ဇန်နဝါရီ ၁၆ ရက်နေ့က အိန္ဒိယထိပ်တန်းမင်းသမီးချော ကရီနာကပူးရဲ့ခင်ပွန်းဖြစ်သူ မင်းသား ဆာအစ်ဖ် အလီခန်းဟာသူ့နေအိမ်ကို ဖောက်ထွင်းဖို့ကြိုးစားသူရဲ့ဓားနဲ့ အထိုးခံခဲ့ရပါတယ်။ သူဟာ ဖောက်ထွင်းသူနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဓားနဲ့ ၆ ခါ အထိုးခံခဲ့ပြီး ကျောရိုး၊ လည်ပင်း၊ လက်တွေမှာ ပြတ်ရှဒဏ်ရာတွေရရှိခဲ့ပါတယ်။ ခွဲစိတ်ကုသမှုအကြာကြီးခံယူခဲ့ရပြီး အသက်ဘေးမှလွတ်မြောက်ခဲ့ပါတယ်။ ဆရာဝန်တွေက သူ့ရဲ့ကျောရိုးကနေ ၂.၅ လက်မရှိတဲ့ ဓားအပိုင်းအစကို ဖယ်ထုတ်ခဲ့ရတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ဆာအစ်ဖ်က Lilavati…
Category: News
အိန္ဒိယနိုင်ငံက အာကာသအတွင်း ချိတ်ဆက်ဆိုက်ကပ်မှုလုပ်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာ
အိန္ဒိယနိုင်ငံဟာ အာကာသအတွင်း ချိတ်ဆက်ဆိုက်ကပ်မှု(space docking) လုပ်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ အိန္ဒိယစံတော်ချိန် နံနက် ၉ နာရီအချိန်မှာ အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO) ဟာ အာကာသအတွင်း ချိတ်ဆက်ဆိုက်ကပ်မှု(SpaDeX) လုပ်နိုင်ခဲ့တာလို့ ISRO ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ အခုလို စွမ်းဆောင်နိုင်တာဟာ အမေရိကန်ဒေါ်လာ ၄၀၀ ဘီလျံတန်ကြေးရှိပြီးတဟုန်ထိုး ကြီးထွားလာပြီး အာကာသဈေးကွက်မှာ ဝေစု ပိုရလာဖို့ ရည်မှန်းထားတဲ့…
SpaceX က Starship ဒုံးပျံbooster ကို အောင်မြင်စွာ ဖမ်းပြနိုင်ခဲ့
ကမ္ဘာ့အကြီးဆုံးနဲ့ အားအကောင်းဆုံးလို့ သတ်မှတ်ခံထားရပြီး ပေ ၄၀၀ ရှည်လျားတဲ့ Starship ဒုံးပျံကို SpaceX ကုမ္ပဏီက စမ်းသပ်လွှတ်တင်ခဲ့ပြီး မြေပြင်ပေါ် ပြန်ကျလာတဲ့ ဒုံးပျံ booster ကို အောင်မြင်စွာ ဖမ်းပြနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၀ မိနစ်အချိန်က တက္ကဆက်မြို့ တောင်ပိုင်း ဘိုကာချီကာအရပ်ကနေ ဒုံးပျံလွှတ်တင်ခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအကြာမှာ ဒုံးပျံ…
အူရီဒူးမြန်မာက မြန်မာနိုင်ငံ eSports ကဏ္ဍ၏ မှတ်တိုင်သစ်တစ်ခုဖြစ်သည့် Gameverse Champion League ပြိုင်ပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့
အူရီဒူးမြန်မာသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့နှင့် (၁၂) ရက်နေ့တို့တွင် Times City နှင့် Junction Square Outdoor Area တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည့် Gameverse Champion League ပြိုင်ပွဲကြီး၏ အောင်မြင်မှုကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြေညာလိုက်ပါသည်။ အဆိုပါပြိုင်ပွဲကြီးတွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ် Mobile Legends (MLBB) ပြိုင်ပွဲများနှင့် ပေါ့ပေါ့ပါးပါး…
Crayon Shin-chan ဂျပန်အန်နီးမေးရှင်းထဲက အိမ်ပုံစံအတိုင်း ဆောက်လုပ်ခဲ့တဲ့ အသက် ၂၁ နှစ်ကောင်လေး
တရုတ်နိုင်ငံက အသက် ၂၁ နှစ်အရွယ်ကောင်လေးဟာ anime ပရိသတ်တွေအတွက် အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ကျဲ့ကျန်းပြည်နယ်ဇာတိ ကျီအန်ဆိုတဲ့ အဲ့ဒီကောင်လေးက တက္ကသိုလ်ကနေ ဘွဲ့ရယူပြီးတဲ့နောက် Crayon Shin-chan ဂျပန်အန်နီးမေးရှင်းထဲက အိမ်ပုံစံအတိုင်း ဆောက်လုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ကျီအန်က အဲ့ဒီအန်နီးမေးရှင်းထဲက La Bi Xiao Xin ဇာတ်ကောင်ကို အမြဲသဘောကျခဲ့တာပါ။ အဲ့ဒါကြောင့် အဲ့ဒီဇာတ်ကောင်ရဲ့နေအိမ်ပုံစံတူကို အပြင်တကယ်လက်တွေ့ဘဝမှာ တည်ဆောက်ဖြစ်ခဲ့ပါတယ်။…
စိတ်ကျရောဂါခံစားနေခဲ့ရတယ်ဆိုတဲ့ တရုတ်မင်းသမီးချော ကျောက်လုစီ
ဝှီးချဲနဲ့ ဆေးရုံရဲ့အရေးပေါ်ဌာနကို သွားရောက်ခဲ့တဲ့ တရုတ်မင်းသမီးချော ကျောက်လုစီရဲ့ဓာတ်ပုံတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ လုစီဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး သူ့ရဲ့Weibo အကောင့်မှာ ဇန်နဝါရီ ၁ ရက်နေ့က တုံ့ပြန်ဖြေကြားလာခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် လုစီဟာ သူဟာ ၂၀၁၉ ခုနှစ်ကတည်းက စိတ်ကျရောဂါခံစားနေခဲ့ရပေမဲ့ အဲ့ဒီအတွက် အကူအညီမတောင်းဖြစ်ခဲ့ဘူးဆိုတာကို အခုလိုပြောလာခဲ့ပါတယ်။ “၂၀၁၉ ခုနှစ်မှာ ကျွန်မ စိတ်ဓာတ်ကျလာခဲ့ပြီး “အမူပိုလွန်းမနေနဲ့’၊ ‘ပိုပြီးပွင့်လင်းရုံပဲပွင့်လင်းပါ’လိုမျိုး…
စမ်းသပ်မောင်းနှင်မှုမှာ ကမ္ဘာ့အမြန်ဆုံး စံချိန်တင်နိုင်ခဲ့တဲ့ တရုတ်ကျည်ဆန်ရထား
ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာတော့ တရုတ်နိုင်ငံက တစ်နာရီ ၂၈၁ မိုင်နှုန်းအထိ မောင်းနှင်နိုင်စွမ်းရှိပြီး ကမ္ဘာ့အမြန်ဆုံးစံချိန် တင်နိုင်မယ်ဆိုတဲ့ CR450 ကျည်ဆန်ရထားကို ထုတ်ဖော်ပြသခဲ့ပါတယ်။ CR450 ကျည်ဆန်ရထားဟာ တရုတ်နိုင်ငံမှာ လက်ရှိပြေးဆွဲနေတဲ့ CR400Fuxing မော်ဒယ်ထက် တစ်နာရီကို ၆၄ မိုင်နှုန်း ပိုမိုမြန်ဆန်ပြီး ခရီးသွားလာမှုနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် ပိုမိုတိုးတက်ကောင်းမွန်စေလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ CR450 ကျည်ဆန်ရထားပုံစံငယ်ကို စမ်းသပ်မောင်းနှင်မှုအရ ခုတ်မောင်းမှုအရှိန်၊ စွမ်းအင်သုံးစွဲမှု၊ ဆူညံသံနဲ့ ရပ်တန့်နိုင်မယ့်အကွာအဝေး…
မူးယစ်ဆေးစွဲတဲ့ မိဘနှစ်ပါးမှ မွေးဖွားလာပြီး အိမ်ရာမဲ့ဘဝမှသည် ဟားဗတ်တက္ကသိုလ်ဆီသို့
မူးယစ်ဆေးစွဲနေတဲ့ မိဘနှစ်ပါးကနေ မွေးဖွားလာခဲ့ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရပေမဲ့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ဆုရရှိခဲ့တဲ့ လစ်ဇ်မာရေးရဲ့ ဘဝဇာတ်ကြောင်းကတော့ အားကျအတုယူစရာပါပဲ။ ၁၉၈၀ ပြည့်နှစ်က အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ လစ်ဇ်မာရေးကို မွေးဖွားခဲ့တာပါ။ မိဘနှစ်ပါးလုံးက ဆေးစွဲနေပြီး ရှာသမျှ ပိုက်ဆံအားလုံးနီးပါးကိုလည်း မူးယစ်ဆေးဝယ်ဖို့ပဲ သုံးနေတာကြောင့် လစ်ဇ်မာရေးတို့ ညီအစ်မနှစ်ယောက်ဟာ အစားအသောက် အနေအထိုင် ချို့ငဲ့ခဲ့ပါတယ်။ လစ်ဇ်မာရေး ၁၅ နှစ်သမီးအရွယ်မှာ သူ့အမေက AIDS…
အမြီးပိုင်းမှ လူနှစ်ဦးပဲ အသက်ရှင်လွတ်မြောက်ခဲ့ပြီး လူ ၁၇၉ ဦး သေဆုံးခဲ့တဲ့ တောင်ကိုရီးယားလေယာဉ်ပျက်ကျမှု
လူ ၁၇၉ ဦး သေဆုံးခဲ့တဲ့ တောင်ကိုရီးယား ခရီးသည်တင် လေယာဉ်ပျက်ကျမှုမှာ လေယာဉ်အမြီးပိုင်းမှာ ရှိနေတဲ့ အမှုထမ်းနှစ်ဦးပဲ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ ခရီးသည် ၁၇၅ ဦး၊ အမှုထမ်း ၆ ဦး လိုက်ပါလာတဲ့ Jeju လေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် 2216 ဘိုးရင်း 737-800 လေယာဉ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ နံနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း မူအမ်နိုင်ငံတကာလေဆိပ်ကို ဆင်းသက်ချိန်မှာ ပြေးလမ်းချော်ကာ…
ငွေသားအပ်ငွေအဖြစ် ပြန်လည်အသုံးပြုလို့ရတဲ့အမှိုက်တွေကို လက်ခံတဲ့ ဘဏ်ကို တည်ထောင်ထားတဲ့ အသက်အငယ်ဆုံးတည်ထောင်သူ
ဟိုဆေး အက်ဒိုလ်ဖိုဟာ ‘Eco Banco del Estudiante’ အမည်ရတဲ့ Eco Bank ကို တည်ထောင်ထားပါတယ်။ သူက အဲ့ဒီဘဏ်ကို ကလေးသူငယ်တွေအတွက် အသက် ၇ နှစ်မှာ စပြီးတည်ထောင်ခဲ့တာပါ။ အသက် ၁၇ နှစ်ရှိပြီးဖြစ်တဲ့ ဟိုဆေးဟာ ပြဿနာတစ်ခုကိုမြင်ပြီး ဘဝပေါင်းများစွာကို ပြောင်းလဲစေမယ့်ဖြေရှင်းနည်းတစ်ခုကို ဖန်တီးခဲ့တဲ့ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဘဏ်တည်ထောင်သူလည်းဖြစ်ပါတယ်။ အဲ့ဒါကတော့ ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေကိုသူ့လိုဆယ်ကျော်သက်တွေ၊ ကလေးတွေ အပ်နှံလို့ရပြီး…