Detoxက စျေးကွက်တစ်ခုလို ဖြစ်လာတဲ့အခါကျတော့ နည်းလမ်းတွေလည်း စုံလာပါတယ်၊၊ Detox လုပ်တယ်ဆိုတာ နေ့စဉ်စားနေတဲ့ အာဟာရမဖြစ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကနေ ခဏနားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်တွေ ဖြစ်တဲ့ ရေများများသောက် အသီးအရွက်များများစားတဲ့ဘက်ကို ခဏပြောင်းလိုက်တာ ဖြစ်ပါတယ်၊၊ ဒါကို အတုယူပြီး နေ့စဉ်စားသောက်တဲ့ထဲမှာ အဆီအစိမ့်တွေ၊ အချိုတွေ၊ အသင့်စားအစားအသောက်တွေကို လျှော့ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပုံစံကို အမြဲစားပေးမယ်ဆိုရင်…
Category: Health
အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာ
အဆစ်ရောင်နာရှိသူတွေအတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! ဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။ ရေနွေးကြမ်း သောက်တာက ကျန်းမာရေးကောင်းကျိုးများပါတယ်။ အထူးသဖြင့် အဆစ်ရောင်ရောဂါရှိသူတွေ မှာပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းက အရောင်ကျစေနိုင်ပြီး အခြားအခြားသော အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် အဆစ်ရောင်တာကို သက်သာစေဖို့ဆိုရင်တော့ နေ့စဉ်ပုံမှန် ရေနွေးကြမ်း သောက်ပေးလို့ ရပါတယ်။ အဆစ်ရောင် ရောဂါအတွက် ဆေးတွေ သောက်နေရတယ်ဆိုရင် ဆေးနဲ့ ၂နာရီလောက် အချိန်ခွာ သောက်ပါ။…
သွေးဖြူဥနည်းသူတွေ ဘာတွေစားရမလဲ
သွေးဖြူဥနည်းသူတွေ ဘာတွေ စားရမလဲ ဆိုတော့ သွေးဖြူဥ နည်းသူတွေအနေနဲ့ သွေးတွင်းက သွေးဖြူဥ ပမာဏ တိုးစေဖို့ ဒီအစားအစာလေးတွေကို စားပေးလို့ ရပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာallicin ဒြပ်ပေါင်း ပါဝင်တာကြောင့်သွေးဖြူဥဆဲလ်တွေ ထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ တစ်နေ့ကို နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကနေ ၂ ဇွန်းစာအထိ စားသုံးပေးပါ။ ဟင်းချက်စားလို့ရသလို တို့စားပေးလို့လည်း…
ရေခဲမုန့်အစားကျန်းမာရေးအတွက် ဘာစားကြမလဲ
ဒိန်ချဉ်အေး ဒိန်ချဉ်အေးတစ်ပွဲစာမှာ ပြည့်ဝဆီ ၂ဂရမ်လောက်သာ ပါဝင်တဲ့အတွက် ပြည့်ဝဆီပါဝင်မှုနည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရေခဲမုန့်နီးပါး ပြည့်ဝဆီထည့်သွင်းပြုလုပ်ထားတဲ့ ဒိန်ချဉ်တွေလည်း ရှိတဲ့အတွက် မဝယ်ယူခင်မှာ ပြုလုပ်ပုံအညွှန်းကို အရင်ဖတ်ကြည့်သင့်ပါတယ်။ Sherbet Sherbet (ရေမှာထည့်ရင် အမြုပ်ထပြီးဆူတဲ့ ဖျော်ရည်မှုန့်) ဟာလည်း နို့ကရရှိတဲ့ သွားရည်စာဖြစ်ပြီး အဆီမပါတဲ့ ဒိန်ချဉ်လိုပဲ ပြည့်ဝဆီပါဝင်မှု အလွန်နည်းတဲ့အပြင် စားလို့ကောင်းတဲ့ အနံ့အရသာအမျိုးမျိုး ထည့်သွင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။ Sorbet…
ရာသီစက်ဝန်းအလိုက် လေ့ကျင့်ခန်း ဘယ်လိုလုပ်မလဲ
ရာသီစက်ဝန်းအလိုက် လေ့ကျင့်ခန်း လုပ်တာကို Cycle syncingလို့ ခေါ်ပါတယ်။ ရာသီစက်ဝန်းနဲ့ ဟော်မုန်းအပြောင်းအလဲအလိုက် လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကတော့ (၁) Menstrual phase (ရာသီသွေးဆင်းနေတဲ့ရက်) ရာသီလာနေတဲ့အချိန်မှာလည်း လေ့ကျင့်ခန်းလုပ်လို့ ရပါတယ်။ ဒီရက်တွေမှာ အားနည်းပြီး သက်သောင့်သက်သာ မဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေကိုပဲ လုပ်သင့်ပါတယ်။ ဥပမာ လမ်းလျှောက်တာ၊ အကြောလျှော့တာ၊ ယောဂ၊ pilates စသဖြင့်။ ဒီလိုလုပ်ပေးတာတာက ကိုက်ခဲနာကျင်မှုတွေကို…
အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ စားပေးသင့်တာလေးများ
အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ စားပေးသင့်တာလေးများ ကတော့ အသား အသားတွေက ပရိုတင်း ပါဝင်မှု အများဆုံး အစားအစာ တစ်မျိုးပါ။ သက်ကြီးရွယ်အိုတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။ အသား တစ်အောင်စကနေ ပရိုတင်းပမာဏ ၇ ဂရမ် အထိ ရရှိတာပါ။ အနီရောင်အသားတွေ နဲ့ ကြက်သားလိုမျိုး အသားတွေက ပရိုတင်းကြွယ်ဝပေမယ့် အသားကမာတာကြောင့် ဝါးဖို့ ခက်တာမျိုး…
မနက်ပိုင်းမှာ ဆီးချိုတက်ရတဲ့ အကြောင်းရင်းများ
မနက်အစောပိုင်းမှာဆိုရင် တစ်နေ့တာလုံး လန်းဆန်းနေအောင်ဆိုပြီး ခန္ဓာကိုယ်က သဘာဝအလျောက် ကော်တီစောတွေ၊ ကြီးထွားဟော်မုန်းတွေ ထွက်ပါတယ်။ ဒီဟော်မုန်းတွေက အသည်းကနေ ခန္ဓာကိုယ် အလုပ်လုပ်ဖို့ စွမ်းအင်ရအောင်ဆိုပြီး အသည်းကနေ သကြားဓာတ်တွေကို ထုတ်ခိုင်းပါတယ်။ ဒီလိုနဲ့ သွေးတွင်းသကြားဓာတ် တက်လာပါရော။ ခက်တာက ကိုယ့်မှာ ဆီးချိုရှိနေတော့ အင်ဆူလင် မထွက်တာ၊ အင်ဆူလင် မတိုးဘူး ဖြစ်နေတာပေါ့။ သာမန်လူတွေဆိုရင်တော့ အင်ဆူလင်ထွက်လာရင် သွေးတွင်းသကြားဓာတ်က ပြန်ကျသွားမှာ ဖြစ်ပေမယ့်…
ဘယ်အစားအစာတွေက ဓာတ်မတည့်မှု ဖြစ်နိုင်ခြေအများဆုံးလဲ
၁။ နွားနို့ ရင်သွေးလေးတွေနဲ့ အသက်အရမ်းငယ်သေးတဲ့ ကလေးတွေမှာ ဓာတ်မတည့်တာ အဖြစ်များပြီး အသက် ၆ လ မတိုင်ခင် နွားနို့အတိုက်ခံရဖူးတဲ့ ကလေးတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကလေးအများစုကတော့ အသက် ၃ နှစ်နောက်ပိုင်း ဒီဓာတ်မတည့်တဲ့ လက္ခဏာက သူ့အလိုလိုပဲ ပျောက်သွားတတ်ပါတယ်။ ဓာတ်မတည့်ခြင်းဟာ နွားနို့သောက်ပြီး ၅မိနစ်မှ မိနစ် ၃၀အတွင်း ပြလာတတ်ပြီး အသားဖောရောင်တာ၊ အင်ပျဉ်ထတာ၊ အဖုသေးသေးလေးတွေ…
ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့ ဘာတွေ စားရမလဲ
ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်ခံစားလာရပြီဆိုရင် သက်သာစေဖို့ ဒါလေးတွေ စားပေးလို့ ရပါတယ်။ ပင်လယ်ငါး အဆီပါဝင်မှု များတဲ့ ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ ထရောက်ငါး၊ မက်ကာရယ်ငါး စတဲ့ငါးတွေက Omega-3 fatty acid ကြွယ်ဝစွာ ပါဝင်ပြီး စိတ်ကျန်းမာရေးကို အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကြောက်စိတ်တွေ များလို့ စိတ်ထဲ နေရထိုင်ရ အဆင်မပြေတဲ့အခါ ဒီလို…
ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး
ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကတော့ – ကိုယ်ခံအား ကောင်းစေမယ် ဆောင်းရာသီက လေထုထဲမှာ ပိုးမွှားတွေ များနေတဲ့အချိန်ပါတယ်။ ဒီလိုမျိုး မတော်တဆ ဖျားနာမှုတွေ၊ ရောဂါပိုးဝင် ကူးစက်မှုတွေကို ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းစေဖို့အတွက် ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေခြင်းက ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ဖျားနာမှု ကင်းချင်တယ်ဆိုရင်တော့ ရေကို…