ကျွန်မတို့ရဲ့ အစာခြေစနစ်က အရမ်းအရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်ရပါတယ်။ ဒါက ကျွန်မတို့ စားသုံးလိုက်တဲ့ အစားအစာတွေကို နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်ဖို့အတွက် ခန္ဓာကိုယ်က အသုံးပြုတဲ့ စွမ်းအင်နဲ့ အာဟာရဓာတ်တွေအဖြစ် ပြောင်းပေးပါတယ်။ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တာကြောင့် အစာခြေစနစ်အားကောင်းဖို့အတွက် ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ကျွန်မတို့ စားသုံးလိုက်တဲ့ အစားအစာနဲ့ အရည်တွေက အစာခြေစနစ်ကျန်းမာစေဖို့ တိုက်ရိုက် သက်ရောက်ပါတယ်။ အစာ မှားစားမိမယ်ဆိုရင် အစာမကြေခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်းနဲ့ အခြားအစာအိမ်ပြဿနာတွေ…