ရှေ့ကားနဲ့ ကပ်လိုက်ပြီး မောင်းခဲ့တာကြောင့် ဆွစ်ဇာလန်နိုင်ငံမှ ယာဉ်မောင်းတစ်ဦးဟာ ဒေါ်လာ ၁၀၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ဆွစ်ဇာလန်နိုင်ငံဟာ တင်းကြပ်တဲ့ ယာဉ်စည်းကမ်းရှိပြီး ယာဉ်စည်းကမ်း ဖောက်ဖျက်သူတွေကိုလည်း ဒဏ်ကြေးအများအပြား ချမှတ်လေ့ရှိပါတယ်။ ဒါ့အပြင် ဝင်ငွေအလိုက် ဒဏ်ငွေ ချမှတ်လေ့ရှိတာကြောင့် ဝင်ငွေများလေလေ ဒဏ်ကြေးများများ ပေးဆောင်ရလေလေပါပဲ။ ဒဏ်ကြေးကို ပုံသေနှုန်းထား သတ်မှတ်ထားရင် လူချမ်းသာတွေအတွက် မပြောပလောက်တဲ့ ပမာဏဖြစ်နေလို့ စည်းကမ်းမလိုက်နာမှာ စိုးရိမ်တာကြောင့် အခုလို သတ်မှတ်ထားတာ…
Category: News
ဒေသတွင်းပန်းချီပြပွဲမှာ ဝင်ရောက်ပြသခွင့်ရပြီး ပန်းချီကားပါ ရောင်းချနိုင်ခဲ့တဲ့ ၈ နှစ်အရွယ် ပန်းချီဆရာ
ဗြိတိန်နိုင်ငံမှ အသက် ၈ နှစ်အရွယ် ပန်းချီဆရာလေးဟာ ဒေသတွင်းပန်းချီပြပွဲမှာ ဝင်ရောက်ပြသခွင့်ရခဲ့ပြီး ပန်းချီကားချပ်တွေပါ ရောင်းချနိုင်ခဲ့ပါတယ်။ ကီဗင်ကိုဗက်ဟာ ၅ နှစ်အရွယ်ကစပြီး ခဲပန်းချီ ဆွဲခဲ့တာပါ။ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းက ကမ်းရိုးတန်းမြို့တွေကို မိသားစုနဲ့အတူ အလည်အပတ်သွားတဲ့အခါ တွေ့ရတဲ့ မြင်ကွင်းတွေပါ ပုံကြမ်းရေးဆွဲလေ့ ရှိပါတယ်။ မိဘနှစ်ပါးလုံးက ဓာတ်ပုံပညာရှင်တွေဖြစ်လို့ ကီဗင်ကိုဗက်ဟာ ငယ်ငယ်ကတည်းက ဆန်းသစ်တီထွင်မှုနဲ့ အနုပညာကို အစဉ်အမြဲ ထိတွေ့ခွင့် ရခဲ့တာပါ။…
လီယိုနာဒိုဒါဗင်ချီ ပုံကြမ်းဆွဲခဲ့တယ်ဆိုတဲ့ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းကို မီလန်မြို့ ရဲတိုက်အောက်မှ တွေ့ရှိ
ကမ္ဘာကျော် ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီ ပုံကြမ်းရေးဆွဲခဲ့တယ်ဆိုတဲ့ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းကွန်ရက်ကို အီတလီနိုင်ငံ မီလန်မြို့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မီလန်မြို့ ပိုလီတက္ကနစ်တက္ကသိုလ်မှ သုတေသီတွေက ရေဒါ၊ လေဆာစကန်နာနဲ့ အခြားအဆင့်မြင့် နည်းပညာတွေကို ပေါင်းစပ်အသုံးပြုပြီး စဖော်ဇာရဲတိုက်အောက်ကနေ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းတွေကို ရှာဖွေခဲ့တာပါ။စဖော်ဇာရဲတိုက် တည်ဆောက်ရေးလုပ်ငန်းကို ၁၃၅၈ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ထိခိုက်ပျက်စီးခဲ့လို့ နှစ် ၁၀၀ အကြာမှသာ အပြီးသတ်နိုင်ခဲ့တာပါ။ စဖော်ဇာရဲတိုက်ရဲ့ နံရံတွေမှာ နံရံပန်းချီတွေ…
၅၅ ဧကကျယ်ဝန်းတဲ့ သက်တံရောင်ပန်းခင်းကြီး
ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှ ပန်းခင်းကြီးကတော့ လာရောက်ကြည့်ရှုမယ့်သူတွေကို စတင်ဝင်ခွင့်ပေးလိုက်ပါပြီ။ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ဒီပန်းခင်းကြီးထဲမှာ တူရကီမျိုးစိတ် ranunculus ပန်းတွေ ပွင့်နေတာ နှစ်ပေါင်းရာချီ ကြာမြင့်ခဲ့ပါပြီ။ ၅၅ ဧက ကျယ်ဝန်းတဲ့ ပန်းခင်းကြီးကို သက်တံရောင် ပန်းခင်းကြီးလို အရောင်အသွေးစုံအောင် ဖန်တီးထားတာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း မတ်လရောက်ရင် လာရောက်လည်ပတ်သူတွေအတွက် ပန်းခင်းကို ဖွင့်လှစ်ပေးလေ့ရှိပါတယ်။ နံနက် ၉ နာရီကနေ ညနေ ၆…
Tesla စတော့ ဈေးနှုန်း ကျဆင်းမှုကြောင့် ၂ လအတွင်း ဒေါ်လာ ၁၀၂ ဘီလီယမ် ဆုံးရှုံးသွားတဲ့ Elon Musk
Tesla စတော့ ဈေးနှုန်း ကျဆင်းမှုကြောင့် Elon Musk ဟာ ဒီနှစ်အတွင်း ဒေါ်လာ ၁၀၂ ဘီလီယမ် ဆုံးရှုံးသွားပါတယ်။ ဒါပေမယ့်လည်း သူဟာ ကမ္ဘာ့ အချမ်းသာဆုံး နေရာကို ဆက်လက် ပိုင်ဆိုင်ထားပါတယ်။ Bloomberg ရဲ့ ဘီလီယမ်နာ အညွှန်းကိန်း အရ Musk ရဲ့ ပိုင်ဆိုင်မှုဟာ ၁၀ ပတ်အတွင်း ၂၄ ရာခိုင်နှုန်း ကျဆင်းသွားပြီး…
သမီးဖြစ်သူရဲ့ရုပ်အလောင်းကို ထိန်းသိမ်းဖို့ ၆ နှစ်လုံး လေအေးပေးစက်ပေးထားခဲ့တဲ့ ထိုင်ဝမ်အမျိုးသမီး
ထိုင်ဝမ်နိုင်ငံ၊ နယူးတိုင်ပေမြို့က အသက် ၇၅ နှစ်အရွယ် မိခင်တစ်ဦးဟာ ဘယ်သူမှမသိအောင် သူ့နေအိမ်မှာ သမီးဖြစ်သူရဲ့ရုပ်အလောင်းကို ၂၄ နာရီလုံးလုံး လေအေးပေးစက်ဖွင့်ထားပြီး ထိန်းသိမ်းထားတာ ၆ နှစ်ကြာပါပြီ။ သူ့ရဲ့အသက် ၅၃ နှစ်အရွယ်သမီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒက သူ သေဆုံးပြီးနောက် ၇ နှစ်ကြာမှ သင်္ဂြိုဟ်ပေးဖို့ပါ။ မိခင်ဖြစ်သူက ငွေကြေးအခက်အခဲကြောင့် မီတာဖိုးပေးဆောင်ဖို့ မတတ်နိုင်တော့တာကြောင့်ရယ် သူ့ကျန်းမာရေးအခြေအနေကြောင့်ပါ လူမှုဝန်ထမ်းတစ်ဦးကို အကြောင်းကြားပြီး သူ့သမီးရဲ့ရုပ်အလောင်းကို ထုတ်ပြခဲ့တာပါ။…
ကမ္ဘာကြီးမှာ အောက်ဆီဂျင် ပြတ်တဲ့ နေ့ ရောက်ရှိလာမည်
Toho တက္ကသိုလ်နဲ့ နာဆာ သိပ္ပံပညာရှင်တွေရဲ့ သုတေသန စစ်တမ်းအရ အပူချိန် မြင့်မားလာမှုနဲ့ CO2 Level ကျဆင်းလာမှုကြောင့် နောက်နှစ်ပေါင်း ၁.၀၈ ဘီလီယမ်လောက်မှာ ကမ္ဘာကြီးရဲ့ အောက်ဆီဂျင် Level ဟာ အလွန်အမင်း ကျဆင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။ သစ်ပင်တွေဟာ နှစ်ပေါင်း ၁၀,၀၀၀ အတွင်း ပျောက်ကွယ်သွားမှာ ဖြစ်ပြီး အောက်ဆီဂျင်ကို မှီခိုနေရတဲ့ သက်ရှိတွေဟာ မျိုးတုန်းပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။…
အဆုတ်နှစ်ဖက်လုံးမှာ အဆုတ်ရောင်ရောဂါပိုးရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး
အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ အဆုတ်နှစ်ဖက်စလုံးမှာအဆုတ်ရောင်ရောဂါပိုးရှိနေပါတယ်။ ဖရန်စစ်က ရက်ပေါင်းများစွာ လေပြွန်ရောင်ရောဂါကို ခံစားခဲ့ရပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရောမမြို့ရှိ Gemelli Hospital မှာ တက်ရောက်ခဲ့ရပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ဓာတ်ခွဲခန်းစစ်ဆေးမှုနဲ့ ဆေးစစ်တဲ့ရလဒ်တွေက ရှုပ်ထွေးနေတယ်လို့ the Holy See Press Office က ဆိုထားပါတယ်။ ကော်တီဆုန်းပဋိဇီဝဆေးကုထုံးလိုအပ်တဲ့ Polymicrobial ရောဂါပိုးကူးစက်မှုက ကုသမှုကို စိန်ခေါ်မှုဖြစ်စေတယ်လို့လည်း…
လေဆိပ်ကို ဆင်းသက်ချိန် လေယာဉ်ပက်လက်လန် တိမ်းမှောက်ခဲ့ပေမဲ့ သေဆုံးသူ မရှိ
ကနေဒါနိုင်ငံ တိုရွန်တိုပီယာဆန်လေဆိပ်ကို ဆင်းသက်ချိန်မှာ ဒယ်တာလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ပက်လက်လန် တိမ်းမှောက်ခဲ့ပေမဲ့ လေယာဉ်ပေါ်ပါသူ ၈၀ လုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်က နှင်းမုန်တိုင်း တိုက်ခတ်ပြီးနောက် လေပြင်းထန်စွာ တိုက်ခတ်နေချိန်မှာ ဒယ်တာလေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် CRJ900 လေယာဉ်က လေဆိပ်ကို ဆင်းသက်ချိန်မှာ ပက်လက်လန် တိမ်းမှောက်သွားခဲ့တာပါ။ လေယာဉ်ပေါ် လိုက်ပါလာသူ ၈၀ အနက် ၁၈…
အဘိုးဖြစ်သူ သေစာရင်းအတုလုပ်ပြီး အလုပ်ကနေ ခွင့်ယူခဲ့သူ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄၀၀၀ ချမှတ်ခံရ
အဘိုးဖြစ်သူရဲ့ သေစာရင်း အတုလုပ်ပြီး အလုပ်ကနေ ခွင့်ယူခဲ့တဲ့ စင်ကာပူ အမျိုးသားတစ်ယောက်ဟာ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄၀၀၀ ချမှတ်ခံခဲ့ရပါတယ်။ ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ လုံခြုံရေးကိစ္စရပ်တွေကို စိစစ်လေ့လာသူအဖြစ် ဆောင်ရွက်နေတဲ့ ဘာရက်ဂိုပယ်ဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ သူ့ချစ်သူ ဖောက်ပြန်နေတာကို သိသွားခဲ့ပြီး စိတ်ထိခိုက်သွားလို့ အလုပ်ကို အာရုံမစိုက်နိုင်အောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့ဟာ လစာမဲ့ခွင့် မယူချင်တဲ့အတွက် အိန္ဒိယမှာနေတဲ့…