အသက်အရွယ်ဆိုတာက ကော်လာဂျင် ထုတ်လုပ်နိုင်စွမ်းနဲ့ ကော်လာဂျင်ဆုံးရှုံးမှုအပေါ် သက်ရောက်နေတဲ့ တစ်ခုတည်းသော အချက် မဟုတ်ပါဘူး။ အချို့သော အလေ့အကျင့်တွေကလည်း ကော်လာဂျင် ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။
ဒီတော့ Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ က ဘာတွေများ ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။
နေလောင်ကာခရင်မ် လိမ်းပေးပါ
ခရမ်းလွန်ရောင်ခြည်က အသားအရေရဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး ကော်လာဂျင် ပျက်စီးမှုကို မြန်စေသလို ကော်လာဂျင် ထွက်ရှိမှုကို နှေးစေပါတယ်။ ဒါကြောင့် ကော်လာဂျင် ဆုံးရှုံးမှုကို ကာကွယ်ဖို့ဆိုရင် နေ့စဉ်တိုင်းမှာ အသားအရေကို နေလောင်ကာခရင်မ် လိမ်းဖို့ မမေ့ပါနဲ့။

ချင်း (ဂျင်း) လက်ဖက်စိမ်း ရေနွေးကြမ်း သောက်ပေးပါ
ချင်း (ဂျင်း) လက်ဖက်စိမ်း ရေနွေးကြမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာက အရောင်ကျစေနိုင်သလို ဒီသောက်စရာမှာပါတဲ့ အပင်ဒြပ်ပေါင်းတွေက ဓာတ်တိုးမှုကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်သလို ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ချင်း (ဂျင်း) လက်ဖက်စိမ်း ရေနွေးကြမ်း တစ်ခွက် ပုံမှန်လေး သောက်ပေးပါ။
ကော်လာဂျင် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ
နေ့စဉ် စားသုံးမှုမှာ ကော်လာဂျင် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ –
အရိုး စွပ်ပြုတ်
ငါး ( တူနာငါး၊ ဆယ်လ်မွန်ငါး နဲ့ အခြားသော အဆီကြွယ်ဝတဲ့ ပင်လယ်ငါးတွေ)
နို့နဲ့ နို့ထွက်ပစ္စည်းတွေ
အခွံမာသီးတွေ ပါဝင်အောင် စားသုံးပေးပါ။


ဒါတွေအပြင် ဗီတာမင် C ကြွယ်ဝတဲ့ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ငရုတ်ပွ စတာတွေကို စားပေးတာက ကော်လာဂျင် ထွက်ရှိမှုကို ထောက်ကူပေးနိုင်ပါတယ်။

