အိုဆာကာမြို့ အနောက်မြောက်ဘက် ဂျပန်ပင်လယ် ကမ်းရိုးတန်းမှာတည်ရှိတဲ့ San’in Kaigan ဘူမိဥယျာဉ် ယူနက်စကိုစာရင်းဝင် ဘူမိဥယျာဉ်တစ်ခုဖြစ်ပြီး ရင်သပ်ရှုမောဖွယ် မြင်ကွင်း၊ ဘူမိဗေဒဆိုင်ရာ ထူးခြားချက်တွေ တည်ရှိရာ နေရာတစ်ခုပါပဲ။ တော့တိုရီသောင်ခုံဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးသောင်ခုံဖြစ်ပြီး ကျောက်ဆောင်တွေနဲ့ ပင်လယ်ကြားမှာ တည်ရှိနေတာကြောင့် ဆောင်းရာသီကာလတွေဆိုရင် ဆီးနှင်း၊ သောင်ခုံ၊ ပင်လယ်ရေလှိုင်းတွေရဲ့ ဆုံမှတ်နေရာအဖြစ် အံ့အားသင့်ဖွယ် တွေ့ရှိရမှာပါ။ San’in Kaigan ဘူမိဥယျာဉ်ထဲမှာရှိတဲ့ တောင်စွယ်တွေ၊…
Category: News
မိုင်ထောင်ချီစက်ဘီးစီးပြိုင်ပွဲမှာ အသက်ကြီးလို့ ပြိုင်ပွဲဝင်ခွင့်မရသူက ပြိုင်ပွဲဝင်တွေထက် တစ်ရက်စောပြီး ပန်းဝင်ခဲ့
၁၉၅၁ ခုနှစ်က ဆွီဒင်နိုင်ငံတဝန်း ဖြတ်သန်းရတဲ့ ဆဗရီဂျီလော့ပက်(Sverigeloppet) စက်ဘီးစီးပြိုင်ပွဲမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသား ဟာကန်ဆန်ကို ပြိုင်ပွဲဝင်ခွင့် မပေးခဲ့ဘူး။ ၁၀၉၅ မိုင် အကွာအဝေးအထိ စက်ဘီးစီးရမယ့်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဟာကန်ဆန်က အသက်ကြီးလွန်းနေပြီလို့ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေက ယူဆလို့ပါပဲ။ ဒါပေမဲ့ ဟာကန်ဆန်ကတော့ လက်မလျှော့ခဲ့ဘူး။ သူက နံပါတ် (ဝ)လို့ ရေးထားတဲ့ အင်္ကျီကို ဝတ်ဆင်ပြီး တာထွက်မယ့်နေရာကို…
ဒေါ်လာ ၃ ဘီလျံတန် ကုမ္ပဏီပိုင်ဆိုင်ခွင့်ကို သဘာဝပတ်ဝန်းကျင်အတွက် လွှဲပြောင်းပေးအပ်ခဲ့တဲ့ Patagonia ကုမ္ပဏီပိုင်ရှင်
Patagonia အဝတ်အထည် ကုမ္ပဏီပိုင်ရှင် အီဗွန်ချွေနက်ရဲ့ ဆုံးဖြတ်ချက်က စီးပွားရေးလောကကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၃ ဘီလျံ တန်ကြေးရှိတဲ့ Patagonia ကုမ္ပဏီရဲ့ ပိုင်ဆိုင်ခွင့်ကို သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေတဲ့ အကျိုးအမြတ် အဓိကမထားတဲ့ အဖွဲ့အစည်းထံ လွှဲပြောင်းပေးအပ်ခဲ့တာပါ။ Patagonia ကုမ္ပဏီဟာ ၁၉၈၅ ခုနှစ်ကတည်းကစပြီး ရောင်းရငွေရဲ့ ၁ ရာခိုင်နှုန်းကို One Percent for the Planet…
ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကောက်ရခဲ့တဲ့ အိမ်ရာမဲ့ရဲ့ အဆုံးသတ်
၂၀၁၈ ခုနှစ်မှာ အယ်လ်မာဆိုတဲ့ အိမ်ရာမဲ့ အမျိုးသားတစ်ယောက်က ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ် တစ်စောင် ကောက်ရတယ်။ အမေရိကန်နိုင်ငံ ကွန်နက်တီကပ်ပြည်နယ်၊ နယူးဟဲဗင်းမြို့မှ အိမ်ခြံမြေ လုပ်ငန်းရှင် ရောဘာတာဟိုစကီး ကျကျန်နေခဲ့တဲ့ ချက်လက်မှတ်ပါ။ အယ်လ်မာက ချက်လက်မှတ် ကောက်ရပေမဲ့ ငွေထုတ်ယူဖို့ ကြိုးစားတာမျိုး မလုပ်ခဲ့ဘူး။ ပိုင်ရှင်ထံ ပြန်ပေးခဲ့တယ်။အယ်လ်မာရဲ့ ရိုးသားမှုကို သဘောကျသွားတဲ့ ရောဘာတာက သူ့ကို နေစရာအိမ်ငှားပေးခဲ့ပြီး…
နှစ် ၂၀ တိုင်တိုင် မိုင် ၈၀၀၀ ကျော် ခရီးနှင်ပြီး မိတ်ဖက်ဆီပြန်လာလေ့ရှိတဲ့ ငှက်ကျား
ကလီပီတန်နဲ့ မာလီနာတို့ ငှက်ကျားမောင်နှံရဲ့ ဇာတ်လမ်းတစ်ပုဒ်က ခရိုအေးရှားနိုင်ငံရဲ့ အချစ်ဇာတ်လမ်းတွေထဲမှာ နာမည်ကြီးပါတယ်။ ကလီပီတန်ဆိုတဲ့ ငှက်ကျားထီးဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ နှစ် ၂၀ တိုင်တိုင် နှစ်စဉ်နှစ်တိုင်း တောင်အာဖရိကကနေ ခရိုအေးရှားအထိ မိုင် ၈၀၀၀ ခရီးနှင်ပြီး မိတ်လိုက်ဖော် ငှက်ကျားအမ မာလီနာထံ ပျံသန်းလာလေ့ ရှိပါတယ်။ စတီဖန်ဗိုကစ်ဆိုတဲ့ ခရိုအေးရှားအမျိုးသားတစ်ဦးဟာ ၁၉၉၃ ခုနှစ်က ငါးမျှားထွက်ရင်း…
ဒေါ်လာ ၃ သိန်းကျော်တန်တဲ့ Bentley ကားကို မြေကြီးထဲ မြှုပ်ပစ်ချင်တဲ့ ဘရာဇီးသူဌေးရဲ့ ရည်ရွယ်ချက်
ဘရာဇီးနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဟာ သူသေသွားတဲ့အခါ တမလွန်မှာ အသုံးပြုနိုင်ဖို့အတွက် ပေါင် ၃၁၀၀၀ ကျော် တန်ကြေးရှိတဲ့ Bentley ကားကို မြေကြီးထဲ မြှုပ်ထားမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ ချီကွင်ညိုစကာပါက ဆော်ပေါ်လိုမြို့မှ သူ့စံအိမ်ထဲမှာ Bentley ကားကို မြှုပ်ဖို့ တွင်းတူးနေတဲ့ပုံကို လူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။ အဲဒီလို ကြေညာခဲ့ပြီးနောက် မီဒီယာစာမျက်နှာတွေမှာ သူ့သတင်းက ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး ” ပရဟိတအဖွဲ့ကို ဘာလို့မလှူတာလဲ”၊ ”ဘယ်လောက်အဓိပ္ပာယ်မဲ့တဲ့လုပ်ရပ်လဲ”…
နည်းလမ်းတစ်မျိုးတည်းသုံးပြီး ၃ နှစ်အတွင်း ဆိုင် ၁၀၀ ကျော်မှာ ငွေမရှင်းဘဲ လိမ်လည်စားသောက်ခဲ့တဲ့ သားအဖ
ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ပြင်သစ်နိုင်ငံမှ ဆိုင်ပေါင်း ၁၀၀ ဝန်းကျင်မှာ ငွေမရှင်းဘဲ လိုက်လံစားသောက်ခဲ့တဲ့ သားအဖနှစ်ယောက်ကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် အမျိုးသားနဲ့ ၁၈ နှစ်အရွယ် သားဖြစ်သူတို့ဟာ နည်းလမ်းတစ်ခုတည်းကိုသုံးပြီး ၃ နှစ်ကြာအောင် လိမ်လည်ခဲ့ကြတာပါ။ သူတို့ဟာ ဆိုင်တွေမှာ အစားအသောက် စားပြီးတဲ့အခါ ငွေသား မပါသလို Credit ကတ်ကလည်း သုံးလို့မရ…
ကမ္ဘာထက် အရွယ်အစား ၅ ဆ ပိုကြီးပြီး စိန်သားနဲ့ ဖွဲ့စည်းထားပုံရတဲ့ ဂြိုဟ်တစ်လုံး ရှာဖွေတွေ့ရှိ
NASA သိပ္ပံပညာရှင်တွေဟာ ကမ္ဘာထက် အရွယ်အစား ၅ ဆ ပိုကြီးပြီး စိန်သားနဲ့ ဖွဲ့စည်းထားပုံရတဲ့ ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 55 Cancrie လို့ အမည်ပေးထားတဲ့ ဂြိုဟ်ဟာ ကရကဋ် ကြယ်စုတန်း (Cancer)ထဲမှာ ပါဝင်ပြီး အလင်းနှစ် ၄၀ အကွာအဝေးမှာရှိတဲ့ ကြယ်တစ်လုံးကို ဗဟိုပြု လှည့်ပတ်နေတာပါ။ အဲဒီဂြိုဟ်ရဲ့ ထူးခြားချက်ကတော့ ဒြပ်ထု၊ အရွယ်အစား၊ သိပ်သည်းဆအရ ကာဗွန်တွေနဲ့…
မျိုးသုဉ်းပျောက်ကွယ်နေခဲ့တဲ့ ဝံပုလွေမျိုးစိတ်ကို မျိုးဗီဇပြုပြင်ပြောင်းလဲမှုဖြင့် ပြန်လည်သားဖောက်နိုင်ခဲ့
အတိတ်သမိုင်းမှာ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့တဲ့ ဝံပုလွေမျိုးစိတ်တစ်မျိုးကို အမေရိကန်နိုင်ငံ ဒဲလက်စ်မြို့အခြေစိုက် Colossal Biosciences ဇီဝသိပ္ပံကုမ္ပဏီက မျိုးဗီဇပြုပြင်ပြောင်းလဲနည်းနဲ့ အောင်မြင်စွာ သားဖောက်နိုင်ခဲ့ပါတယ်။ နှစ်သက်တမ်း ၁၃၀၀၀ ရှိတဲ့ သွားတစ်ချောင်း၊ နှစ်သက်တမ်း ၇၂၀၀၀ ရှိတဲ့ ဦးခေါင်းခွံတို့အပါအဝင် dire wolf ဝံပုလွေမျိုးစိတ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမှာ တွေ့ရတဲ့ ဗီဇလက္ခဏာတွေကို ပုံဖော်နိုင်ဖို့အတွက် gray wolf ရဲ့ မျိုးဗီဇကို ပြင်ဆင်ပြောင်းလဲပြီး သားပေါက်လေး…
အမေရိကန်ရဲ့ အခွန်တိုးမြှင့်မှုကြောင့် iPhone ဈေးနှုန်းဟာ ဒေါ်လာ ၂,၃၀၀ လောက်အထိ တက်သွားနိုင်
Apple Fans တွေအတွက် မကြာခင်မှာ ဈေးနှုန်းတွေ တော်တော်တက်သွားတာကို ခံစားရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အခွန်တိုးမြှင့်မှုကြောင့် ဖြစ်ပါတယ်။ ထရမ့်က တရုတ်က ထုတ်ကုန်တွေကို အခွန် ၅၄ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်ပါတယ်။ iPhone အပါအဝင် ကုန်ပစ္စည်းအများစုကို တရုတ်မှာ ထုတ်လုပ်နေတဲ့ Apple အတွက်ဒါဟာ ကြီးမားတဲ့ ပြဿနာ ဖြစ်ပါတယ်။…