယ်ဖြစ်စေနိုင်တာပါပဲ။ သွေးပြန်ကြော သွေးမခဲစေဖို့ စားရမယ့် အစားအစာများ သွေးပြန်ကြော သွေးခဲတာကို ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေက ထူးထူးခြားခြားတွေတော့ မဟုတ်ပါဘူး။ အရင်စားနေကြ ကျန်းမာရေးနဲ့…
လယ်ပတူ ဆေးဖက်ဝင်သလား
လယ်ပတူ ဆေးဖက်ဝင်သလား ဆိုတော့ ဆေးဖက်ဝင်ပါတယ်။ ဘယ်လိုမျိုး ဆေးဖက်ဝင်သလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ကြည့်ကြည့်လိုက်ရအောင်နော်။ လယ်ပတူမှာ သံဓာတ် ပါဝင်နေတာကြောင့် သွေးနီဥဆဲလ် အရေအတွက်ကို တိုးစေနိုင်သလို သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရာသီလာချိန်မှာ သံဓာတ် အားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။ လယ်ပတူရဲ့ ကျန်းမာရေး အာနိသင် တစ်ခုကတော့ သွေးတွင်းသကြားဓာတ်ကို…
တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့
ကျွန်တော် အခုပြောပြပေးမယ့် အချက်တွေကတော့ ချွေးနံ့ဆိုး မထွက်စေဖို့ အချိန်လည်းသိပ်မကုန်၊ အများကြီးလည်း ဂရုစိုက်စရာမလိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီတော့ အလုပ်အရမ်းများတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် မွှေးပျံ့နေတာ မကြိုက်တဲ့ အမျိုးသားတွေအတွက်လည်း အဆင်ပြေစေနိုင်မယ်လို့ ထင်ပါတယ်။ အဓိကက ချွေးနံ့တွေ၊ ကိုယ့်ဆီကနေ မကောင်းတဲ့ အနံ့တွေ နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်နိုင်ရင် ရပါတယ်။ ၁။ အဝတ်အစားတွေကို အမြဲလျှော်ဖွပ်လဲပေးပါ။ အဝတ်အစားတွေဆိုတာ လူ့အရေပြားနဲ့…
လက်ဖက်စားရင် ရာသီရပ် တတ်သလား
ဆေးပညာမှာတော့ လက်ဖက်နဲ့ ရာသီနဲ့က သက်ဆိုင်မှု မရှိပါ။ လက်ဖက်စားတာက ရာသီလာတာ၊ ရပ်တာကို ဖြစ်စေတာမျိုး မရှိပါဘူး။ လက်ဖက်စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ရာသီက သူ့ဟာသူ လာနေမှာပါပဲ။ မြန်မာနိုင်ငံမှာ လက်ဖက်မစားတဲ့ အမျိုးသမီးဆိုတာ မရှိသလောက်ပါလဲ။ တချို့အမျိုးသမီးများဆို ရာသီလာနေတာလည်း စားနေကြတာပါပဲ။ ဒါပေမယ့် သူတို့တွေ ရာသီမရပ်ကြပါဘူး။ ရာသီလာနေတုန်း လက်ဖက်စားလို့ ရလား လက်ဖက်စားတာက ရာသီကို မရပ်စေဘူးဆိုတော့ ရာသီလာနေတုန်း…
မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား
ခေါင်းကိုက်ခြင်းက အမျိုးအစားတွေ တော်တော်များများ ရှိပါတယ်။ ဒီလို ခေါင်းကိုက်မှုထဲမှာ မျက်ရိုးကိုက်တာကလည်း ခေါင်းကိုက်ခြင်း တစ်မျိုးပါပဲ။ စာတွေ အကြာကြီး ဖတ်ပြီးချိန် ဒါမှမဟုတ် ကွန်ပျူတာ စခရင်မ်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီးတဲ့နောက်မှာ မျက်ရိုးနဲ့အတူ ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီလို မျက်ရိုးကိုက်တာကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာကို ခံစားရတဲ့အခါ မျက်ရိုးကိုက်တာနဲ့အတူ အမြင်အာရုံတွေ ဝေဝါးတာ၊ မျက်သားခြောက်တာ၊ ဇက်ကြောနာတာ၊ ပခုံးတောင့်တင်းတာ၊ မျက်လုံးနောက်ဘက်နားက…
အစာအဆိပ်သင့်ခြင်းအတွက် အိမ်သုံးကုထုံး ၅ မျိူး
အစာအဆိပ်သင့်ခြင်းဆိုတာက ဘက်တီးရီးယားပိုးမွှားတွေပါတဲ့ အစာစားခြင်း သို့မဟုတ် သောက်သုံးခြင်း သို့မဟုတ် ဘက်တီးရီးယားများပါတဲ့ ညစ်ညမ်းတဲ့ရေကို သောက်ခြင်းတို့ကမှ ဖြစ်ပေါ်လာပြီး အစားအသောက်ကြောင့်ဖြစ်တဲ့ ဖျားနာခြင်းလို့ အများအားဖြင့် သိထားကြပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေ စားသုံးမိရင် အစာအဆိပ်သင့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အစာအဆိပ်သင့်ရင် ရောဂါအမျိုးအစားပေါ်မူတည်ပြီး နာရီ၊ ရက် သို့မဟုတ် ရက်သတ္တပတ်များအတွင်း ရောဂါလက္ခဏာများ ပေါ်လာနိုင်ပါတယ်။ ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ ဖျားခြင်းတို့ အပါအဝင် ခံစားရတဲ့ဝေဒနာက…
အနားယူခြင်း (၇) မျိုး အကြောင်း
(၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင် အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active restကကျတော့ ပေါ့ပေါ့ပါးပါး…