တရုတ်တက်တူးပညာရှင် ဗစ်တိုးရီးယားလီကိုတော့ ကမ္ဘာ့အတော်ဆုံး ပုံရိပ်စစ်တက်တူးပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ထားကြပါတယ်။ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ နေထိုင်တဲ့ ဗစ်တိုးရီးယားလီဟာ အသက် ၄ နှစ်အရွယ်ကတည်းက ပန်းချီကို စိတ်ဝင်စားခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာတော့ တက်တူးနယ်ပယ်ထဲ စတင်ဝင်ရောက်လာခဲ့တာပါ။ “ ကောလိပ်ပြီးသွားချိန်မှာ အဘိုးပုံ တက်တူးထိုးချင်တာ၊ ဒါပေမဲ့ တက်တူးပညာရှင်တွေ ထိုးပေးတဲ့ ပုံတွေက ကျွန်မ လိုချင်တဲ့ပုံနဲ့ မတူဘူး။ ဒါနဲ့ပဲ ကျွန်မကိုယ်တိုင် တက်တူးထိုးကြည့်ခဲ့တာပါ”လို့…
Category: Lifestyle
ဘာကြောင့် သခွားသီး Detox ဖျော်ရည်ကို နေ့စဉ်သောက်သင့်သလဲ
သခွားသီးက ကျန်းမာရေးအတွက် ညီညွတ်တဲ့ အသီးအနှံတစ်မျိုးဖြစ်ပြီး ဒီအတိုင်းစားလည်း စားကောင်းပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပြီး ကယ်လိုရီလောင်ကျွမ်းမှုအားကောင်းချင်ရင် သခွားသီး Detox ဖျော်ရည်ကို နေ့စဉ်သောက်သင့်ပါတယ်။ ဗီတာမင်ဓာတ်တွေအများကြီးပါဝင် ရေတစ်ခွက်ထဲကို သခွားသီးတွေထည့်ထားလိုက်ရင် အဲ့ဒီရေထဲမှာ ဗီတာမင် A နဲ့ C ဓာတ်တွေ ကြွယ်ဝစွာပါဝင်သွားပါတယ်။ အဲ့ဒီအပြင် ဗီတာမင် E လည်း ပျော်ဝင်သွားပါလိမ့်မယ်။ ဒီလို သခွားသီးစိမ်ထားတဲ့ရေကိုသောက်ခြင်းဖြင့် လေထုညစ်ညမ်းမှုနဲ့ဆေးလိပ်ငွေ့တို့ကြောင့်…
Gym ကစားရာမှာ ရလဒ်ကောင်းရဖို့အတွက် ရှောင်လွှဲသင့်တဲ့ အမှားတွေ
နေ့တိုင်း နီးပါး Gym သွားကစားပေမယ့် မှန်ကို ကြည့်လို့ ကိုယ့်ကိုယ်ကိုယ် တိုးတက်မှု မရှိတာ တွေ့ရရင် ပြောင်းဖို့ ပြင်ဖို့ လိုနေပြီ ဖြစ်ပါတယ်။ ခွန်အားသုံးပြီး လုပ်ရတဲ့ အလုပ်ပဲ ဖြစ်ဖြစ် ဦးနှောက်သုံး လုပ်ရတဲ့ အလုပ်ပဲ ဖြစ်ဖြစ် ဘယ်အလုပ် လုပ်လုပ် Work Smart ဖြစ်မှသာ ထိရောက်တဲ့ ရလဒ်တွေ ထွက်လာမှာပါ။ Gym ကစားရာမှာ…
စာအုပ်ပေါင်း ၉၁၀၀ ကို လက်ဆင့်ကမ်းသယ်ပြီး စာအုပ်ဆိုင် ရွှေ့ပြောင်းဖို့ ကူညီခဲ့ကြသူများ
နေရာပြောင်းရွှေ့ဖို့ လိုအပ်နေတဲ့ စာအုပ်ဆိုင်တစ်ဆိုင်မှ စာအုပ်ပေါင်း ၉၁၀၀ ကို ဒေသခံတွေက လက်ဆင့်ကမ်းသယ်ပေးပြီး ကူညီပေးခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံ မစ်ချီဂန်ပြည်နယ်၊ ချဲလ်ဆီးမြို့မှ Serendipity Books စာအုပ်ဆိုင်ဟာ နေရာသစ်ကို ပြောင်းရွှေ့ဖွင့်လှစ်ရမှာဖြစ်ပြီး စာအုပ်တွေကို အချိန်မီ မရွှေ့နိုင်ရင် စာအုပ်ဆိုင်ကို ရက်တော်တော်ကြာ ပိတ်ထားရမှာပါ။ စာအုပ်ဆိုင်ပိုင်ရှင် မီချယ်တူပလင်က ဒီအကြောင်းကို လူမှုကွန်ရက်မှာ ရေးသား အကူအညီတောင်းချိန်မှာ Serendipity Books စာအုပ်ဆိုင်ကို…
ကိုယ်အလေးချိန်လျှော့ချမှုကို ပျက်စီးစေတဲ့ မနက်စာရွေးချယ်မှုအမှားများ
မနက်စာဟာ တစ်နေ့တာလုံးအတွက် အဓိကအရေးပါတယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါနော်။ ဒါပေမယ့် သင့်ရဲ့ မနက်စာကို အမှန်တကယ်ကော အာဟာရပြည့်ဝတာာ စားရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ သင်ရွေးချယ်တတ်လေ့ရှိတဲ့ မနက်စာ စားသုံးမှုအမှားတွေကို မျှဝေပေးချင်ပါတယ်။ Granola စားခြင်း ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပြီး စီရီရယ်လိုမျိုး ကွေကာအုတ်၊ သကြား၊ အသီးအနှံတွေရာထားတဲ့ အသင့်စား Granola ကိုစားပေးမယ်ဆိုရင်တော့ မှားသွားမှာပါ။ ကိုယ့်ဘာသာကိုယ်သေချာလုပ်စားရင်တော့ ပြဿနာမရှိပါဘူး။ Low-Fat တွေသောက်ခြင်း တကယ်တော့…
ဘီယာ သောက်ခြင်းရဲ့ အံ့သြဖွယ်ရာ အကျိုးကျေးဇူး
ရာသီဥတုပူတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့အတူ ဘီယာသောက်ပြီး စကားပြောရတာ ပျော်ဖို့ကောင်းပါတယ်။ ဘီယာက အရက်အနည်းငယ်ပါပေမယ့် တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်းရှိပါတယ်။ ဘီယာမှာ ပရိုတင်းဓာတ်၊ ဗီတာမင် B တို့က ဝိုင်ထက်ပိုများပါတယ်။ အဲ့ဒီအပြင် ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ Antioxidants တွေလည်း ပါဝင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတဲ့ Flavonoids နဲ့ သတ္တုဓာတ်တွေလည်းပါဝင်ပါတယ်။ ကင်ဆာရောဂါကို ကာကွယ်ပေး ဘီယာမှာ ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ ကွန်ပေါင်းတစ်ခုဖြစ်တဲ့ Xantohumol…
နည်းလမ်းတစ်မျိုးတည်းသုံးပြီး ၃ နှစ်အတွင်း ဆိုင် ၁၀၀ ကျော်မှာ ငွေမရှင်းဘဲ လိမ်လည်စားသောက်ခဲ့တဲ့ သားအဖ
ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ပြင်သစ်နိုင်ငံမှ ဆိုင်ပေါင်း ၁၀၀ ဝန်းကျင်မှာ ငွေမရှင်းဘဲ လိုက်လံစားသောက်ခဲ့တဲ့ သားအဖနှစ်ယောက်ကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် အမျိုးသားနဲ့ ၁၈ နှစ်အရွယ် သားဖြစ်သူတို့ဟာ နည်းလမ်းတစ်ခုတည်းကိုသုံးပြီး ၃ နှစ်ကြာအောင် လိမ်လည်ခဲ့ကြတာပါ။ သူတို့ဟာ ဆိုင်တွေမှာ အစားအသောက် စားပြီးတဲ့အခါ ငွေသား မပါသလို Credit ကတ်ကလည်း သုံးလို့မရ…
ပျားရည်ကို နေ့စဉ်ပုံမှန်စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ဘယ်လိုပြောင်းလဲသွားမလဲ
ပျားရည်က ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာ အားလုံးလည်းသိကြပါတယ်။ ပျားရည်ကို နေ့စဉ် စားပွဲတင်ဇွန်း ၁ ဇွန်းလောက် စားပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲလာမလဲဆိုတာ ကြည့်လိုက်ရအောင်။ အသားအရေ ကြည်လင်လာမယ် ပျားရည်မှာ Antioxidant ကြွယ်ဝစွာပါဝင်ပြီး ပုံမှန်စားပေးခြင်းဖြင့်အဆိပ်အတောက်တွေ ကင်းစင်ကာ အသားအရေကို ကြည်လင်လာစေမှာပါ။ ကိုယ်အလေးချိန်လျှော့ချပေးခြင်း သင့်ခန္ဓာကိုယ်ရဲ့ ကိုယ်အလေးချိန်ကို လျှော့ချပေးပါ။ သကြားကို လုံးဝမစားတော့ဘဲ ပျားရည်ကို ပြောင်းစားပေးခြင်းဖြင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို…
အနှစ် ၂၀ ကျော် လေ့ကျင့်မှုတွေပြုလုပ်ပြီးနောက် ကိုယ်ကာယပြိုင်ပွဲမှာ အနိုင်ရသွားခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး
တရုတ်နိုင်ငံက အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဟာ ကိုယ်ကာယပြိုင်ပွဲမှာ အသက်ငယ်ရွယ်တဲ့ အခြားပြိုင်ပွဲဝင်တွေကိုကျော်ပြီး အနိုင်ရသွားခဲ့ပါတယ်။ အနိုင်ရရှိဖို့က အသက်အရွယ်ဟာ အတားအဆီးအဟန့်အတားမဟုတ်ဘူးဆိုတာကို သက်သေပြသွားခဲ့တာပါ။ ဝမ်ကျန်ရုံဆိုတဲ့ အဲ့ဒီအမျိုးသမီးက သူ့ထက် အသက်ထက်ဝက်ငယ်တဲ့သူတွေနဲ့ ယှဉ်နိုင်မယ့် ကိုယ်လုံးကိုယ်ထည်ဖြစ်ဖို့ နှစ် ၂၀ ကျော် လေ့ကျင့်ခဲ့ရတာပါ။ သူဟာ ကိုယ်နေဟန်ထားမှန်ဖို့နဲ့ ကြွက်သားထိခိုက်နာကျင်မှုတွေမဖြစ်ဖို့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေလုပ်ခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ ဘဝတစ်သက်တာဝါသနာဖြစ်လာခဲ့ပါတယ်။ တစ်ပတ်မှာ အနည်းဆုံး ၆…