တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းမှာ တောမီးအများအပြား လောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၁၆ ဦးထက်မနည်း ရှိလာခဲ့ပါပြီ။ မတ်လ ၂၅ ရက်နေ့က ကူးစက်ပျံ့နှံ့ခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ထောင်အာဏာပိုင်တွေကလည်း အကျဉ်းသားတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ယူအီဆုန်းကောင်တီကနေ စတင်ခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး ဆန်ချွန်းကောင်တီ တောမီးလောင်ကျွမ်းမှုမှာ လူ ၄ ဦး…
Category: News
အနှစ် ၂၀ ကျော် လေ့ကျင့်မှုတွေပြုလုပ်ပြီးနောက် ကိုယ်ကာယပြိုင်ပွဲမှာ အနိုင်ရသွားခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး
တရုတ်နိုင်ငံက အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဟာ ကိုယ်ကာယပြိုင်ပွဲမှာ အသက်ငယ်ရွယ်တဲ့ အခြားပြိုင်ပွဲဝင်တွေကိုကျော်ပြီး အနိုင်ရသွားခဲ့ပါတယ်။ အနိုင်ရရှိဖို့က အသက်အရွယ်ဟာ အတားအဆီးအဟန့်အတားမဟုတ်ဘူးဆိုတာကို သက်သေပြသွားခဲ့တာပါ။ ဝမ်ကျန်ရုံဆိုတဲ့ အဲ့ဒီအမျိုးသမီးက သူ့ထက် အသက်ထက်ဝက်ငယ်တဲ့သူတွေနဲ့ ယှဉ်နိုင်မယ့် ကိုယ်လုံးကိုယ်ထည်ဖြစ်ဖို့ နှစ် ၂၀ ကျော် လေ့ကျင့်ခဲ့ရတာပါ။ သူဟာ ကိုယ်နေဟန်ထားမှန်ဖို့နဲ့ ကြွက်သားထိခိုက်နာကျင်မှုတွေမဖြစ်ဖို့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေလုပ်ခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ ဘဝတစ်သက်တာဝါသနာဖြစ်လာခဲ့ပါတယ်။ တစ်ပတ်မှာ အနည်းဆုံး ၆…
ဘီယာပိုင့် ထရီလျံပေါင်း ၄၀၀ ထရီလျံချက်နိုင်မယ့် အာကာသထဲမှ ဧရာမတိမ်စိုင်ကြီး
နဂါးငွေ့တန်း ဗဟိုချက်အနီးမှ သိပ်သည်းဆအလွန်များတဲ့ ဧရာမတိမ်စိုင်ကြီး Sagittarius B2 ထဲမှာ အီသိုင်းအယ်ကိုဟော (ethanol) အများအပြား ပါဝင်နေပါတယ်။ အဲဒီတိမ်စိုင်ကြီးဟာ နေစကြဝဠာထက် အဆပေါင်း ၁၀၀၀ ကြီးမားပြီး တိမ်စိုင်ထဲမှာ စုဝေးနေတဲ့ ethanol ကနေ ဘီယာချက်မယ်ဆိုရင် ဘီယာပိုင့် ထရီလျံပေါင်း ၄၀၀ ထရီလျံအထိ ချက်နိုင်မယ်လို့ တွက်ဆထားကြပါတယ်။ ဒါပေမဲ့ အာကာသထဲမှ အီသိုင်းအယ်ကိုဟောဟာ အဆိပ်ရှိတဲ့ ဒြပ်တွေ…
တောင်ကိုရီးယားမှာ တောမီးလောင်ကျွမ်းမှုတွေကြောင့် မီးသတ်သမား ၂ ဦးသေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေ
တောင်ကိုရီးယားနိုင်ငံတစ်ဝန်းမှာ တောမီးလောင်ကျွမ်းမှု ၂၀ ကျော် ဖြစ်ပွားနေပြီး မီးသတ်သမား ၂ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံးလျက် ရှိပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် တောမီး ကူးစက်လောင်ကျွမ်းမှု အားကောင်းနေပြီး မီးငြှိမ်းသတ်နိုင်ဖို့ အစွမ်းကုန် အားထုတ်ကြိုးပမ်းဖို့ တောင်ကိုရီးယားယာယီသမ္မတ ချွဲဆန်မော့က တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က စတင်လောင်ကျွမ်းခဲ့ပြီး ၂၇၅ ဟက်တာအထိ ဝါးမြိုထားတဲ့ တောင်ပိုင်းဂျောင်ဆန်ပြည်နယ်မှ တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရင်း မီးသတ်သမား…
ဉာဏ်ရည်တုနည်းပညာသုံး အိမ်ခြံမြေအကျိုးဆောင်က ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုး အကျိုးဆောင်ပေးနိုင်ခဲ့
ပေါ်တူဂီနိုင်ငံမှ ဉာဏ်ရည်တုနည်းပညာသုံး အိမ်ခြံမြေအကျိုးဆောင်ရဲ့ အိမ်ခြံမြေ ရောင်းချရမှုပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရှိလာခဲ့ပါပြီ။ eSelf AI ကုမ္ပဏီနဲ့ ပေါ်တူဂီနိုင်ငံမှ ထိပ်တန်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း Porta da Frente Christie တို့ ပူးပေါင်းဖန်တီးခဲ့တဲ့ ဉာဏ်ရည်တုနည်းပညာသုံး အိမ်ခြံမြေအကျိုးဆောင်ဟာ အိမ်ခြံမြေလုပ်ငန်းကို အပြောင်းအလဲ ဖြစ်စေခဲ့ပြီး ဖောက်သည်တွေကို ၂၄ နာရီပတ်လုံး ဝန်ဆောင်ပေးလျက် ရှိပါတယ်။ ဉာဏ်ရည်တုနည်းပညာသုံး…
ဝံပုလွေနဲ့ မျိုးစပ်ထားတဲ့ ရှားပါးခွေးတစ်ကောင်ကို ကမ္ဘာ့စံချိန်တင်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၅.၈၁ သန်းပေးပြီး အိန္ဒိယနိုင်ငံသားတစ်ဦး ဝယ်ယူ
ဝံပုလွေနဲ့ ကော့ကေးဆပ်သိုးထိန်းခွေး စပ်ထားတဲ့ ခွေးမျိုးစိတ်တစ်ကောင်ကို အိန္ဒိယနိုင်ငံမှ ခွေးသားဖောက်သူတစ်ဦးက ရူပီးသန်း ၅၀၀ ( အမေရိကန်ဒေါ်လာ ၅.၈၁ သန်း)နဲ့ ဝယ်ယူခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ သားဖောက်ထားတဲ့ ကာဒါဘွန်းအိုကာမီ အမည်ရခွေးလေးဟာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ခွေးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အိုကာမီဟာ ၈ လသားအရွယ်ပဲ ရှိသေးပေမဲ့ ခန္ဓာကိုယ်အလေးချိန် ၇၅ ကီလိုဂရမ်ရှိပြီး လက်မ ၃၀ မြင့်မားတာကြောင့် အလွန်ထွားကျိုင်းတဲ့ ခွေးတစ်ကောင်ဖြစ်ပြီး…
ဂျပန်နိုင်ငံမှာ နွားချေးကနေ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်နေ
ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းပေါ်မှ မြို့တစ်မြို့မှာ နွားချေးကနေ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်လျက် ရှိပါတယ်။ ဂျပန်နိုင်ငံ ကုန်းမြေထုရဲ့ ၂၀ ရာခိုင်နှုန်းရှိပြီး ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ ဟော့ကိုင်းဒိုးကျွန်းဟာ ဂျပန်နိုင်ငံရဲ့ နို့ထွက်ပစ္စည်း ၅၀ ရာခိုင်နှုန်းကျော် ထွက်ရှိရာဖြစ်ပြီး ကျွန်းပေါ်မှာ နွားအကောင်ရေ ၁ သန်းကျော်ရှိပါတယ်။ နွားအကောင်ရေ များပြားလွန်းတာကြောင့် နွားချေးတွေကို စီမံခန့်ခွဲဖို့ကလည်း ထည့်သွင်းစဉ်းစားစရာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ နှစ်စဉ်နှစ်တိုင်း ဟော့ကိုင်းဒိုးကျွန်းမှာ နွားချေးတန်ချိန်…
အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါက်ကွဲလို့ ဘာလီကျွန်းမှ လေကြောင်းခရီးစဉ် ၇ ခု ဖျက်သိမ်းခဲ့ရ
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာ မီးတောင်ပေါက်ကွဲပြီး အမြင့် ၈ ကီလိုမီတာအထိ ပြာမှုန်တွေ လွင့်ပျံနေတာကြောင့် ဘာလီကျွန်းမှ ပျံသန်းမယ့် နိုင်ငံတကာလေကြောင်းခရီးစဉ် ၇ ခုထက်မနည်းကို ဖျက်သိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့နှောင်းပိုင်းက ဖလောရက်စ်ကျွန်းပေါ်မှ ၁၇၀၃ မီတာမြင့်တဲ့ လီဝိုတိုဘီလာကီလာကီမီးတောင်ဟာ ၁၁ မိနစ်၊ ၉ စက္ကန့်ကြာ ပေါက်ကွဲခဲ့ပြီး အမြင့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ အဲဒီအတွက် သြစတြေးလျနိုင်ငံကို ပျံသန်းမယ့် Jetstar လေကြောင်းခရီးစဉ်…
အသက် ၁၂ နှစ်ကတည်းက ငွေစုခဲ့တဲ့ ဘဏ်ကနေ ဒေါ်လာ ၃ သိန်းနီးပါး ကံစမ်းမဲပေါက်ခဲ့တဲ့ အော်တစ်ဇင်အမျိုးသား
အသက် ၂၉ နှစ်အရွယ် မလေးရှားလူမျိုး အော်တစ်ဇင်ရောဂါသည်အမျိုးသားတစ်ဦးဟာ 102th Bank Simpanan Nasional (BSN) ရဲ့ Lucky Draw အစီအစဉ်မှာ စင်ကာပူဒေါ်လာ ၂၉၉ သိန်း ကံစမ်းမဲပေါက်ခဲ့ပါတယ်။ အနည်းဆုံး စင်ကာပူဒေါ်လာ ၈၉၉ သိန်းစုငွေရှိတဲ့ အသက် ၁၂ နှစ်နဲ့ အထက် BSN ကာစတန်မာတွေက ဒီLucky Draw အစီအစဉ်အတွက် အကျုံးဝင်ပါတယ်။…
သီလရှင်အဖြစ် ၂၂ နှစ်ကြာ နေထိုင်ခဲ့တဲ့ အမျိုးသား
ဒိုမီနီကန်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ သီလရှင်အဖြစ် ၂၂ နှစ်ကြာ နေထိုင်ခဲ့ပြီး အဲဒီကာလအတွင်းမှာလည်း သူ့ကို ယောကျာ်းတစ်ဦးဖြစ်မှန်း ဘယ်သူကမှ မရိပ်မိခဲ့ကြပါဘူး။ ဖရန့်တာဗာရက်စ် ၄ နှစ်သားအရွယ်မှာ သူတို့မိသားစု ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်ရပ်မှာ မိဘနှစ်ပါးလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။ တာဗာရက်စ်ရဲ့ အဘိုး၊ အဘွားတွေက ဆင်းရဲလွန်းပြီး လူမမည်ကလေးငယ်ကို ကျွေးမွေး စောင့်ရှောက်နိုင်လောက်တဲ့အထိ မပြည့်စုံတာကြောင့် သူ့ကို ဒိုမီနီကန်သီလရှင်ကျောင်းထံ ပို့ခဲ့တာပါ။ ကလေးအရွယ်မှာ…