အာဟာရပြည့်ဝတဲ့အစားအစာစားခြင်းက အသက်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်ပေမယ့်လည်း ကျန်းမာရေးနှင့်ညီညွတ်တဲံအစားအစာအများစုက ငွေကုန်ကြေးကျများတာကြောင့် ရေရှည်မှာ ငွေကုန်များလိမ့်မယ်လို့ လူအများကယူဆကြပါတယ်။ ဒါပေမယ့် အခုဖော်ပြမယ့် အစားအစားတွေကတော့ ဈေးသက်သာပြီး ကျန်းမာရေးနဲ့လည်းညီညွတ်တာကြောင့် ကျန်းမာရေးအတွက် ငွေနည်းနည်းနဲ့ အာဟာရပြည့်ဝတဲ့အစားအစာစားချင်သူတွေအတွက် သင့်တော်ပါတယ်နော်။ နနွင်း နနွင်းက အိန္ဒိယအစားအစာတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အမွှေးအကြိုင်တွေထဲက တစ်ခုပါ။ ယောင်ရမ်းမှုကိုလျော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိကြောင့် အမေရိကမှာ အတော်လေး ရေပန်းစားလာခဲ့ပါတယ်။ Dark Chocolate ကိုကိုးပါဝင်မှု 70%…
Category: Lifestyle
ကော်လာဂျင် သောက်ပြီးရင် ရေများများ သောက်ပေးသင့်လား
ကျန်းမာရေးအတွက် ရေများများ သောက်ရမယ်ဆိုတာကိုတော့ လူတိုင်း သိထားပြီးသားပါ။ ရေက သက်ရှိတိုင်းအတွက် အရေးပါတဲ့အရာပါ။ ဒါကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတာပါ။ ရေဆာမှ ခန္ဓာကိုယ်က ရေဓာတ်ကို ဆုံးရှုံးနေတာ မဟုတ်ပါဘူး။ လှုပ်ရှားမှု တစ်ခုခု လုပ်တိုင်းမှာ ခန္ဓာကိုယ်က ရေဓာတ် ဆုံးရှုံးနေတာပါ။ လူတော်တော်များများက မသိလိုက် မသိဘာသာ ရေသောက်ဖို့ မေ့နေကြပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀ ရာခိုင်နှုန်း…
ချစ်သူဟောင်းနဲ့ပြန်တွဲတာက ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်
ကိုယ်အရင်က လက်တွဲခဲ့ဖူးတဲ့ ချစ်သူရည်းစားဟောင်း၊ အဆက်ဟောင်း နဲ့ ခဏခဏပြန်တွဲလိုက်၊ ပြန်ပြတ်လိုက်ဖြစ်နေပြီဆိုရင်တော့ ဒါဟာ ကိုယ့်အတွက်ထိခိုက်စေလို့ အဆက်ဟောင်းနဲ့ အချစ်ရေးနွံထဲက ရုန်းထွက်လာဖို့လိုပြီလို့ လေ့လာစမ်းသပ်ချက်အသစ်တွေကနေ သိရှိရပါတယ်။ အဆက်ဟောင်းနဲ့ပြန်တွဲတဲ့လုပ်ရပ်ဟာ စိတ်ပင်ပန်းမှု၊ စိတ်ဒုက္ခ၊ စိတ်ကျဝေဒနာတွေနဲ့ ဆက်နွယ်တဲ့ကျန်းမာရေးလက္ခဏာဆုတ်ယုတ်မှုတွေ ပြသလာစေနိုင်တယ်လို့ ဒီလေ့လာမှုရဲ့ ပညာရှင်၊ မစ်ဇူရီတက္ကသိုလ်က မိသားစုသိပ္ပံပညာ ပါမောက္ခ ကေးလ်မန့်ခ် (Kale Monk) က ပြောပြသွားခဲ့ပါတယ်။ ချစ်သူနဲ့ပြတ်စဲလို့ အသည်းကွဲရတာဟာ…
နွေအပူကြောင့် လူကြီးမိဘတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ ၅ မျိုးနဲ့ ဂရုစိုက်နည်း
နွေအပူကြောင့် လူကြီးမိဘတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ ၅ မျိုး အကြောင်းကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ အရမ်းပူတဲ့ နွေရာသီမှာ လူကြီးမိဘတွေမှာ အခုလို ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။ နွေရာသီမှာ လူကြီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ နွေရာသီမှာ အပူချိန် မြင့်တာ၊ စိုထိုင်းဆ များတာတွေကြောင့် နွေရာသီမှာ ကိုယ်တွင်းရေဓာတ် ခမ်းခြောက်တာ၊ ကိုယ်တွင်းအပူချိန် မြင့်တက်တာတွေကြောင့် အပူလျှပ်တာကို…
စရိတ်သက်သာ ရိက္ခာ စုနည်း
စျေးစာရင်းလုပ်ပါ။ သဘာဝဘေးအန္တရာယ်အကြောင်း ပြင်ဆင်ဖို့ ပြောတဲ့အခါ လန့်မသွားပါနဲ့။ အိမ်မှာ တကယ်လိုအပ်မယ့် စားသောက်ကုန် စာရင်းကို အရင်လုပ်ပါ။ ဘာပစ္စည်းတွေက မရှိမဖြစ်လိုလဲ။ ဘဘယ်နှပတ်စာ စုမှာလဲ။ အိမ်မှာ လူဘယ်နှယောက်ရှိလဲဆိုတာ သေချာတွက်ပါ။ စျေးရောက်ခါမှ သူများဝယ်တာ အကုန်လိုက်ဝယ်ရင် ငွေကုန်ကြေးကျများပါလိမ့်မယ်။ စူပါမားကတ်တွေထက် ရပ်ကွက်စျေးကို ပိုအားပေးပါ။ ပစ္စည်းချင်းတူရင်တောင် စျေးအနည်းငယ်ကွာပါတယ်။ ဒစ်စကောင့်ရတာ ကောင်းပါတယ်။ ဒါပေမယ့် ဒစ်စကောင့်နောက် လိုက်ပြီး ကိုယ်မလိုတဲ့…
အချိန်မရှိသူတို့ စာပိုဖတ်နိုင်ဖို့ နည်းလမ်း (၂) မျိုး
ဒီနေ့ခေတ်မှာ အချိန်ရှားခြင်းကလည်း ပြဿနာတစ်ခုဖြစ်လာနေပါတယ်။ ကိစ္စဝိစ္စတွေ သိပ်များတာကြောင့် တချို့စာဖတ်ဝါသနာအိုးတွေတောင် တစ်လနေလို့ စာတစ်အုပ်မဖတ်ဖြစ်ကြတာတွေ ရှိပါတယ်။ ဒီတော့ အချိန်အား မရသူတွေအဖို့ စာပိုဖတ်ဖြစ်စေဖို့ စာဖတ်နည်းတစ်ချို့ ဝေငှလိုက်ပါတယ်။ (၁) အမြန်ချုံ့ဖတ်ကြည့်ပါ Photo: The Today Show စာအုပ်ကို Scan ဖတ်လိုက်သလို ပါပဲ။ လှန်ကာလှောကာနဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ၊ နံပါတ်နဲ့ နာမည်တွေကိုပဲ ကြည့်သွားပြီး…
အိမ်မှာ မရှိသင့်တာ နဲ့ မထားသင့် သော အရာများ
၁. ငှက် တွေ အိမ်လာဆောက်ရင် ကံကောင်း တယ် ဆိုတာ အမှန်ပါ။ သို့သော် ခို တွေ အိမ်လာ ဆောက်ရင် လက်မခံပါနဲ့။ အဲဒီ အိမ်မှာ ကျန်းမာရေး နဲ့ စီးပွား ရေး နှစ်မျိုးလုံး ထိခိုက်ပါတယ်။ သူတို့ကို သတ်ဖို့ မဟုတ်ပါ။ သူတို့ကို မနေစေချင်ရင် လုပ်လို့ရတဲ့နည်း အိမ်သုံးနည်း တွေ ကတော့။ သူတို့က…
စာလုပ်တဲ့အချိန်မှာ သေချာစိတ်ပါလက်ပါနဲ့လုပ်နိုင်အောင် ဆင်ခြင်ရမယ့်အချက် ၅ ချက်
စာလုပ်တဲ့အချိန်မှာ စိတ်မပါပဲ အကြာကြီးထိုင်လုပ်နေရင် အချိန်ကုန်ပြီး ညောင်းတာပဲ အဖတ်တင်ပါတယ်။ စာလည်းခေါင်းထဲဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လုပ်မယ်ဆိုရင်လည်း သေချာစိတ်ပါလက်ပါနဲ့ သေချာရအောင် လုပ်သင့်ပါတယ်။ စာလုပ်တဲ့အချိန်မှာ သေချာစိတ်ပါလက်ပါနဲ့ လုပ်နိုင်အောင် ဆင်ခြင်ရမယ့်အချက် ၅ ချက်ကိုလည်း ပြောပြပေးလိုက်ပါတယ်။ ဆူညံတဲ့နေရာမှာမလုပ်ပါနဲ့ စာလုပ်မယ်ဆိုရင် တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်ထဲလုပ်တာ အကောင်းဆုံးပါ။ ဆူညံတဲ့နေရာမှာ၊ စကားတွေပြောနေတဲ့ လူတွေကြားမှာ ထိုင်လုပ်မယ်ဆိုရင် အာရုံနောက်ပြီး စိတ်ရှုပ်လာမှာပါ။ စာလုပ်ရတာ…
မိမိအိမ်ဂေဟာ ကျက်သရေတိုး၍ မင်္ဂလာရှိလာဘ်ပွင့်အောင် လုပ်ဆောင်နည်းများ
သစ်တံခါး ဆရာတော်မှ နည်းလမ်းပေး တော်မူသည့် မိမိအိမ်ဂေဟာ ကျက်သရေတိုး၍ မင်္ဂလာရှိလာဘ်ပွင့်အောင် လုပ်ဆောင်ရမည်များမှာ ……. ၁။ နံနက်အိပ်ယာထသည်နှင့်တစ်ပြိုင်နက် မျက်နှာသစ်ကာ သွားတိုက်ပီးပါက ဘုရားသောက်တော်ရေလဲ ဆီမီးပူဇော်ပါ ဘုရားကျောင်းဆောင် သန့်ရှင်းရေးပြုလုပ်ပါ ၂။ ဆွမ်းကပ် / ကော်ဖီတစ်ခွက်ကပ်ပါ သစ်သီးလှူလည်းရပါတယ် ၃။ ဂုဏ်တော်တစ်ပါးပွား (သို့မဟုတ်)ကိုးပါးလုံးပွားလည်းရ၊ ပုတီးစိပ်ရင်ပိုကောင်းပါ၏ ၄။ ကိုယ်လုပ်သောကုသိုလ်တွေကို ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ် အလုပ်အကိုင် ရုံးကုမ္ပဏီ…
ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့အခါ လုပ်ဆောင်သင့်တဲ့အရာများ
ဘဝမှာ ဘယ်လောက်ပဲ ရည်မှန်းချက်ကောင်းတွေရှိနေပါစေ တစ်ခါတစ်လေ လမ်းပျောက်နေပြီ ၊ ကိုယ့်ကိုယ်ကိုပျောက်ဆုံးနေပြီလို့ ခံစားရတဲ့အချိန်တွေ ရှိတက်ကြပါတယ်။ ဒါဟာ သင်တစ်ယောက် တည်းမဟုတ်ပါဘူး။ သင့်အနေနဲ့ ဒီလို ဘဝမှာ ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့အခါ အခုပြောပြမယ့်အချက်လေးတွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုပါရစေ။ (၁) စိတ်ခံစားချက်ကိုထိန်းချုပ်ပါ လူတစ်ယောက်မှာ စိတ်ခံစားချက်က အရမ်းကို အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပြီလို့ ခံစားရတဲ့အချိန်မျိုးမှာ အရာအားလုံးက အပျက်သဘောဆောင်တဲ့ ခံစားမှုကိုသာ ဖြစ်စေပါတယ်။…