Mercedes-Benz က ကားထုတ်လုပ်မှု မြန်ဆန်စေဖို့နဲ့ အလုပ်သမား ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ လူတူစက်ရုပ်တွေကို ကားထုတ်လုပ်တဲ့ စက်ရုံတွေမှာ အသုံးပြုနေပါတယ်။ ကုမ္ပဏီက တက္ကဆပ် အခြေစိုက် စက်ရုပ် ကုမ္ပဏီ Apptronik မှာ ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှပ်နှံထားပါတယ်။
Mercedes Hires Humanoid Robots to Work at Its Factories | PCMagApptronik ရဲ့ Apollo စက်ရုပ်တွေကို ကား အစိတ်အပိုင်းတွေ သယ်ဆောင်တာနဲ့ အရည်အသွေး စစ်ဆေးတာလို အလုပ်တွေကို စမ်းသပ်ပြုလုပ်ခိုင်းနေပါတယ်။

လူသားတွေက စက်ရုပ်တွေကို လေ့ကျင့်သင်ကြားပေးထားတာ ဖြစ်ပြီး အခုဆိုရင် စက်ရုပ်တွေဟာ ကိုယ်တိုင် အလုပ်လုပ်နိုင်ကြပါတယ်။Mercedes-Benz ဟာ ဘာလင်မှ Digital Factory Campus နဲ့ ဟန်ဂေရီမှ Kecskemet မှာ အဲဒီ စက်ရုပ်တွေကို စမ်းသပ်နေပြီး နောက်ပိုင်းမှာ တိုးချဲ့သွားမယ့် အစီအစဉ်ရှိပါတယ်။လူသားတွေအတွက် အန္တရာယ်ရှိပြီး ငြီးငွေ့စရာ ကောင်းတဲ့ ထပ်ခါတလဲလဲ လုပ်ရတဲ့ အလုပ်တွေကို စက်ရုပ်တွေကို လုပ်ခိုင်းဖို့ ရည်ရွယ်ထားပါတယ်။

စက်ရုပ်တွေက အလုပ်သမား ရှားပါးတဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။လူတူစက်ရုပ်တွေဟာ လူသားတွေကို နယ်ပယ်မျိုးစုံမှာ အကျိုးပြုလာကြပါတယ်။ Mercedes ကလည်း ကားထုတ်လုပ်တဲ့ အခါမှာ ပိုမိုမြန်ဆန်အောင် လူတူစက်ရုပ်တွေကို အသုံးပြုလာပါတယ်။