Google က I/O 2025 Developer Conference မှာ AI Video Tool အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Flow လို့ နာမည်ပေးထားပြီး Creator နဲ့ ရုပ်ရှင်ရိုက်ကူးသူတွေအတွက် ရည်ရွယ်ထားပါတယ်။
Flow မှာ Google ရဲ့ စွမ်းရည်အမြင့်ဆုံး AI Model ၃ ခုကို သုံးထားပါတယ်။ အဲဒါတွေက Video အတွက် Veo ၊ ဓါတ်ပုံအတွက် Imagen နဲ့ စာသားနဲ့ Prompt အတွက် Gemini တို့ ဖြစ်ပါတယ်။ User တွေဟာ Flow နဲ့ Scenes , Characters နဲ့ Stories တွေကို လွယ်ကူစွာ ဖန်တီးနိုင်ပါတယ်။
User တွေက Background နဲ့ Characters တွေကို ထည့်သွင်းနိုင်ပါတယ်။ Flow မှာ အသုံးဝင်တဲ့ Feature တွေ ပါလာပါတယ်။ အဲဒီအထဲမှာ ကင်မရာ Angle ကို ချိန်နိုင်တာလည်း ပါဝင်ပါတယ်။ Flow မှာ Scene Editor ထည့်သွင်းထားပြီး Video တွေ ထည့်တာ၊ တည်းဖြတ်တာတွေ ပြုလုပ်နိုင်ပါတယ်။
Google က Flow TV ကိုလည်း ကြေညာလိုက်ပြီး User တွေ AI နဲ့ ဖန်တီးထားတဲ့ Video တွေကို ပြသထားပါတယ်။ Video တိုင်းမှာ သုံးထားတဲ့ Prompt တွေကို ပြသပေးတဲ့အတွက် User တွေ လေ့လာသင်ကြားနိုင်ပါတယ်။
Flow ကို အစောပိုင်းမှာ အမေရိကန်မှ Google AI Pro နဲ့ AI Ultra Plan ဝယ်ထားသူတွေ အသုံးပြုနိုင်မှာပါ။ Pro Plan မှာ တစ်လကို Video ၁၀၀ ဖန်တီးနိုင်ပြီး Ultra မှာ ဒီထက်ပိုများများ ဖန်တီးနိုင်မှာ ဖြစ်ပေမယ့် အတိအကျ မသိရသေးပါဘူး။