Dateသွားတော့မယ်ဆိုရင် ဘယ်လိုပြင်ဆင်ဝတ်စားသွားရမလဲ

0
47

 ကောင်မလေးတို့ ..Datingလုပ်တော့မှာလား..ဒါကိုမဖြစ်မနေဖတ်သွားလိုက်ပါဦး။

လူတစ်ယောက်အတွက် First Impressionက တကယ်ကို အရေးကြီးပါတယ်။

ပထမဦးဆုံး ကိုယ့်ကို အကဲဖြတ်မှာက ကိုယ့်ရဲ့ဝတ်ပုံစားပုံနဲ့ အပြင်ပန်းသွင်ပြင်တွေကိုပါ။

ပထမဆုံး ဒိတ်သွားတော့မယ်ဆိုရင် ကိုယ့်ရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ဝတ်ပုံစားပုံကို သေချာဂရုစိုက်ရမှာပါ။

တစ်ကိုယ်ရေ သန့်ရှင်းမှုအနေနဲ့က ဒိတ်လုပ်တော့မယ်ဆိုရင် တော်တော်များများက ခေါင်းလျှော်တာ၊ခြေသည်းလက်သည်း အလှသွားပြင်တာတွေ လုပ်ကြပါတယ်။

ဒါပေမယ့် တစ်ခါတလေမှာ ဝတ်ပုံစားပုံအဆင်မပြေတာကြောင့် ကိုယ်ရဲ့ Image ကကျသွားတတ်ပါတယ်။အောက်မှာပြောပြပေးထားတဲ့အချက်လေးတွေက Date မှမဟုတ်ပါဘူး။

ကျန်တဲ့အရေးကြီး တွေ့ဆုံစရာတွေ၊Meeting တွေမှာပါ ပြန်အသုံးချနိုင်ဖို့နဲ့ မလိုအပ်တဲ့ Don’t Tips လေးတွေကို သတိထားမိဖို့ဖြစ်ပါတယ်။

 ၁-ပထမဆုံး အဝတ်အစားရွေးတဲ့အခါ သက်တောင့်သက်သာရှိဖို့ကို ဦးစားပေးပါ။
သက်တောင့်သက်သာဆိုတာ ဖြစ်ကတတ်ဆန်းပေါ့ပေါ့ပါးပါး အဝတ်တွေကို ဝတ်သွားတာမျိုးမဟုတ်ဘဲ ကိုယ့်ခန္ဓာကိုယ်မှာ တစ်သားတည်းဖြစ်နေဖို့ ၊နေရထိုင်ရ သက်သာစေဖို့ကို ဆိုလိုတာပါ။

ကိုယ့်ခန္ဓာကိုယ် အချိုးအစားကို အပိုအလိုမရှိ အရှိအတိုင်း ဖြစ်နေစေမယ့် ဝတ်စုံမျိုးလေးတွေကိုရွေးပါ။သပ်ရပ်မှုကို ဦးစားပေးဖို့လည်း မမေ့ပါနဲ့။

၂-တစ်ဖက်လူရဲ့ Typeကို သိပါ။ကိုယ့်ရဲ့ပုံစံကိုလည်း ထုတ်ပြပါ။
ကိုယ်နဲ့ဒိတ်မယ့်သူက ဘယ်လိုလူမျိုးလဲဆိုတာ အကဲခတ်ပါ။

သူရဲ့ဝတ်ပုံစားပုံကို လေ့လာပြီး သူနဲ့ အနီးစပ်ဆုံးလိုက်ဖက်ညီတတ်ဖို့ လေ့လာပါ။

တစ်ဖက်လူရဲ့Typeကို မူတည်ပြီး သူ့စိတ်ထဲမှာအမှတ်ပေးချင်လာအောင် ဝတ်ပါ။

ကိုယ်က အဲဒီလိုတွေ သူနဲ့ မတူညီဘဲ ကိုယ့်ရဲ့Typeကသပ်သပ်ကြီးဖြစ်နေလည်း သူ့အကြိုက်ကို လိုက်ဝတ်နေစရာမလိုဘဲ ကိုယ့်ပုံစံက ဘယ်လိုလဲဆိုတာ သူသိပါစေ။

သူ့ပုံစံအတိုင်း အတင်းလိုက်လုပ်နေစရာမလိုပါဘူး။

၃-အိုဗာတင်းဖြစ်မှာတွေရှောင်ပါ။
အဝတ်အစားကို အရမ်းအထပ်ထပ်တွေ၊ရှုပ်ယှက်ခတ်နေတာမျိုးတွေရှောင်ပါ။

ဘယ်စတိုင်လ်မျိုးကိုပဲ ဝတ်ဝတ် ရှင်းပြီး ကိုယ်ဝတ်မယ့်Themeကို ပေါ်လွင်ပါစေ။ခေတ်စားနေသမျှလိုက်ဝတ်ဖို့လည်းမလိုပါဘူး။

ကိုယ့်ရဲ့ပင်ကိုစတိုင်လ်ကို ပေါ်လွင်အောင်နေပါ။

Trendy ဖြစ်သမျှ ရှုပ်ရှုပ်ယှက်ယှက်တွေ ဝတ်မယ့်အစား ရိုးရှင်းပြီး classic ဖြစ်တဲ့ပုံစံမျိုးလေးတွေ၊ချစ်စရာကောင်းမယ့်ပုံစံလေးတွေကိုပဲ ရွေးပါ။

၄-နေရာနဲ့ အဝတ်အစားလိုက်ဖက်မှု ရှိပါစေ။ရာသီဥတုနဲ့လိုက်ဖက်အောင်ဝတ်ပါ။

ကိုယ်ဒိတ်မယ့်နေရာနဲ့ ဝတ်သွားမယ့် အဝတ်အစားလိုက်ဖက်ညီဖို့ သတိထားပါ။

ကိုယ်က အတိုအပါးလေးတွေဝတ်လာပြီး ရုပ်ရှင်သွားကြည့်၊ရုံထဲမှာ အေးပြီးချမ်းနေရင် ဘယ်လိုမှ ရုပ်ရှင်ထဲစိတ်ရောက်မှာမဟုတ်တော့ပါဘူး။

စားသောက်ဆိုင်ကောင်းကောင်းမှာ ချိန်းထားတယ်ဆိုရင်လည်းဆိုင်ရဲ့အဆင့်အတန်း အသွင်အပြင်နဲ့လိုက်ဖက်ညီတာမျိုးကို ရွေးဝတ်ပါ။

ဒါ့အပြင်ရာသီဥတုနဲ့လိုက်ဖက်အောင်လည်းဝတ်ပါ။

နွေရာသီမှာကုတ်အထူကြီးဝတ်ရင်အဆင်မပြေသလိုပေါ့။

၅-ကြိုတင်ဝတ်ကြည့်ပါ။
ကိုယ်ဝတ်မယ့်အဝတ်အစားတွေကို တစ်ရက်လောက်အလိုတည်းက ကြိုဝတ်ကြည့်ပါ။

ဒါမှ ကိုယ်နဲ့ပွနေလား၊ချောင်နေလားသိနိုင်မယ့်အပြင်

ကိုယ့်စိတ်တိုင်းကျနောက်ထပ်ဝတ်စုံကို ထပ်ပြီးရွေးဖို့လည်း အချိန်ရနိုင်ပါတယ်။
၆-Accessory တွေ over ဖြစ်အောင်မဝတ်ပါနဲ့။
နောက်ထပ်သတိထားရမှာက Accessory တွေကို လိုတာထက်ပိုမဝတ်ဖို့ပါ။

နားကွင်းကလည်းအကြီးကြီးဝတ်ထားသေး၊လက်တွေမှာလည်း အလွတ်မပေးဘူး Accessory ပေါင်းစုံနဲ့ဆိုရင် ကြည့်ရတာ blocked ဖြစ်သွားတတ်ပါတယ်။

ကိုယ်က Accessory သို့မဟုတ် Jewelry ဝတ်မယ်ဆိုရင် အဝတ်အစားနဲ့ လိုက်ပြီး ကိုယ်ရဲ့ Accesory ကို ထင်းရင်းစေအောင် ဝတ်ပါ။

တစ်မျိုးတည်း highlight ဖြစ်ချင်တယ်ဆို ကိုယ်ပြချင်တဲ့ accessory ကိုပဲ ပြပါ။

ကျန်တာတွေအများကြီးထည့်ဖို့ မလိုပါဘူး။
၇-မြင့်လွန်းတဲ့ ဒေါက်တွေကိုရှောင်ပါ။
မြင့်လွန်းတဲ့ ဒေါက်တွေက အချိန်ကြာလာတဲ့အခါ သင့်ခြေထောက်တွေကို နာကျင်စေပါတယ်။

အတူတူ အေးအေးဆေးဆေးစကားပြောရင်း လမ်းလျှောက်တဲ့အခါ ကိုယ်က သက်တောင့်သက်သာမဖြစ်တဲ့ဟန်နဲ့ လမ်းလျှောက်ရင် ပိုပြီးကြည့်ရဆိုးပါတယ်။

ကိုယ်လည်း နေရကြပ်ပြီး ကိုယ်ကိုယ့်ကိုယုံကြည်မှုမရှိသလို နောက်တစ်ခုက ကိုယ်ဒေါက်စီးလိုက်လို့ ဘေးလူထက်အရပ်မြင့်နေတဲ့အခါကျ တစ်ဖက်သားစိတ်အနှောင့်အယှက်လည်း ဖြစ်ရသလို ကိုယ်လည်းကလန်ကလားကြီး ဖြစ်နေတယ်ဆိုတဲ့ စိတ်မျိုး ဝင်တတ်ပါတယ်။

အဲဒါကြောင့်အကောင်းဆုံးက မြင့်လွန်းတဲ့ Heel တွေအစား block heel လေးတွေ၊တပြေးတည်းအမြင့်လေးတွေ စီးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here